ပြီးခဲ့တဲ့ အောက်တိုဘာလအတွင်း တအာင်းတပ်မတော် TNLA ထိန်းချုပ်နယ်မြေတွေမှာ အကြမ်းဖက်စစ်တပ်ရဲ့ လေကြောင်းနဲ့ ဒရုန်း ဗုံးကြဲတိုက်ခိုက်မှုတွေကြောင့် သံဃာတော်တွေအပါအဝင် ပြည်သူ ၄၉ ယောက် သေဆုံးခဲ့ပြီး ၇၁ ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ TNLA က မနေ့က နိုဝင်ဘာ ၁ ရက်မှာ ထုတ်ပြန်ပါတယ်။

သေဆုံးခဲ့တဲ့ ပြည်သူ ၄၉ ယောက်ထဲမှာ သံဃာတော် ၂ ပါးနဲ့ ကလေး ၁၀ ယောက် ပါဝင်ပြီး ဒဏ်ရာရသူ ၇၁ ယောက်ထဲမှာ သံဃာတော် ၆ ပါးနဲ့ ကလေး ၂၆ ယောက် ပါဝင်ခဲ့ပါတယ်။ ဒါ့အပြင် နေအိမ် ၁၇၅ လုံး၊ စာသင်ကျောင်း ၅ ကျောင်း၊ ဘုန်းကြီးကျောင်း ၇ ကျောင်း၊ ကျောင်းဆောင် ၉ ဆောင်၊ အဆောက်အဦး ၆ ခု၊ မွေးမြူရေးခြံ ၂ ခြံ၊ ဆိုင်ခန်း ၅ ခန်း၊ လက်ဖက်စက်ရုံ ၁ ရုံ၊ ဆိုင်ကယ် ၄ စီးနဲ့ ကား ၁၀ စီး ဗုံးထိမှန်ပျက်စီးခဲ့ပါတယ်။

စစ်ကော်မရှင်တပ်က ကျောက်မဲမြို့နယ်ကို ဂျက်ဖိုက်တာနဲ့ ၃ ကြိမ် လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် သံဃာ ၂ ပါး ဒဏ်ရာရကာ ဘုန်းကြီးကျောင်း ၁ ကျောင်း၊ ဆွမ်းစားဆောင် ၁ ဆောင်နဲ့ အဆောက်အဦး ၃ ခု ထိမှန်ပျက်စီးခဲ့ပါတယ်။

နမ္မတူမြို့နယ်ကိုလည်း ဒရုန်းက ၇ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့မှုကြောင့် ပြည်သူ ၄ယောက် သေဆုံးပြီး ကလေး ၂ ယောက်အပါ ၁၂ ယောက် ဒဏ်ရာရခဲ့သလို နေအိမ် ၂၁ လုံး၊ စာသင်ကျောင်း ၁ ကျောင်း၊ ဘုန်းကြီးကျောင်း ၁ကျောင်းနဲ့ ကျောင်းဆောင် ၆ ဆောင် ပျက်စီးခဲ့ရပါတယ်။

ဒါ့အပြင် မန်တုံမှာ ၂ ကြိမ် လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် အိမ် ၆ လုံး ပျက်စီးခဲ့သလို သီပေါမြို့မှာလည်း ဗုံးကြဲတိုက်ခိုက်မှုတွေကြောင့် အမျိုးသား ၂ ယောက် သေဆုံးကာ နေအိမ် ၂၄ လုံး၊ စာသင်ကျောင်း ၂ကျောင်း၊ ဘုန်းကြီးကျောင်း ၂ ကျောင်းနဲ့ အဆောက်အဦး ၁ ခု ထိမှန်ပျက်စီးသွားခဲ့တယ်လို့ သိရပါတယ်။

မိုင်းလုံမြို့နယ်မှာလည်း စစ်တပ် ဂျက်ဖိုက်တာနဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် သံဃာ ၂ ပါးနဲ့ ကလေး ၃ယောက် အပါအဝင် ပြည်သူ ၁၅ ယောက် သေဆုံးခဲ့ပြီး နေအိမ် ၁၈ လုံး၊ ဘုန်းကြီးကျောင်း ၂ ကျောင်းနဲ့ ကျောင်းဆောင် ၁ ဆောင် ထိမှန်ပျက်စီးခဲ့ပါတယ်။

အလားတူ မိုင်းငေါ့မြို့နယ်မှာလည်း ဂျက်ဖိုက်တာနဲ့ ၃ ကြိမ် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပြည်သူ ၄ ယောက် သေဆုံးခဲ့ပြီး နေအိမ် ၁၈ လုံး၊ ဘုန်းကြီးကျောင်း ၁ ကျောင်း၊ ကျောင်းဆောင် ၁ ဆောင်နဲ့ ဆိုင်ခန်း ၅ ခန်း ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။

နမ့်ဆန်မြို့နယ်မှာ အကြမ်းဖက်စစ်တပ်က ၆ ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ကလေး ၂ ယောက် အပါအဝင် ပြည်သူ ၁၃ ယောက် သေဆုံးခဲ့ကာ နေအိမ် ၆၂ လုံး၊ အဆောက်အဦး ၂ ခု၊ စာသင်ကျောင်း ၂ ကျောင်း၊ လက်ဖက်စက်ရုံ ၁ ရုံ၊ ဆိုင်ကယ် ၄ စီးနဲ့ ကား ၉ စီး ထိမှန်ပျက်စီးသွားခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် စစ်ကော်မရှင်ရဲ့ ဗုံးကြဲတိုက်ခိုက်မှုတွေကြောင့် မိုးကုတ်မြို့နယ်မှာ ကလေး ၃ ယောက်နဲ့ အမျိုးသား ၁ယောက် သေဆုံးခဲ့ပြီး မိုးမိတ်မြို့နယ်မှာလည်း ကလေး ၂ ယောက် အပါအဝင် ၇ ယောက် သေဆုံးခဲ့တယ်လို့ ဆိုထားပါတယ်။

အထက်ဖော်ပြပါ စာရင်းတွေဟာ တအာင်းတပ်မတော် TNLA နဲ့ အကြမ်းဖက်စစ်တပ်တို့ အပစ်အခတ်ရပ်စဲခြင်း မပြုလုပ်ခင် နောက်ဆုံး အောက်တိုဘာလအတွင်း အရပ်သားပစ်မှတ်ထားတဲ့ စစ်တပ်ရဲ့ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုတွေ ဖြစ်ပါတယ်။

TNLA နဲ့ စစ်ကော်မရှင်ဟာ တရုတ်နိုင်ငံရဲ့ ကြားဝင်မှုနဲ့အတူ ၉ကြိမ်မြောက် တွေ့ဆုံဆွေးနွေးမှုကို တရုတ်နိုင်ငံ၊ ကူမင်းမြို့မှာ အောက်တိုဘာ ၂၇ ရက်နဲ့ ၂၈ ရက်မှာ ပြုလုပ်ပြီးတဲ့နောက် မိုးကုတ်မြို့နဲ့ မိုးမိတ်မြို့က TNLA တပ်တွေ ပြန်လည်ဆုတ်ခွာရမှာဖြစ်သလို စစ်တပ်ကလည်း TNLA ထိန်းချုပ်နယ်မြေတွေကို လေကြောင်းဗုံးကြဲခြင်း၊ ထိုးစစ်ဆင်ခြင်း အပါအဝင် အပစ်အခတ်ရပ်စဲဖို့ သဘောတူညီခဲ့တာ ဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

စစ်ကိုင်းမှာ ပျူစောထီးအဖွဲ့ဝင်တစ်ယောက်ရှင်းလင်းခံရပြီးနောက် စစ်တပ်က လူငယ် ၄ ယောက်ကို ပေါ်တာဆွဲ ဖမ်းဆီးသွား

စစ်ကိုင်းနဲ့ မန္တလေးက ဓားပြမှုတွေမှာ ပါဝင်ခဲ့တဲ့ ပျူစောထီးအဖွဲ့ဝင် မင်းသူ စားသောက်ဆိုင်အတွင်းပစ်ခတ်ရှင်းလင်းခံရပြီးတဲ့နောက် အရပ်သားလူငယ် ၄ ယောက်ကို စစ်ကောင်စီ ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ရတနာပုံတပ်ဦးအဖွဲ့ တာဝန်ရှိသူ ၁ ယောက်က မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

ဆေးဝါးပစ္စည်းဝယ်ယူရန် အခက်အခဲရှိသည့် ထိန်းချုပ်နယ်မြေရှိ ပြည်သူလူထုဆီ ဓနုဆေးတပ်ဖွဲ့ ကွင်းဆင်း ဆေးကုသပေး

ဓနုပြည်သူ့လွတ်မြောက်ရေးတပ်ဦး(DPLF/DPLA) ထိန်းချုပ်နယ်မြေရှိ ဆေးဝါးပစ္စည်းဝယ်ယူဖို့ အခက်အခဲရှိတဲ့ ပြည်သူလူထုဆီ ဓနုဆေးတပ်ဖွဲ့က တိုက်ရိုက်ကွင်းဆင်းပြီး လိုအပ်တဲ့ ဆေးဝါးကုသမှုတွေ ဆောင်ရွက်‌ပေးခဲ့တယ်လို့ DPLF က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

မြင်းခြံမှာ စစ်ကောင်စီက အရပ်သား ၃ယောက်ကို ဖမ်းဆီးသတ်ဖြတ် အမှုဆင်ကာ နေအိမ်တွေပါမီးရှို့ခဲ့

"မနေ့က မနက်၇နာရီလောက်မှာ မြင်းခြံနယ်၊ ဖုံရွာကိုဝင်ပြီး ဒေသခံပြည်သူတွေကိုဖမ်းပြီး ပစ်သတ်သွားပါတယ်။ သေတဲ့သူတွေထဲ ၂ယောက်က ညီအစ်ကိုအရင်းပါ။ ရွာထဲ PDF ရှိတယ်ဆိုပြီး ဒလန်သတင်းပေးတော့ ဝင်ရှာတာမတွေ့တာနဲ့ ရှိတဲ့သူကို ဖမ်းပြီး လုပ်သွားတာပဲ။ အိမ်တွေလည်းမီးရှို့ခံလိုက်ရတယ်" လို့ ဒေသခံ ၁ယောက်က မောင်းကိုပြောပါတယ်။
Read More

ဇီးကုန်းတွင် တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီဘက်မှ ၇ ဦး သေဆုံး

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ ဇီးကုန်းမြို့နယ်ရဲ့ အရှေ့ဘက် တမံကြီးရွာ၊ ဒေါကျော်ရွာနဲ့ ရေတာရှည်ရွာတို့ကို စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက် စစ်ကောင်စီတပ်ကို တိုက်ခိုက်ခဲ့ရာမှာ စစ်ကောင်စီဘက်က ၇ ယောက် သေဆုံးခဲ့တယ်လို့ ပဲခူးရိုးမအခြေပြု တပ်ဖွဲ့ဖြစ်တဲ့ BTZM GBK PDF က ထုတ်ပြန်ပါတယ်။
Read More

နယ်မြေများ လက်လွှတ်ခဲ့ရသည့်အပေါ် MDY-PDF တောင်းပန်၊ ဆုံးရှုံးနယ်မြေများအား ပြန်လည်သိမ်းပိုက်မည်ဟု ကတိပြု၊

၁၀၂၇ စစ်ဆင်ရေးနဲ့အတူ ဟန်ချက်ညီညီ ဆင်နွှဲခဲ့တဲ့ ရှမ်း-မန်း စစ်ဆင်ရေးအတွင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) ဦးဆောင်တဲ့ တော်လှန်ရေးတပ်များ သိမ်းပိုက်စိုးမိုးထားနိုင်ခဲ့တဲ့ နယ်မြေတွေကနေ ဆုတ်ခွာပေးခဲ့ရတဲ့အပေါ် တောင်းပန်ကြောင်းနဲ့ အဆိုပါဆုံးရှုံးနယ်မြေများကို ပြန်လည်သိမ်းပိုက်သွားမှာဖြစ်ကြောင်း MDY-PDF က ဒီကနေ့ အသိပေးထုတ်ပြန်လာပါတယ်။
Read More

ဗန်းမော်မြို့သိမ်းတိုက်ပွဲ ဆင်နွှဲနေချိန် KIA ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လ ကို တရုတ်က ခေါ်ယူတွေ့ဆုံ

တရုတ်ဗဟိုအစိုးရက  ကချင်လွတ်လပ်ရေးအဖွဲ့(KIO/KIA) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လကို တရုတ်နိုင်ငံကခေါ်ယူလို့ ထွက်ခွာသွားတယ်လို့ သိရပါတယ်။