အာဏာသိမ်းစစ်တပ်က ကျင်းပဖို့ စီစဥ်နေတဲ့ အတုအယောင် ရွေးကောက်ပွဲအပေါ် ဆန့်ကျင်သူ ဝေဖန်မိသူတွေကို ထိထိရောက်ရောက် အရေးယူသွားမယ့်အကြောင်းနဲ့ လက်ရှိမှာ စစ်တပ်ရဲ့ “ရွေးကောက်ပွဲ ကာကွယ်ရေးဥပဒေ” ကို အသုံးချပြီး ဖမ်းဆီးထားသူ ၈၈ ယောက် ရှိကြောင်း စစ်ကော်မရှင်က ထုတ်ပြောပါတယ်။

အောက်တိုဘာ ၃၁ ရက်က ပြုလုပ်တဲ့ ရွေးကောက်ပွဲကာလ လုံခြုံရေးဆိုင်ရာ ကြီးကြပ်မှု ဗဟိုကော်မတီအစည်းအဝေးမှာ စစ်ကော်မရှင် ပြည်ထဲရေးဝန်ကြီး ဒုဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်က အခုလို ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

“ရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေ” ဖြင့် အောက်တိုဘာလ ၂၉ ရက်နေ့အထိ အရေးယူဆောင်ရွက်မှု ၄၀ ရှိခဲ့ပြီး အမျိုးသား ၈၃ ဦး၊ အမျိုးသမီး ၅ ဦး၊ စုစုပေါင်း ၈၈ ဦးအထိ အရေးယူထားပြီး ဖြစ်ကြောင်း ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်က ဆိုပါတယ်။

စစ်ကော်မရှင် ပြဋ္ဌာန်းထားတဲ့ “ရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေ” ဟာ သူတို့ရဲ့ အတုအယောင် ရွေးကောက်ပွဲကို ဟန့်တားနှောင့်ယှက်ဖျက်ဆီးရင် အနည်းဆုံး ထောင်ဒဏ် သုံးနှစ်ကနေ အများဆုံး ထောင်ဒဏ်တစ်သက်တစ်ကျွန်းနဲ့ သေဒဏ်အထိ ချမှတ်နိုင်တဲ့ ဥပဒေ ဖြစ်ပါတယ်။

ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်

ဒါ့အပြင် စစ်တပ်ဟာ ရွေးကောက်ပွဲအတွက် ဝါဒဖြန့်ရိုက်ကူးထားတဲ့ “ခေတ်သမိုင်းကို ဒုန်းစိုင်းမည့်သူများ” ဇာတ်လမ်းကို ဝေဖန်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ဒါရိုက်တာမိုက်တီး၊ ဒါရိုက်တာဇဗ္ဗူထွန်းသက်လွင်၊ ဒါရိုက်တာအောင်ချမ်းလူ၊ သရုပ်ဆောင် ကျော်ဝင်းထွဋ်၊ ဟာသသရုပ်ဆောင် အုန်းဒိုင်းတို့ကိုလည်း ဖမ်းဆီး အရေးယူထားတာ ဖြစ်ပါတယ်။

NUG အပါအဝင် ဒီမိုကရေစီအင်အားစုတွေကတော့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဖျက်သိမ်းထားတဲ့ စစ်ကော်မရှင်အနေနဲ့ ရွေးကောက်ပွဲကို ကျင်းပခွင့်မရှိကြောင်းနဲ့ ပြည်သူလူထု ထောက်ခံမှုမရှိတဲ့ အတုအယောင် ရွေးကောက်ပွဲကို ဆက်လက်ကျင်းပတာဟာ နိုင်ငံ့အာဏာကို မတရားတဲ့ နည်းလမ်းနဲ့ ရယူဖို့ ကြိုးပမ်းခြင်းသာ ဖြစ်တယ်လို့ ပြောဆိုထားပါတယ်။

 

0 Shares:
You May Also Like
Read More

ထိုင်းကနေ မြန်မာပြည်ဆီ နေရပ်ပြန်ပို့ခံရတဲ့ ၁၂၇ ယောက်ကို စစ်မှုထမ်းဖို့ စစ်ကောင်စီကနေ စောင့်ခေါ်သွားတယ်လို့ သတင်းတွေ ထွက်ပေါ်နေ

ထိုင်း-မြန်မာ နယ်စပ်မြို့ဖြစ်တဲ့ ရနောင်းမြို့၊ အကျဉ်းထောင်ကနေ လွတ်ရက်စေ့လို့ နေရပ်ပြန်ပို့ခံခဲ့ရတဲ့ မြန်မာ ၁၂၇ ယောက်က်ု ကော့သောင်းမြို့ စစ်ကောင်စီလက်အောက်ခံ အာဏာပိုင်တွေက စစ်မှုထမ်းဖို့ ခေါ်ဆောင်သွားတယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေကတဆင့် သိရပါတယ်။
Read More

အလုပ်သမားရှားပါးမှုပြဿနာ ရှိလာတာကြောင့် ဘ၀လုံခြုံမှုရှိသည့် ပြည်တွင်းမှာ အလုပ်လုပ်ကြရန် မင်းအောင်လှိုင် ပြော

မြန်မာနိုင်ငံအတွင်း အလုပ်သမားရှားပါးမှု ပြဿနာနဲ့ ရင်ဆိုင်နေရတာကြောင့် ပြည်သူတွေအနေနဲ့ ဘ၀လုံခြုံမှုရှိတဲ့ ပြည်တွင်းမှာ အလုပ်လုပ်ဖို့ အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်က မေလ ၁ ရက် ဒီနေ့ ထုတ်ပြန်တဲ့ အလုပ်သမားနေ့ သဝဏ်လွှာမှာ ထည့်သွင်းပြောဆိုလိုက်ပါတယ်။
Read More

တောင်သာနဲ့ နွားထိုးကြီးမှာ စစ်ကောင်စီ ၃ ရက်ဆက် လေကြောင်းတိုက်ခိုက်လို့ အရပ်သား ၂ ယောက် သေဆုံး၊ အများအပြား ထိခိုက်ဒဏ်ရာရ

မန္တလေးတိုင်း၊ မြင်းခြံခရိုင်ထဲက တောင်သာနဲ့ နွားထိုးကြီးမြို့နယ်တွေမှာ အကြမ်းဖက်စစ်ကောင်စီရဲ့ ၃ရက်ဆ​က် လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အရပ်သား ​၂ယောက်သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူ အများအပြားရှိခဲ့တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေဆီက သိရပါတယ်။
Read More

လောင်းလုံးမြို့မရဲစခန်းကို တော်လှန်ရေးတပ်များ ဝင်ရောက်ပစ်ခတ်တိုက်ခိုက်၊ စစ်သား ၁ ဦးသေပြီး အများအပြား ဒဏ်ရာရ….

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့ပေါ်ရှိ မြို့မရဲစခန်းကို ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ရာ စစ်သား ၁ ယောက် သေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ဒေါနတပ်ရင်း၊‌‌ ချေမှုန်းရေးတပ်ခွဲ(၇) - LPF က ဒီနေ့ မနက်ပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

ဖက်ဆစ်တွေထက် အဆပေါင်းများစွာ ရက်စက်ကြမ်းကြုတ်တဲ့ စစ်အာဏာရှင်စနစ်ဆိုးကို တိုက်ရမည့် နောက်ဆုံးတိုက်ပွဲဟု CRPH က ဖက်ဆစ်တော်လှန်ရေးနေ့ကို သဝဏ်လွှာပေးပို့ 

လက်ရှိ  နွေဦးတော်လှန်ရေးဟာ  စစ်အာဏာရှင်စနစ်ဆိုး ကိုတော်လှန်တိုက်ထုတ်ပြီး ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကိုတည်ဆောက်မယ့်  နောက်ဆုံး တိုက်ပွဲသာဖြစ်တယ်လို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) က  နှစ် (၈၀) ပြည့် ဖက်ဆစ်တော်လှန်ရေးနေ့ သဝဏ်လွှာက တဆင့် ကြေညာလိုက်ပါတယ်။  
Read More

ဝက်လက်မြို့နယ် အရှေ့မြောက်ခြမ်းကို စစ်တပ် လေကြောင်းတိုက်ခိုက်မှုကြောင့် ၄ နှစ် ကလေးငယ်အပါ ၄ ဦး သေဆုံး၊ ၁၀ ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ် အရှေ့မြောက်ခြမ်းကို အကြမ်းဖက်စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ၄ နှစ်အရွယ် ကလေးငယ် အပါအဝင် ၄ ယောက် သေဆုံးခဲ့ပြီး ၁၀ ယောက် ဒဏ်ရာရခဲ့တယ်လို့ Wetlet Informational Network ထံက သိရပါတယ်။