ကရင်ပြည်နယ်၊ လေးကေ့ကော်မြို့သစ်အနီး တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကော်မရှင်ရဲ့ တပ်မ (၂၂) လက်အောက်ခံ ခမရ (၂၀၉) ထံက ခဲယမ်းအများအပြား သိမ်းဆည်းရရှိခဲ့ကြောင်း တော်လှန်ရေး စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

အဆိုပါ စစ်ကော်မရှင်တပ်ဟာ အောက်တိုဘာ ၃၁ ရက်နေ့မှာ ရသေ့ဂူကနေ တက်လာချိန် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) မဟာမိတ် တပ်ပေါင်းစုတွေနဲ့ အပြန်အလှန် ပစ်ခတ်တိုက်ပွဲ ဖြစ်ပွားခဲ့တာပါ။

တိုက်ပွဲအတွင်း အထိနာသွားတဲ့ စစ်ကော်မရှင်တပ်ဟာ သူတို့ရဲ့ သေဆုံးတပ်သားအလောင်းတွေကို ပြန်လည်သယ်ယူနိုင်ခြင်း မရှိတဲ့အပြင် ခဲယမ်းများစွာကိုလည်း ကောက်ယူနိုင်ခြင်းမရှိဘဲ ဆုတ်ခွာထွက်ပြေးသွားတယ်လို့ ဆိုပါတယ်။

“သူတို့ ရသေ့ဂူကနေ တက်လာတယ်။ ကိုယ့်လူတွေက ပစ်တယ်။ ပစ်တော့ ဖရိုဖရဲတွေဖြစ်တော့ စစ်ကြောင်းရဲ့ ဖွဲ့စည်းပုံပျက်ပြီးတော့ ထွက်ပြေးသွားတယ်။ အလောင်းတွေ ကျန်ခဲ့တယ်။ ပစ္စည်းတွေ မကောက်နိုင်တော့ဘူး” လို့ စစ်ရေးသတင်းရင်းမြစ်က မောင်းကို ပြောပါတယ်။

အကြမ်းဖက်စစ်တပ်ထံမှ သိမ်းဆည်းရရှိသည့် ခဲယမ်းများ

ပြီးခဲ့တဲ့ စက်တင်ဘာ ၂၂ ရက်က စလို့ အကြမ်းဖက်စစ်အုပ်စုဟာ လေးကေ့ကော်ကို အင်အားအလုံးအရင်းနဲ့ တက်လာပြီး လက်နက်ကြီးပစ်ကူမှုတွေ အဆက်မပြတ်လုပ်ကာ KNLA ပူးပေါင်းတပ်တွေနဲ့ တိုက်ပွဲတွေဖြစ်ပွားခဲ့ပါသေးတယ်။ စစ်ရေးအခြေအနေကတော့ လက်ရှိအချိန်ထိ တင်းမာနေဆဲ ဖြစ်တယ်လို့ သိရပါတယ်။

“ထိတွေ့ဖြစ်တာက တော်လှန်ရေးတပ်ပေါင်းစုအဖွဲ့နဲ့ ဖြစ်တာပါ။ ဒဏ်ရာရကတော့ ၂ ယောက် ရတယ်။ ကျတာတော့ မရှိဘူး။ စစ်ရေးက မငြိမ်ဘူး။ နေ့တိုင်းပဲ နေ့တိုင်းကိုမှ တော်တော်ဆိုးဆိုး” လို့ အထက်ပါ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

နှစ်ဖက်ပစ်ခတ်တိုက်ပွဲတွေအတွင်း ပြီးခဲ့တဲ့ အောက်တိုဘာ ၃၁ရက်နေ့မှာပဲ ဖူးကြီးကျေးရွာအနီးရှိ တရုတ်မီးပန်းဂိုထောင်ကို စစ်ကော်မရှင်တပ် ပစ်ခတ်လိုက်တဲ့ လက်နက်ကြီး ကျရောက်ပေါက်ကွဲပြီး ဒေသခံတွေ ထိခိုက်သေဆုံးမှု ရှိခဲ့သေးတယ်လို့ သိရပါတယ်။

အကြမ်းဖက်စစ်တပ်ထံမှ သိမ်းဆည်းရရှိသည့် ခဲယမ်းများ
အကြမ်းဖက်စစ်တပ်ထံမှ သိမ်းဆည်းရရှိသည့် ခဲယမ်းများ
0 Shares:
You May Also Like
Read More

စစ်ရေးတင်းမာနေသည့် စလင်းမြို့နယ်မှာ အရပ်သားပစ်မှတ်များရှိရာ ဘုန်းကြီးကျောင်းကို စစ်ကောင်စီဗုံးကြဲ၊ အရပ်သား ၁ ဦးသေပြီး ဘုရားစေတီနှင့် ဘုန်းကြီးကျောင်း ထိခိုက်ပျက်စီး…

မကွေးတိုင်း၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၁ ယောက်သေဆုံးပြီး ဘုန်းကြီးကျောင်းနဲ့ ဘုရားစေတီတော်ပါ ထိခိုက်ပျက်စီးခဲ့တယ်လို့ စလင်းမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူ ၁ ယောက်က မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

ရွှေဘိုမှာ ရိက္ခာထုတ်ပြန်လာတဲ့ စစ်အုပ်စုကားတန်းကို ပကဖ တပ်တွေ ကြားဖြတ်တိုက်ခိုက်၊ ကား ၁ စီး မီးရှို့ဖျက်ဆီးပြီး စားဆီပုံးတွေ သိမ်းဆည်းရရှိ

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်မှာ ​ရိက္ခာထုတ်ပြီး ပြန်လာတဲ့ အကြမ်းဖက်စစ်အုပ်စုကားတန်းကို စောင့်ကြိုတိုက်ခိုက်ရာ စစ်သားနဲ့ ပျူစောထီး အများအပြား ထိခိုက်သေဆုံးကာ လာလမ်းအတိုင်း ပြန်လည်ဆုတ်ခွာသွားတယ်လို့ သိရပါတယ်။
Read More

အုတ်ဖိုတွင် အုပ်ချုပ်ရေးမှူးနှင့် ပျူခေါင်းဆောင် ပစ်ခတ်ခံရ၊ အုပ်ချုပ်ရေးမှူး သေဆုံး

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်မှာ အုပ်ချုပ်ရေးမှူးနဲ့ ပျူစောထီးခေါင်းဆောင်တို့ကို သွားရောက်ပစ်ခတ်ခဲ့ကြောင်း သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၅၊ Black Tiger ပြောက်ကျားတပ်ဖွဲ့က မောင်းကို ပြောပါတယ်။
Read More

မြင်းမူမှာ ဝန်ထမ်းအိမ်ရာဝန်းထဲ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်တပ် တိုက်ခိုက်ခံရပြီး ဗိုလ်အဆင့်ရှိသူ ၂ ယောက်သေ

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်မှာ ဝန်ထမ်းအိမ်ရာထဲ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ပစ်ခတ်တိုက်ခိုက်ခံရပြီး ဗိုလ်အဆင့်ရှိသူ ၂ယောက် သေဆုံးကာ တပ်သားတချို့ ထိခိုက်ဒဏ်ရာရရှိကြောင်း Moe Nyo Revolution Force (M.N.R.F) အဖွဲ့ထံက သိရပါတယ်။
Read More

မတ်လ ၃ ပတ်တာကာလအတွင်း အကြမ်းဖက်စစ်အုပ်စုကြောင့် အရပ်သား ၄၅ ဦး သေဆုံးခဲ့..

မြန်မာနိုင်ငံတစ်ဝန်း ၂၀၂၅ ခုနှစ်၊ မတ်လ ၃ ပတ်တာကာလအတွင်း အကြမ်းဖက်စစ်အုပ်စုကြောင့် အရပ်သား ၄၅ ယောက် သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က မနေ့က ညနေပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

မြို့ပြတော်လှန်ရေးတပ်ဦး(URF) မှ တော်လှန်ရေး (၄) နှစ်တာကာလအတွင်း စိတ်ပိုင်း၊ ရုပ်ပိုင်း ထိခိုက်ခံစားခဲ့ရသည့် ရဲဘော်များအတွက် စိတ်ခွန်အားကူညီစောင့်ရှောက်မှုသင်တန်း ပြုလုပ်

မြို့ပြတော်လှန်ရေးတပ်ဦး(Urban Revolutionary Front - URF) ရဲ့ စခန်းတစ်နေရာမှာ စိတ်ပိုင်းဆိုင်ရာကူညီစောင့်ရှောက်မှုနဲ့ပတ်သက်တဲ့ (၂) ရက်တာ သင်တန်းကို စက်တင်ဘာလနောက်ဆုံးအပတ်အတွင်း ပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။