ကရင်ပြည်နယ်၊ လေးကေ့ကော်မြို့သစ်အနီး တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကော်မရှင်ရဲ့ တပ်မ (၂၂) လက်အောက်ခံ ခမရ (၂၀၉) ထံက ခဲယမ်းအများအပြား သိမ်းဆည်းရရှိခဲ့ကြောင်း တော်လှန်ရေး စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

အဆိုပါ စစ်ကော်မရှင်တပ်ဟာ အောက်တိုဘာ ၃၁ ရက်နေ့မှာ ရသေ့ဂူကနေ တက်လာချိန် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) မဟာမိတ် တပ်ပေါင်းစုတွေနဲ့ အပြန်အလှန် ပစ်ခတ်တိုက်ပွဲ ဖြစ်ပွားခဲ့တာပါ။

တိုက်ပွဲအတွင်း အထိနာသွားတဲ့ စစ်ကော်မရှင်တပ်ဟာ သူတို့ရဲ့ သေဆုံးတပ်သားအလောင်းတွေကို ပြန်လည်သယ်ယူနိုင်ခြင်း မရှိတဲ့အပြင် ခဲယမ်းများစွာကိုလည်း ကောက်ယူနိုင်ခြင်းမရှိဘဲ ဆုတ်ခွာထွက်ပြေးသွားတယ်လို့ ဆိုပါတယ်။

“သူတို့ ရသေ့ဂူကနေ တက်လာတယ်။ ကိုယ့်လူတွေက ပစ်တယ်။ ပစ်တော့ ဖရိုဖရဲတွေဖြစ်တော့ စစ်ကြောင်းရဲ့ ဖွဲ့စည်းပုံပျက်ပြီးတော့ ထွက်ပြေးသွားတယ်။ အလောင်းတွေ ကျန်ခဲ့တယ်။ ပစ္စည်းတွေ မကောက်နိုင်တော့ဘူး” လို့ စစ်ရေးသတင်းရင်းမြစ်က မောင်းကို ပြောပါတယ်။

အကြမ်းဖက်စစ်တပ်ထံမှ သိမ်းဆည်းရရှိသည့် ခဲယမ်းများ

ပြီးခဲ့တဲ့ စက်တင်ဘာ ၂၂ ရက်က စလို့ အကြမ်းဖက်စစ်အုပ်စုဟာ လေးကေ့ကော်ကို အင်အားအလုံးအရင်းနဲ့ တက်လာပြီး လက်နက်ကြီးပစ်ကူမှုတွေ အဆက်မပြတ်လုပ်ကာ KNLA ပူးပေါင်းတပ်တွေနဲ့ တိုက်ပွဲတွေဖြစ်ပွားခဲ့ပါသေးတယ်။ စစ်ရေးအခြေအနေကတော့ လက်ရှိအချိန်ထိ တင်းမာနေဆဲ ဖြစ်တယ်လို့ သိရပါတယ်။

“ထိတွေ့ဖြစ်တာက တော်လှန်ရေးတပ်ပေါင်းစုအဖွဲ့နဲ့ ဖြစ်တာပါ။ ဒဏ်ရာရကတော့ ၂ ယောက် ရတယ်။ ကျတာတော့ မရှိဘူး။ စစ်ရေးက မငြိမ်ဘူး။ နေ့တိုင်းပဲ နေ့တိုင်းကိုမှ တော်တော်ဆိုးဆိုး” လို့ အထက်ပါ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

နှစ်ဖက်ပစ်ခတ်တိုက်ပွဲတွေအတွင်း ပြီးခဲ့တဲ့ အောက်တိုဘာ ၃၁ရက်နေ့မှာပဲ ဖူးကြီးကျေးရွာအနီးရှိ တရုတ်မီးပန်းဂိုထောင်ကို စစ်ကော်မရှင်တပ် ပစ်ခတ်လိုက်တဲ့ လက်နက်ကြီး ကျရောက်ပေါက်ကွဲပြီး ဒေသခံတွေ ထိခိုက်သေဆုံးမှု ရှိခဲ့သေးတယ်လို့ သိရပါတယ်။

အကြမ်းဖက်စစ်တပ်ထံမှ သိမ်းဆည်းရရှိသည့် ခဲယမ်းများ
အကြမ်းဖက်စစ်တပ်ထံမှ သိမ်းဆည်းရရှိသည့် ခဲယမ်းများ
0 Shares:
You May Also Like
Read More

မြိုင်မြို့နယ်တွင် ဗကသများအဖွဲ့ချုပ်မှ လေကြောင်းအန္တရာယ်ကာကွယ်ရေး အသိပညာပေးဆွေးနွေးပွဲနှင့် သရုပ်ပြခြင်းများ ပြုလုပ် (ဓာတ်ပုံသတင်း)

မကွေးတိုင်း၊ မြိုင်မြို့နယ်ရှိ ပြည်သူ့အခြေပြု ကျောင်းတစ်ကျောင်းမှာ ရေစကြိုမြို့နယ်ကျောင်းသားသမဂ္ဂနဲ့ မြိုင်မြို့နယ်ကျောင်းသားသမဂ္ဂ ပူးပေါင်းပြီး  လေကြောင်းအန္တရာယ်ကာကွယ်ရေး အသိပညာပေးဆွေးနွေးပွဲတရပ် ပြုလုပ်ခဲ့တယ်လို့ ဗကသများအဖွဲ့ချုပ်က မနေ့ကညပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

စစ်သုံ့ပန်း ဒုတိယ ရဲမှူးကြီး ၁ ဦး အပါအဝင် မိသားစုဝင် ၁၉၈ ဦးကို AA ထပ်မံလွှတ်ပေး

ရက္ခိုင့်တပ်တော် AA က ဖမ်းဆီးရမိထားတဲ့ စစ်သုံ့ပန်းတွေထဲက ဒုတိယရဲမှူးကြီး ၁ ယောက်အပါအဝင် စစ်သုံ့ပန်း မိသားစုဝင် ၁၉၈ ယောက်ကို ထပ်မံလွှတ်ပေးခဲ့တယ်လို့ AA ရဲ့ တာဝန်ရှိသူတွေဆီက သိရပါတယ်။
Read More

ကျောက်မဲနှင့် သီပေါတွင် စစ်တပ် သတင်းပေး ၁၀ ဦးကျော် ဖမ်းဆီးရမိခဲ့ဟု TNLA ထုတ်ပြန်

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့နဲ့ သီပေါမြို့တို့မှာ သတင်းရယူဖို့ အကြမ်းဖက်စစ်တပ် စေလွှတ်ထားတဲ့ စစ်ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ့(စရဖ)နဲ့ သတင်းပေး(ဒလန်) ၁၀ ယောက်ကျော်ကို တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲ့နဲ့ ဌာနဆိုင်ရာတို့ ပူးပေါင်းပြီး ရှောင်တခင်စစ်ဆေးမှုတွေ ဆောင်ရွက်ချိန် ဖမ်းဆီးရမိခဲ့တယ်လို့ တအာင်းတပ်မတော် (TNLA) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ရေဦးမြို့ ကြာဖူးအဝိုင်းဂိတ်မှ စစ်သား ၁ ဦး သေနတ် ၂ လက် ယူဆောင် အလင်းဝင်

စစ်ကိုင်းတိုင်း၊ ရေဦးမြို့ ကြာဖူးအဝိုင်း စစ်တပ်ဂိတ်မှာ တာဝန်ကျနေတဲ့ စစ်သားတစ်ယောက်ဟာ သေနတ် ၂ လက် ယူဆောင်ပြီး အလင်းဝင်လာတယ်လို့ ရေဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံက သိရပါတယ်။
Read More

အရပ်သား ၆ ယောက် သေဆုံးခဲ့တဲ့ မိုးကုတ်မြို့က စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုဖြစ်စဥ်ကို NUG လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန ထုတ်ပြန်

မန္တလေးတိုင်း၊ ပြင်ဦးလွင်ခရိုင်၊ မိုးကုတ်မြို့ အရှေ့ပိုင်းနဲ့ အနောက်ပိုင်းကို အကြမ်းဖက်စစ်အုပ်စုက လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့ဖြစ်စဉ်အသေးစိတ်ကို အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ဒီနေ့မှာ ထုတ်ပြန်ထားပါတယ်။
Read More

MNDAA က လားရှိုးမှာ ကုန်စည်ဝယ်ယူရောင်းချမှုတွေ ကုန်ကျစရိတ်သက်သာစေဖို့ ဆောင်ရွက်နေ

MNDAA က လားရှိုးမှာ ကုန်စည်ဝယ်ယူရောင်းချမှုတွေ အဆင်ပြေလွယ်ကူစေဖို့ ရေရှည်အစီအမံတွေ ချမှတ်ဆောင်ရွက်သွားမယ်လို့ နိုဝင်ဘာ ၂၈ ရက် မနေ့က ထုတ်ပြန်ပါတယ်။