ရှမ်းပြည်တောင်ပိုင်း ရွာငံမြို့နယ် ရနဲကျေးရွာအနီး ရိက္ခာသယ်ပြီး ပြန်လာတဲ့ အကြမ်းဖက်စစ်ကော် မရှင်တပ်သားတွေကို တိုက်ခိုက်ခဲ့ရာ ၂ ယောက်သေဆုံးပြီး ၁ ယောက် ဒဏ်ရာရသွားတယ်လို့ ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) က သတင်းထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၃၀ ရက် နေ့လယ် ၂ နာရီဝန်းကျင်ခန့်က ရွာငံမြို့နယ် ရနဲကျေးရွာအနီး အကြမ်းဖက်စစ်ကော်မရှင်တပ်သားတွေနဲ့ DSNDA ရဲဘော်တွေ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

တိုက်ပွဲအတွင်း စစ်ကော်မရှင်တပ်သား ၂ ယောက် သေဆုံးပြီး ၁ ယောက် ထိခိုက်ဒဏ်ရာရရှိသွားကာ တော်လှန် ရေးရဲဘော်တွေ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။

Video – DSNDA

0 Shares:
You May Also Like
Read More

ထားဝယ်အထူးစီးပွားရေးဇုန် စီမံကိန်းလမ်းမပေါ် တော်လှန်ရေးပူးပေါင်းတပ်နဲ့ အကြမ်းဖက်စစ်တပ် တိုက်ပွဲဖြစ် (ရုပ်/သံ)

တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်၊ ထားဝယ်အထူးစီးပွားရေးဇုန် စီမံကိန်းလမ်းမပေါ်မှာ တော်လှန်‌ရေး ပူးပေါင်းတပ်နဲ့ အကြမ်းဖက်စစ်တပ်တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်သားအများအပြား သေဆုံးခဲ့တယ်လို့ ဝေဟင်တပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။
Read More

မြောင်မြို့နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးခဲ့သည့် ပန်းညိုရွာမြင်ကွင်း (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ပန်းညိုရွာကို မတ်လ ၁၂ ရက် ညနေပိုင်းမှာ အကြမ်းဖက်စစ်ကောင်စီတပ်က စစ်ကြောင်းထိုးဝင်ရောက်ပြီး စာသင်ကျောင်းအပါအဝင် နေအိမ်အလုံး ၅၀ ကျော်ကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။
Read More

တောင်သာမြို့ Off-Take Gas Station တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်သားများ လက်နက်ကြီးငယ်များဖြင့် ပိတ်ဆို့တိုက်ခိုက်ခံရ၊ ၂ ဦး သေပြီး ၄ ဦး ဒဏ်ရာရ (ရုပ်/သံ)

မန္တလေးတိုင်း၊ တောင်သာမြို့နယ် Off-Take Gas Station မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သား တွေကို လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပိတ်ဆို့တိုက်ခိုက်ခဲ့ရာ စစ်သားနဲ့ ရဲ ၂ ယောက်သေပြီး ၄ ယောက် ဒဏ်ရာရရှိသွားတယ်လို့ ပကဖ၊ တောင်သာမြို့နယ်က သတင်းထုတ်ပြန်ထားပါတယ်။
Read More

ရမ်းဖိုကျေးရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်သားများကို ဒရုန်းဖြင့် ဗုံးသီး ၂ ကြိမ် ကြဲချ၊ စစ်သား ၁ ဦး ထိခိုက်ဒဏ်ရာရ (ရုပ်/သံ)

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်၊ ရမ်းဖိုရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေကို ဒရုန်းနဲ့ ဗုံးသီး ၂ ကြိမ် ကြဲချတိုက်ခိုက်ခဲ့ရာ စစ်သား ၁ ယောက် ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ ဗိုလ်ခရင်းတပ်ဖွဲ့ထံက သိရပါတယ်။
Read More

ရေးမြို့နယ်အတွင်း အကြမ်းဖက်စစ်တပ်နှင့် ရေးဘီလူးတပ်ဖွဲ့ တိုက်ပွဲဖြစ် (ရုပ်/သံ)

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ လိပ်ပုတ်ရွာကို စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်တပ်နဲ့ ရေးဘီလူးတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ရေးဘီလူးတပ်ဖွဲ့ ခေါင်းဆောင်က သတင်းထုတ်ပြန်ပါတယ်။
Read More

မယ်ဆိုင်မှ တာချီလိတ်သို့ ပို့ဆောင်မည့် လက်လုပ်ပစ္စတို ၂၅ လက်အား သုံးဘီးယာဉ်အတွင်း ဖမ်းမိ (ရုပ်/သံ)

ထိုင်းနိုင်ငံ မယ်ဆိုင်ကနေ မြန်မာနိုင်ငံ တာချီလိတ်ကို ဝင်ရောက်မယ့် သုံးဘီးယာဉ် ၁ စီးအတွင်းကနေ လက်လုပ်ပစ္စတို ၂၅ လက်ကို ဖမ်းဆီးရမိခဲ့တယ်လို့ ထိုင်းသတင်းဌာနရဲ့ ဖော်ပြချက်အရ သိရပါတယ်။