ရှမ်းပြည်တောင်ပိုင်း ရွာငံမြို့နယ် ရနဲကျေးရွာအနီး ရိက္ခာသယ်ပြီး ပြန်လာတဲ့ အကြမ်းဖက်စစ်ကော် မရှင်တပ်သားတွေကို တိုက်ခိုက်ခဲ့ရာ ၂ ယောက်သေဆုံးပြီး ၁ ယောက် ဒဏ်ရာရသွားတယ်လို့ ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) က သတင်းထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၃၀ ရက် နေ့လယ် ၂ နာရီဝန်းကျင်ခန့်က ရွာငံမြို့နယ် ရနဲကျေးရွာအနီး အကြမ်းဖက်စစ်ကော်မရှင်တပ်သားတွေနဲ့ DSNDA ရဲဘော်တွေ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

တိုက်ပွဲအတွင်း စစ်ကော်မရှင်တပ်သား ၂ ယောက် သေဆုံးပြီး ၁ ယောက် ထိခိုက်ဒဏ်ရာရရှိသွားကာ တော်လှန် ရေးရဲဘော်တွေ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။

Video – DSNDA

0 Shares:
You May Also Like
Read More

လောင်းလုံးမြို့နယ်အတွင်း အကြမ်းဖက်စစ်တပ်နှင့် တော်လှန်ရေးတပ် တိုက်ပွဲအကြိမ်ကြိမ်ဖြစ်ပွားပြီး အရာရှိအပါအဝင် စစ်သားအများအပြား သေဆုံး (ရုပ်/သံ)

တနင်္သာရီတိုင်း လောင်းလုံးမြို့နယ်အတွင်း နိုဝင်ဘာလကစတင်ကာ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်တပ်နဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲအကြိမ်ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်တပ်အရာရှိအပါအဝင် စစ်သားအများအပြားသေဆုံးခဲ့တယ်လို့ ထား၀ယ်ခရိုင်တပ်ပေါင်းစုက သတင်းထုတ်ပြန်ထားပါတယ်။
Read More

ပင်လယ်ဘူးမြို့ကို သိမ်းပိုက်ထားတဲ့ PDF ရဲဘော်တွေနဲ့ ပြည်သူတွေ အတူတကွ အောင်ပွဲခံ (ရုပ်/သံ)

စစ်ကိုင်းတိုင်း ပင်လယ်ဘူးမြို့ရှိ စစ်ကောင်စီတပ်ကို တိုက်ခိုက်ပြီး မြို့သိမ်းပိုက်ထားတဲ့ PDF ရဲဘော်တွေ(ဗျူဟာ ၄၂)နဲ့ ပြည်သူတွေ အတူတကွ အောင်ပွဲခံနေတဲ့ ရုပ်သံမြင်ကွင်းကို ဗိုလ်စွမ်း(ဓါးမဆိုင်း)မှ ထုတ်ပြန်ပြသလိုက်ပါတယ်။
Read More

Myingyan Black Tiger ရဲဘော်တွေရဲ့ “ဗရုတ်သုက္ခ သင်္ကြန်သံချပ်” (ရုပ်/သံ)

မြင်းခြံခရိုင် အမှတ် ၉ တပ်ရင်း - Myingyan Black Tiger (MBT) ရဲဘော်တွေက တော်လှန်သင်္ကြန်သံချပ်ကို မိဘပြည်သူများအား ယခုလိုပဲ ဖျော်ဖြေတင်ဆက်ခဲ့ပါတယ်။
Read More

တပ်မ ၃၃ စစ်ကြောင်းကို စစ်ကြောင်းပြုတ် တိုက်ခိုက်နိုင်ခဲ့သည့် မှတ်တမ်းရုပ်သံ

စစ်ကိုင်းတိုင်း ခင်ဦးနဲ့ ကန့်ဘလူမြို့နယ်အစပ်မှာ အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးလာတဲ့  အကြမ်းဖက်စစ်သားတွေကို တိုက်ခိုက်ခဲ့ရာ တပ်မ (၃၃) စစ်ကြောင်းမှူးအပါအဝင် စစ်သားအယောက် ၅၀ နီးပါး သေဆုံးခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။
Read More

ဆင်ဖြူကျွန်းမြို့အနီး ကျေးရွာ ၂ ရွာကို စစ်ကောင်စီ မီးရှို့ဖျက်ဆီး (ရုပ်/သံ)

မကွေးတိုင်း၊ စလင်းမြို့နယ်၊ အုန်းတောရွာ နဲ့ ကညှပ်ရွာကို ဇန်နဝါရီ ၃၀ ရက်မှာ အကြမ်းဖက် စစ်ကောင်စီတပ်သားတွေက မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။
Read More

လှိုင်သာယာ ချန်းရိ Adidas ဖိနပ်စက်ရုံမှာ လုပ်ခလစာတိုးမြှင့်ပေးရေး လုပ်သားများ ဆန္ဒပြ (ရုပ်/သံ)

ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ် ချန်းရိ Adidas ဖိနပ်စက်ရုံမှာ မေလ ၁၄ ရက်ကစတင်ပြီး လုပ်ခလ စာတိုးမြှင့်ပေးရေး လုပ်သားတွေဆန္ဒပြလျက်ရှိတယ်လို့ ဒေသသတင်းရင်းမြစ်တွေထံက သိရပါတယ်။