မြန်မာစစ်တပ်နဲ့ ကရင်နယ်ခြားစောင့်တပ် (BGF) အဖွဲ့တွေဟာ ထိုင်း-မြန်မာနယ်စပ်မှာ ရှိတဲ့ KK Park က အဆောက်အဦးတွေကို နိုဝင်ဘာလ ၂ ရက်အထိ ဆက်လက် ဖောက်ခွဲဖျက်ဆီးနေဆဲဖြစ်ကြောင်း ထိုင်းသတင်း Khaosod မှာ ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့‌ အောက်တိုဘာလ တတိယအပတ်မှာ KK Park က ကျားဖြန့်နေရာတွေကို မြန်မာစစ်တပ်က ဝင်ရောက်စီးနင်းကြောင်း သတင်းထုတ်ပြန်ပြီးနောက်ပိုင်း KK Park ကနေ တရုတ်၊ ထိုင်း အပါအဝင် နိုင်ငံခြားသားတွေနဲ့ မြန်မာနိုင်ငံသားတွေဟာ မြဝတီ၊ ဘုရားသုံးဆူနဲ့ ထိုင်းနိုင်ငံဘက်ခြမ်းတွေကို ထွက်ပြေးတိမ်းရှောင်ခဲ့ကြပါတယ်။

အဲဒီနောက်ပိုင်း KK Park အတွင်းက အဆောက်အဦးတွေကို ဖောက်ခွဲဖျက်ဆီးနေတဲ့ အသံတွေကို ထိုင်းနိုင်ငံဘက်ကမ်းကနေ ကြားနေခဲ့ရပြီး နိုဝင်ဘာလ ၂ ရက်အထိ ကိုးရက်မြောက်နေ့အဖြစ် ဆက်တိုက် ဖောက်ခွဲတာတွေ ပြုလုပ်ခဲ့ရာမှာ အဆောက်အအုံအများအပြား ပျက်စီးခဲ့ရကြောင်း သိရပါတယ်။

စစ်တပ်နဲ့ BGF အဖွဲ့တွေဟာ အဆိုပါ KK Park စီမံကိန်းကို တရက်အတွင်း လေးကြိမ်အထိ ပြင်းထန်တဲ့ ဖောက်ခွဲမှုတွေ နေ့ညမပြတ် လုပ်ဆောင်ခဲ့တယ်လို့ ထိုင်းသတင်းမှာ‌ ဆိုပါတယ်။

ပေါက်ကွဲမှုတွေကနေ ဖိတ်စင်ထွက်လာတဲ့ အပိုင်းအစငယ်တွေဟာလည်း နယ်စပ်ကိုကျော်လွန်ပြီး ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်၊ မဲဆောက်မြို့ထဲက Mae Ku Tha Sung ရွာထဲ အမြဲလိုလို ကျရောက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

KK Park မှာ လုပ်ကိုင်နေခဲ့တဲ့ နိုင်ငံပေါင်း ၂၈ ခုက နိုင်ငံခြားသားတွေဟာ ထိုင်း-မြန်မာနယ်စပ်ကိုဖြတ်ပြီး မဲဆောက်မြို့ဘက် အသည်းအသန်ထွက်ပြေးတိမ်းရှောင်နေကြကြောင်း၊ နောက်ဆုံးအခြေအနေ စာရင်းတွေအရ ထိုင်းနိုင်ငံထဲကို စုစုပေါင်း ၁,၅၉၇ ယောက် ဝင်ရောက်ခိုလှုံနေကြောင်း ထိုင်းသတင်းမှာ ဖော်ပြထားပါတယ်။

News – KhaosodEnglish

0 Shares:
You May Also Like
Read More

ထိုင်း-မြန်မာနယ်စပ်မှာ စစ်ကောင်စီတပ်စခန်း ၁၃၈ ခုကို သိမ်းပိုက်ထိန်းချုပ်ထားနိုင်ခဲ့

စစ်တပ်အာဏာသိမ်းပြီးနောက် KNLA နဲ့ မဟာမိတ်တပ်တွေက စစ်ကောင်စီတပ်စခန်း ၁၃၈ ခုကို သိမ်းပိုက်နိုင်ခဲ့တယ်လို့ ကရင်ငြိမ်းချမ်းရေး အထောက်အကူပြုကွန်ယက် (KPSN)က အသိပေးထုတ်ပြန်ပါတယ်။
Read More

နောင်ချိုမြို့နယ်အတွင်း တိုက်ပွဲဆက်လက်ဖြစ်ပွါးနေပြီး စစ်ကောင်စီတပ်က တစ်ရက်အတွင်း လက်နက်ကြီး (၁၂၇) လုံးနှင့် ဒရုန်းဖြင့် ဗုံး (၄၂) လုံး ပစ်ကူတိုက်ခိုက်ခဲ့

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်ရှိ မျက်ချီးနု၊ ရေမောင်းတန်း၊ နောင်လင်၊ ကျောက်ကြမ်း၊ နန်းကျီးကုန်းနဲ့ နားမိုင်ကျေးရွာတို့မှာ အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ TNLA တို့ တိုက်ပွဲဆက်လက် ဖြစ်ပွားနေရာ ဇူလိုင် ၇ ရက်နေ့၊ ၁ ရက်တာအတွင်း စစ်ကောင်စီတပ်က လက်နက်ကြီး (၁၂၇) လုံး၊ ဒရုန်းနဲ့ ဗုံး (၄၂) လုံးတို့ကို ပစ်ကူတိုက်ခိုက်ခဲ့တယ်လို့ TNLA က ထုတ်ပြန်ထားပါတယ်။
Read More

မိတ္ထီလာ ရှမ်းတဲလေတပ်စခန်းနဲ့ တပ်မ ၉၉ ဌာနချုပ် တိုက်ခိုက်ခံရမှုနဲ့ပက်သက်ပြီး စစ်ကောင်စီက အရာရှိတွေအပါဝင် ၅ ယောက်ကို တာဝန်ပေါ့​လျော့မှုနဲ့ အရေးယူထား

မန္တလေးတိုင်းက မိတ္ထီလာ ရှမ်းတဲ လေတပ်စခန်းနဲ့ တပ်မ ၉၉ ဌာနချုပ်တို့ ဒရုန်းနဲ့ တိုက်ခိုက်ခံရပြီးတဲ့နောက် စစ်ကောင်စီက လေကြောင်းရန်ကာကွယ်ရေးအရာရှိ ၂ ယောက်နဲ့ အခြားအဆင့်ရှိသူ ၃ ယောက်တို့ကို တာဝန်ပေါ့လျော့မှုတွေနဲ့ အရေးယူစစ်ဆေးတာတွေ လုပ်ဆောင်နေ​တယ်လို့သတင်းရကြောင်း မိတ္ထီလာ ပကဖ တာဝန်ခံ ဦးနောင်ချိုက ပြောပါတယ်။
Read More

အောင်လံနှင့် ဆင်ပေါင်ဝဲတွင် စစ်အုပ်စုနှင့် တော်လှန်ရေးတပ်များ စစ်ရေးတင်းမာနေ၊ စစ်အုပ်စုဘက်မှ အယောက် ၇၀ ဝန်းကျင် ထိခိုက် သေဆုံးထား

မကွေးတိုင်း၊ အောင်လံခရိုင်အတွင်းက အောင်လံနဲ့ ဆင်ပေါင်ဝဲမြို့နယ်တွေမှာ စစ်ကြောင်းထိုးဝင်ရောက်နေတဲ့ အကြမ်းဖက်စစ်ကော်မရှင်တပ်နဲ့ တော်လှန်ရေးတပ်တွေကြား ထိတွေ့တိုက်ပွဲတွေရှိနေပြီး စစ်ကော်မရှင်ဘက်က အယောက် ၇၀ နီးပါး ထိခိုက်သေဆုံးထားကြောင်း အောင်လံမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (အောင်လံ ပ.က.ဖ) က သတင်းထုတ်ပြန်ပါတယ်။
Read More

ကန့်ဘလူ၊ သိန်ရင်ဆည်က စစ်ကောင်စီစစ်ကြောင်းကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ရာ စစ်တပ်ဘက်က ၆ ယောက် သေပြီး ၁၄ ယောက် ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်က သိန်ရင်ဆည်ကို ရောက်နေတဲ့ အကြမ်းဖက်စစ်ကြောင်းကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ရာ ၆ ယောက် သေပြီး ၁၄ ယောက် ဒဏ်ရာရခဲ့တယ်လို့ ကန့်ဘလူမြို့နယ် ပကဖ လှုပ်ရှား Drone အဖွဲ့ဆီက သိရပါတယ်။
Read More

စစ်အာဏာရှင်ဆန့်ကျင်သူ ကျောင်းသားဟောင်းများဖြစ်သည့် ကိုပိုင်ဖြိုးမင်းနှင့် ကိုရှိန်းဝေအောင် ထောင်ဒဏ် နှစ် (၂၀) စီ ချမှတ်ခံရ

တကသကျောင်းသားဟောင်းများ အင်အားစုရဲ့ အဖွဲ့ဝင်တစ်ယောက်ဖြစ်သူ ကိုပိုင်ဖြိုးမင်း (ခ) ဒီရေနဲ့ ကိုရှိန်းဝေအောင် (အလုပ်အမှုဆောင်ဟောင်း၊ ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂ) တို့ကို စစ်ကောင်စီကနေ ထောင်ဒဏ် နှစ်(၂၀) အထိ ပြစ်ဒဏ်ချမှတ်လိုက်ကြောင်း သိရှိရတယ်လို့ တကသကျောင်းသားဟောင်းများ အင်အားစုက သတင်းထုတ်ပြန်လာပါတယ်။