မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်မှာ ၂ ရင်းအတွင်း အကြမ်းဖက်စစ်တပ်ရဲ့ ပေါ်တာဆွဲ ဖမ်းဆီးခြင်းခံရသူ အယောက် ၃၀ နီးပါး ရှိနေပြီလို့ မြင်းခြံလူထုလှုပ်ရှားမှုကော်မတီထံက သိရပါတယ်။

အောက်တိုဘာ ၃၁ ရက် ည ၈ နာရီလောက်မှာ မြင်းခြံမြို့နဲ့ ကပ်လျက်ရှိတဲ့ အေးရွာက ဒေသခံ ၁၀ ယောက်ကျော်ကို စစ်တပ်နဲ့ ပျူစောထီး ပူးပေါင်းတပ်တွေက ပေါ်တာဆွဲ ဖမ်းဆီးခဲ့ပြီး ဖမ်းခံရတဲ့အထဲမှာ အသက်မပြည့်သေးတဲ့ ကလေးငယ်တစ်ယောက်လည်း ပါဝင်တယ်လို့ ဆိုပါတယ်။

အဲဒီနောက် သူတို့ ဖမ်းဆီးထားတဲ့ ဒေသခံတွေနဲ့ အတူပြန်လာချိန် အမှတ် ၁၂ ရပ်ကွက်က ပြည်သူ ၄ ယောက် ချောင်းကြည့်နေတာကို တွေ့သွားတဲ့အတွက် အဆိုပါ ၄ ယောက်ကို ထပ်မံဖမ်းဆီးလိုက်တယ်လို့ သိရပါတယ်။

ဒါ့အပြင် နိုဝင်ဘာ ၁ ရက်နေ့မှာလည်း စစ်ကော်မရှင်တပ်သားတွေက ဂျုပ်ပင်ရွာက ပြည်သူ ၄ ယောက်နဲ့ တောင်ပို့သာရွာက ၃ ယောက်ကို ဖမ်းဆီးခဲ့သလို လမ်းမှာတွေ့တဲ့ ပြည်သူတွေကိုလည်း ဖမ်းဆီးမှုတွေ လုပ်ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။

ဖမ်းခံရတဲ့ ပြည်သူတွေဟာ အသက်မပြည့်သေးတဲ့ လူငယ်တချို့နဲ့ အသက် ၂၀ ဝန်းကျင် လူငယ်ပိုင်းတွေဖြစ်ပြီး အများစုက အမှတ် (၁)၊ (၃)၊ (၁၂)၊ (၁၃)၊ (၁၅)၊ (၁၈) ရပ်ကွက်နဲ့ အေးရွာက ဒေသခံတွေဖြစ်တယ်လို့ သိရပါတယ်။

“အဖမ်းခံရတဲ့သူတွေ အခုထိ မလွတ်သေးဘူး။ ဘယ်ကိုဖမ်းသွားတယ်ဆိုတာလည်း မသိသေးဘူး။ အဖမ်းခံရတဲ့အထဲ ၁၀ နှစ်ကျော် ၁ယောက်ပါသွားတယ်။ ၁၀ နှစ်ကျော် ဆိုပေမယ့် ရွာသားဆိုတော့ လူကောင်ထွားတာပေါ့” လို့ မြင်းခြံလူထုလှုပ်ရှားမှုကော်မတီ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

ဖမ်းဆီးခံရသူတွေ နေထိုင်ရာ ကျေးရွာတွေဟာ စစ်ကော်မရှင်တပ် စိုးမိုးတဲ့ နေရာတွေဖြစ်ပြီး အေးရွာကလည်း မြင်းခြံမြို့နဲ့ လမ်းသာခြားတယ်လို့ သိရပါတယ်။ ပြည်သူတွေအနေနဲ့ ဘာမှမဖြစ်ပါဘူးလို့ မသတ်မှတ်ကြဖို့လည်း ပြောဆိုခဲ့ပါတယ်။

“အခုဖမ်းခံရတဲ့ရွာတွေက မြင်းခြံမြို့နားက ရွာတွေ။ အခု ပေါ်တာဆွဲတယ်ဆိုတဲ့နေရာက စကမ စိုးမိုးနေရာတွေ၊ အဲ့နေရာတွေကတော့ ထွက်ပြေး၊ ရှောင်ကြတာ မကြားမိသေးဘူး။ ငါတို့တော့ ပေါ်တာအဆွဲမခံရလောက်ပါဘူး ထင်ပြီး သွားလာနေကြတာတွေ” လို့ အထက်ပါ တာဝန်ခံက ဆက်ပြောပါတယ်။

ပေါ်တာဆွဲနေတဲ့ စစ်အုပ်စုဟာ အောက်တိုဘာ ၂၉ ရက်နေ့မှာ ညောင်ဦးဘက်ကနေ မြင်းခြံမြို့ထဲကို အင်အား ၃၀၀ ဝန်းကျင်နဲ့ ဝင်ရောက်လာတဲ့ စစ်ကြောင်းဖြစ်ပြီး အဆိုပါ စစ်အုပ်စုဟာ စစ်ကြောင်းထိုးတာမျိုး မလုပ်တော့ဘဲ ဒေသခံတွေကို ပေါ်တာဆွဲ ဖမ်းဆီးတာတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ရန်ကုန်မှာ ငလျင်ကြောင့် ဘဏ်နှင့် ပုဂ္ဂလိကလုပ်ငန်းများ နေ့တစ်ဝက်ရပ်နား၊ ဖုန်းလိုင်းနှင့် အင်တာနက်လိုင်းအများစု ပြတ်တောက်နေ

ကြီးမားတဲ့ ငလျင်လှုပ်ပြီးရင် နောက်ဆက်တွဲ ငလျင်တွေ လှုပ်ခတ်နိုင်တာကြောင့် ရန်ကုန်က  စက်ရုံ၊ အလုပ်ရုံနဲ့ ကုမ္ပဏီတွေကို နေ့တစ်ဝက် ရုံးပိတ်ကာ ဝန်ထမ်းတွေကို ပြန်ခွင့်ပြုနေတယ်လို့ သိရပါတယ်။
Read More

ရေးမြို့နယ် ချောင်းတောင်ဂိတ်က စစ်သားတွေ ခရီးသွားတွေကို ထောင်ချောက်ဆင် ဖမ်းဆီးငွေညှစ်နေ

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ချောင်း​တောင်ဂိတ်မှာ တာဝန်ကျနေတဲ့ အကြမ်းဖက်စစ်သားတွေက ခရီးသွားတွေကို မသင်္ကာလို့ဆိုပြီး ရှာဖွေစစ်ဆေးမှုတွေ လုပ်လေ့ရှိပါတယ်။ အဲ့လိုစစ်ဆေးရာမှာ ဆေးပြားတွေ အသင့်ဆောင်ထားကာ ခရီးသွားပြည်သူတွေဆီမှာ ရှာတွေ့တယ်ဆိုပြီး ထောင်ချောက်ဆင် ဖမ်းဆီးမှုတွေ လုပ်နေတယ်လို့ သိရပါတယ်။
Read More

ကနီ ချောင်းမတိုက်ပွဲမှ ထွက်ပြေးလာသည့် ဒုတပ်ကြပ်အပါအဝင် စစ်သား ၃ ဦးကို အရှင်ဖမ်းမိ အသေဖမ်းမိသူများလည်း ရှိသလို လက်နက်ခဲယမ်းများလည်း သိမ်းဆည်းရရှိခဲ့

“စစ်သုံ့ပန်းအနေနဲ့ ဖမ်းဆီးရမိထားတာဖြစ်လို့ သုံ့ပန်းဥပဒေတွေအတိုင်း တာဝန်ရှိသူတွေထံကို လွှဲပြောင်းပေးသွားမှာပါ။ လက်ရှိကတော့ နယ်မြေရှင်းလင်းရေး လုပ်ဆောင်ပြီးဖြစ်လို့ ပုံမှန်အတိုင်း လည်ပတ်နေကြပါပြီ” လို့ ULF V 02 သတင်းမှန်ပြန်ကြားရေးတာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

KNDF တပ်ရင်း (၂၅) က ရဲဘော်တွေရဲ့ ရှေ့တန်းလှုပ်ရှားမှု မှတ်တမ်းများ… (ဓာတ်ပုံသတင်း)

ကရင်နီပြည်အခြေစိုက် ကရင်နီအမျိုးသားများကာကွယ်ရေးတပ် - KNDF တပ်ရင်းအမှတ် ၂၅ က ရဲဘော်တွေရဲ့ ရှေ့တန်းမှာ စစ်ကောင်စီတပ်ကို တော်လှန်တိုက်ခိုက်နေတဲ့ မှတ်တမ်းပုံရိပ်တွေကို အဆိုပါတပ်ရင်းက ထုတ်ပြန်ဖော်ပြထားပါတယ်။
Read More

မော်လမြိုင်ကမ်းနားတွင် ရပ်နားထားသည့် အပျော်စီးသင်္ဘာ ရုတ်တရက် နစ်မြုပ်ခဲ့

မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ကမ်းနားလမ်းရှိ ထားဝယ်တံတားဆိပ်ကမ်းမှာ ရပ်နားထားတဲ့ Harmony River Cruise (ထီးလှိုင်) အပျော်စီးသင်္ဘောဟာ မနေ့က ဇူလိုင်လ ၂၁ ရက် မနက်ပိုင်းမှာ နစ်မြုပ်သွားခဲ့တယ်လို့ မော်လမြိုင်မြို့ခံတွေထံက သိရပါတယ်။ 
Read More

မတရားဖမ်းဆီးခံထားရသည့် အလုပ်သမားအရေးလှုပ်ရှားသူ ဒေါ်မျိုးမျိုးအေး အကျဉ်းထောင်အတွင်း လုံလောက်သည့် ဆေးဝါးကုသမှု မရ 

အင်းစိန်ထောင်မှာ မတရားဖမ်းဆီးခံထားရတဲ့ အလုပ်သမားအရေးလှုပ်ရှားသူ STUM ခေါင်းဆောင် ဒေါ်မျိုးမျိုးအေးဟာ လုံလောက်တဲ့ ဆေးဝါးကုသခွင့် မရဘူးလို့ သွေးစည်းညီညွတ်သော သမဂ္ဂများအဖွဲ့ချုပ်မြန်မာ (STUM) က သတင်းထုတ်ပြန်ထားပါတယ်။