တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ် မောင်းမကန်ကျေးရွာကနေ အင်အား ၇၄ ယောက်ခန့်နဲ့ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်တပ်ကို ၂ ရက်ဆက် တိုက်ခိုက်ခဲ့ရာ စစ်သား ၈ ယောက်  သေဆုံးခဲ့တယ်လို့ ထား၀ယ်ခရိုင်တပ်ပေါင်းစုက ဒီနေ့ညပိုင်းမှာ သတင်းထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၂၁ ရက်က မောင်းမကန်ကျေးရွာကနေ ကရင်ကြီးကျေးရွာဘက် စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်တပ်ကို တော်လှန်ရေးတပ်တွေက တိုက်ခိုက်ခဲ့ရာ တိုက်ပွဲ ၂ နာရီကြာ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

တိုက်ပွဲအတွင်း တော်လှန်ရေးရဲဘော် ၁ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

အဲဒီနောက် အောက်တိုဘာ ၂၂ ရက်က ကရင်ကြီးကျေးရွာကနေ ကမ်းပနီကျေးရွာကို ရောက်ရှိလာတဲ့ အကြမ်းဖက်စစ်တပ်ကို ထပ်မံတိုက်ခိုက်ခဲ့ပြီး စစ်သားတွေ ထိခိုက်သေဆုံးမှုရှိခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ ၂ ရက်ဆက်တိုက်ပွဲအတွင်း အကြမ်းဖက်စစ်သား ၈ ယောက် သေဆုံးခဲ့ကာ ထိခိုက်ဒဏ်ရာရရှိသူတွေလည်း ရှိတယ်လို့ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုကို ဒေါနစစ်ကြောင်း-၃ (KBDF)၊ ဒေါနတပ်ခွဲ-၇ (LPF)၊ ထားဝယ်ခရိုင်တပ်ပေါင်းစု၊ D.N.L.A ဒူရကစစ်ကြောင်း၊ ရာမညမွန်တပ်တော် (R.M.A) နဲ့ လောင်းလုံး ပကဖတို့ ပူးပေါင်း လုပ်ဆောင်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

Video – ထား၀ယ်ခရိုင်တပ်ပေါင်းစု

0 Shares:
You May Also Like
Read More

ဖာပွန်မြို့နယ်ရှိ အကြမ်းဖက်စစ်တပ်ရဲ့ ကူးဆိပ်တပ်စခန်းကို Rebel Bees-UAV Force က ဒရုန်းဖြင့် ဗုံးသီးကြဲချတိုက်ခိုက်

ကရင်ပြည်နယ် ဖာပွန်မြို့နယ် အကြမ်းဖက်စစ်တပ်ရဲ့ ကူးဆိပ်တပ်စခန်းကို ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တဲ့ မှတ်တမ်းရုပ်သံကို Rebel Bees-UAV Force ဟာ မနေ့ကညပိုင်းက ထုတ်ပြန်လိုက်ပါတယ်။
Read More

ဒေါ်အောင်ဆန်းစုကြည် အသက် (၈၀) ပြည့် မွေးနေ့အထိမ်းအမှတ် မန်းဂျော်နီ ကီလိုမီတာ ၈၀ ပြေး (ရုပ်/သံ)

ဇွန်လ ၁၉ ရက် မနက်ဖြန်မှာကျရောက်မယ့် ဒေါ်အောင်ဆန်းစုကြည် အသက် (၈၀) ပြည့်မွေးနေ့ အထိမ်းအမှတ်အနေနဲ့ ဧရာဝတီတိုင်း ဝန်ကြီးချုပ်ဟောင်း မန်းဂျော်နီက ကီလိုမီတာ ၈၀ ပြေးခဲ့တယ်လို့ သိရပါတယ်။
Read More

ပခုက္ကူမြို့နယ်အတွင်းရှိ မြစ်ခြေရဲစခန်းနဲ့ အကြမ်းဖက်စစ်သားတွေ တပ်စွဲထားတဲ့ နေရာကို ဒရုန်းတွေနဲ့ ဗုံးသီးကြဲချတိုက်ခိုက် (ရုပ်/သံ)

မကွေးတိုင်း ပခုက္ကူမြို့နယ် မြစ်ခြေရဲစခန်းနဲ့ အကြမ်းဖက်စစ်သားတွေ တပ်စွဲထားတဲ့ နေရာကို ဒရုန်းတွေနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တယ်လို့ Black Egale Drone Force အဖွဲ့ထံက သိရပါ တယ်။
Read More

စစ်ကောင်စီတပ်သားတွေ ထွက်ပြေးရင်း ရေထဲပစ်ချသွားတဲ့ လက်နက်တွေကို တော်လှန်ရေးရဲဘော်တွေ ပြန်လည်ဆယ်ယူ (ရုပ်/သံ)

ကချင်ပြည်နယ် အထူးဒေသ ၁ တရုတ်-မြန်မာ ကန်ဖန့်ရွာကို KIA နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ သိမ်းပိုက်စဉ် စစ်ကောင်စီတပ်သားနဲ့ ပြည်သူ့စစ်တွေ ရေထဲပစ်ချသွားတဲ့ လက်နက်တွေကို ပြန်လည်ဆယ်ယူခဲ့တယ်လို့ ရှေ့တန်းသတင်းရင်းမြစ်တွေထံက သိရပါတယ်။
Read More

ညောင်ဂျစ်ပင်ပျူစခန်းကို ရော့ကတ် ၁၀ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်၊ ကာကင်းစခန်းများနှင့် အဆောက်အအုံများ ပေါက်ကွဲ (ရုပ်/သံ)

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ညောင်ဂျစ်ပင်ပျူစခန်းကို မတ်လ ၁၆ ရက် မနေ့က နေ့လယ်ပိုင်းမှာ ရော့ကတ် ၁၀ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဘာမထီ လက်နက်ကြီးပြောက်ကျားတပ်ဖွဲ့  မြိုင် ထံက သိရပါတယ်။
Read More

မိုးကုတ်မြို့နယ် ရေထွက်ကြီးကျေးရွာကို စစ်ကော်မရှင် တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်၊ အမျိုးသား ၁ ဦး ဒဏ်ရာရ (ရုပ်/သံ)

မန္တလေးတိုင်း၊ မိုးကုတ်မြို့နယ် ရေထွက်ကြီးကျေးရွာကို စစ်ကော်မရှင်က တိုက်လေယာဉ်နဲ့ အောက်တိုဘာ ၁ ရက် မနက်ပိုင်းမှာ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။