မကွေးတိုင်း၊ ပေါက်မြို့နယ်မှာ စစ်ဘေးရှောင်တွေ နေထိုင်ရာနေရာကို အကြမ်းဖက်စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ၂ နှစ်ကျော်အရွယ် ကလေးငယ်တစ်ယောက်အပါအဝင် လူ ၅ ယောက် ဒဏ်ရာရခဲ့တယ်လို့ နယ်ခံတွေဆီက သိရပါတယ်။

နိုဝင်ဘာ ၂ ရက် ဒီမနက် ၈ နာရီကျော်လောက်မှာ လယ်ဘဲ့ကျေးရွာအနီးတဝိုက်ရှိ စစ်ဘေးရှောင်တွေ နေထိုင်တဲ့နေရာကို မိတ္ထီလာ ရှမ်းတဲလေတပ်က တက်လာတဲ့ ဂျက်ဖိုက်တာက လေကြောင်းတိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။

အဆိုပါ လေကြောင်းတိုက်ခိုက်မှုကြောင့် လယ်ဘဲ့ရွာက ဒေါ်ကြည်ဆန်း (၅၅ နှစ်)၊ ဦးအောင်ထူး (၇၁ နှစ်)၊ မောင်ဟိန်းမင်းသူ (၂ နှစ်) မောင်မျိုးဇင်ကို (၁၂ နှစ်) နဲ့ ကျအိုးရွာက မောင်ဟိန်းပြည့်ထက်တို့ ထိမှန်ဒဏ်ရာရခဲ့တာ ဖြစ်ပါတယ်။

“တစ်နေ့က ပေါက်တောင်ပိုင်းက ပျူရွာ ၂ရွာသိမ်းထားတာ၊ အခု မြောက်ပိုင်းကြဲသွားတာ၊ စစ်ရှောင်နေရာ၊ မြောက်ခမ်းမှာ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘူး။ စစ်ရှောင်တဲတွေ ထိမှန်သွားတယ်။ ထိမှန်တဲ့သူတွေက မိသားစုဝင် မဟုတ်လောက်ဘူး။ အခု စိစစ်ဆဲပဲ” လို့ ပေါက်နယ်ခံတစ်ယောက်က မောင်းကို ပြောပါတယ်။

လက်ရှိမှာတော့ စစ်ရှောင်ပြည်သူတွေ ထပ်မံထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။ အောက်တိုဘာ ၂၂ရက်နေ့ကလည်း ပေါက်မြို့နယ် အနောက်ခြမ်း ကျောက်ထစ်ကျေးရွာ အနောက်ဘက်တစ်နေရာကို တံတားဦး လေတပ်ကလာတဲ့ ဂျက်ဖိုက်တာက လေကြောင်းတိုက်ခိုက်ခဲ့ပါသေးတယ်။

“သူတို့စစ်ကြောင်းထိုးလို့ လေကြောင်းလာကြဲတာတော့ မဟုတ်ဘူး။ အခု စစ်ကြောင်းဖြန့်ဝင်နေတယ်။ မြိုင်နယ် ပေါက်နယ်ဘက် ပျူရွာတွေ စစ်ကြောင်းရောက်နေတယ်။ အခု လေကြောင်းက မနားတမ်း ပစ်နေတာ၊ ၃ရက်လောက်ရှိပြီ” လို့ အထက်ပါ ဒေသခံက ပြောခဲ့ပါတယ်။

စစ်ဘေးရှောင်များရှိရာကို စစ်အုပ်စု လေကြောင်းတိုက်ခိုက်မှုအပြီး မြင်ကွင်း (ဓာတ်ပုံ ဒေသခံ)

0 Shares:
You May Also Like
Read More

ထီးစဲခါး ရေတံခွန်ကျောင်းတိုက်ဆရာတော်ယာဉ်ကို စစ်တပ်က ပစ်ခတ်လို့ဆရာတော် ပျံလွန်တော်မူ

ပအိုဝ်းဒေသ၊ ထီးစဲခါးရေတံခွန် ကျောင်းတိုက် ဆရာတော်၏ယာဉ်ကို စစ်တပ်ကပစ်ခတ်ရာ ထီးစဲခါး ရေတံခွန် ကျောင်းတိုက်ဆရာတော် ပျံလွန်တော်မူပြီး ကျန်သံဃာ ၂ပါးဒဏ်ရာရရှိခဲ့ကြောင်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး တပ်မတော်(PNLA)က သတင်းထုတ်ပြန်ပါတယ်။
Read More

ပဲခူးအနောက်ခြမ်း တော်လှန်ရေးတပ်ဖွဲ့များထံ ပျူ ၁ ဦးနှင့် စစ်သား ၂ ဦး အလင်းဝင်လာ

ပဲခူးအနောက်ခြမ်းက တော်လှန်ရေးတပ်ဖွဲ့တွေထံကို ပျူစောထီး ၁ ယောက်နဲ့ စစ်သား ၂ ယောက် ပြီးခဲ့တဲ့ ရက်ပိုင်းမှာ အလင်းဝင်ရောက် ခိုလှုံလာတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေထံက သိရပါတယ်။
Read More

မွန်အားလုံးကို ကိုယ်စားမပြုနိုင်သည့် စစ်ကောင်စီ၏ လောင်းရိပ်မိ မွန်အမျိုးသားညီလာခံ

စစ်ကောင်စီနဲ့ အပစ်ခတ်ရပ်စဲရေး သဘောတူညီစာချုပ် (NCA) မှာ လက်မှတ်ရေးထိုးထားတဲ့ မွန်ပြည်သစ်ပါတီ (NMSP) နဲ့ စစ်ကောင်စီကျင်းပမယ့် ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်မယ်လို့ ကြေညာထားတဲ့ မွန်ညီညွတ်ရေးပါတီ (MUP) တို့ ဦးဆောင်ပြီး မွန်အမျိုးသားညီလာခံကို ကျင်းပခဲ့ပါတယ်။ 
Read More

လက်နက်စွန့်ဖို့ မင်းအောင်လှိုင် ဖိတ်ခေါ်အပြီး တောင်ကုတ်မြို့တစ်ခုလုံးကို AA သိမ်းပိုက်ထိန်းချုပ်

အာရက္ခတပ်တော် AA က တောင်ကုတ်က အမှတ်(၅) စစ်ဆင်ရေးဌာနချုပ်ကို တိုက်ခိုက်သိမ်းပိုက်ကာ တောင်ကုတ်မြို့တစ်ခုလုံးကို သိမ်းပိုက်ထိန်းချုပ်လိုက်ပြီဖြစ်ကြောင်း AA ရဲ့ စစ်ရေးသတင်းအရင်းအမြစ်တွေမှာ ဖော်ပြလာပါတယ်။ 
Read More

ကျောက်မဲမြို့နယ်၊ နမ့်ဆော့ကျေးရွာတွင် အကြမ်းဖက်စစ်တပ် လေကြောင်းနှင့် လက်နက်ကြီးများ ပစ်ခတ်တိုက်ခိုက်မှုကြောင့် အမျိုးသား (၁) ဦး ထိမှန်ဒဏ်ရာရ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်၊ နမ့်ဆော့ကျေးရွာမှာ အကြမ်းဖက်စစ်တပ်က တိုက်ပွဲမဖြစ်ပွားဘဲ လေကြောင်းနဲ့ လက်နက်ကြီးတွေ ပစ်ခတ်တိုက်ခိုက်မှုကြောင့် အမျိုးသား (၁) ယောက် ထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ တအာင်းတပ်မတော် (TNLA) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ခေါပုတ်စခန်းသိမ်းတိုက်ပွဲကနေ စစ်တပ်က စစ်သုံ့ပန်း ၁၇ ယောက် ဖမ်းမိခဲ့ပြီး ဒဏ်ရာရ စစ်သုံ့ပန်းတွေကို ဆေးကုသပေးနေ

ကရင်ပြည်နယ်၊ ကရင်အမျိုးသားအစည်အရုံး - KNU တပ်မဟာ ၅ နယ်မြေ ၊ ဖာပွန်မြို့နယ်၊ ခေါပုတ်စခန်းသိမ်းတိုက်ပွဲကနေ စစ်သုံ့ပန်း ၁၇ ယောက်ဖမ်းမိပြီး ဒဏ်ရာရသူတွေကို ဆေးကုသပေးနေတယ်လို့ KNU-Mutraw News က ထုတ်ပြန်ထားပါတယ်။