မကွေးနဲ့ ရခိုင်အစပ်၊ အမ်း-ပဒါန်းလမ်းပိုင်းရှိ နတ်ရေကန်ဗျူဟာကုန်းတိုက်ပွဲတွေကနေ ၂ လအတွင်း စစ်မှုထမ်းတပ်သား ၂၆ ယောက် အရှင်ဖမ်းဆီးရမိခဲ့သလို လက်နက် ၄ လက်နဲ့ ခဲယမ်းတွေသိမ်းဆည်းရရှိထားကြောင်း CDF- Asho သတင်းတာဝန်ရှိသူ ဆလိုင်းရိုးချင်းက မောင်းကို ပြောပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလနဲ့ အောက်တိုဘာလတွေထဲ ငဖဲမြို့နယ်၊ အမ်း-ပဒါန်းလမ်းပိုင်းက အာရက္ခတပ်တော် AA ဦးဆောင်တဲ့ တော်လှန်ရေးတပ်တွေနဲ့ အကြမ်းဖက်စစ်ကော်မရှင်တို့ရဲ့ နတ်ရေကန်ဗျူဟာကုန်းစခန်းတိုက်ပွဲတွေ၊ အကြမ်းဖက် စစ်ကူစစ်ကြောင်းတွေကနေ စစ်မှုထမ်းတပ်သားတွေကို ဖမ်းဆီးရမိခဲ့တာလို့ သိရပါတယ်။

ဖမ်းဆီးရမိသူတွေဟာ အကြမ်းဖက်စစ်အုပ်စုရဲ့ မတရား စစ်မှုထမ်းစုဆောင်းခံခဲ့ရသူတွေဖြစ်တယ်လို့လည်း ပြောပါတယ်။

ဒါ့အပြင် နတ်ရေကန်လမ်းဟောင်းတလျှောက်ကို နယ်မြေရှင်းလင်းရေးလုပ်ဆောင်ရာမှာလည်း သေနတ် ၄ လက်နဲ့ ခဲယမ်းအများအပြားကို CDF-Asho တို့ သိမ်းဆည်းရရှိခဲ့ပါတယ်။

“စစ်ကြောင်းတွေကရော နတ်ရေကန် ဗျူဟာကုန်းပေါ်ကရောပါ အစုံပါပဲ။ ပြေးလာကြသူတွေပါ” လို့ CDF- Asho သတင်းတာဝန်ရှိသူ ဆလိုင်းရိုးချင်းက မောင်းကိုပြောပါတယ်။

အကြမ်းဖက်စစ်တပ်အနေနဲ့ နတ်ရေကန် ဗျူဟာကုန်း မကျစေရေးအတွက် လေကြောင်းပစ်ကူတွေအဆက်မပြတ်အသုံးပြုခဲ့သလို စစ်ကူတွေလည်း တောက်လျှောက်ပို့နေခဲ့ရာမှာ Chin Defense Force -Ashoနဲ့ အခြားတပ်ဖွဲ့တွေက လမ်းပိုင်းတလျှောက် ဖြတ်တောက်တိုက်ခိုက်တာတွေအပါအဝင် ထိုးစစ်တိုက်ခိုက်တာမျိုးတွေပါ ရှိခဲ့ပါတယ်။

ဒီအတွက် ၂လတာအတွင်း CDF -Asho တပ်သား၂ယောက် ကျဆုံးပြီး ကိုယ်လက်ခြေအင်္ဂါဆုံးရှုံးရသူ ၂ယောက်နဲ့ အခြားထိခိုက်ဒဏ်ရာရသူ ၇ယောက်ရှိခဲ့တယ်လို့ CDF -Asho က ထုတ်ပြန်ထားပါသေးတယ်။

မကွေးတိုင်းနဲ့ ရခိုင်ပြည်နယ်ကို ဆက်သွယ်ထားတဲ့ အမ်း-ပဒါန်းလမ်းပေါ်က နတ်ရေကန် ဗျူဟာကုန်းကို အာရက္ခတပ်တော်(AA) နဲ့မဟာမိတ်တပ်တွေက ပြီးခဲ့တဲ့ဖေဖော်ဝါရီလကတည်းက ထိုးစစ်ဆင်တိုက်ခိုက်နေခဲ့တာ ဖြစ်ပါတယ်။

လက်ရှိမှာလည်း အာရက္ခတပ်တော် (AA) က နတ်ရေကန် ဗျူဟာကုန်းနဲ့ ပတ်သက်ပြီး လက်ကျန်အကြမ်းဖက်စစ်စခန်းတချို့ကို အပြီးသတ် တိုက်ခိုက်သိမ်းပိုက်နေတာကြောင့် ထိတွေ့တိုက်ပွဲတွေ ရှိနေတယ်လို့ ပြောထားပါတယ်။

နတ်ရေကန်ကာကင်းစခန်းတိုက်ပွဲတွေ၊ လေကြောင်းရန်ကာကွယ်ရေးတပ်စခန်း တိုက်ပွဲတွေကနေ မကြာခဏဆိုသလို စစ်ကော်မရှင်တပ်သားတွေ ထွက်ပြေးတာတွေရှိနေရာမှာ ထွက်ပြေးလာတဲ့ စစ်သားတွေကို CDF-Asho ၊ PRA -Magway စတဲ့ ငဖဲအခြေစိုက် တော်လှန်ရေးတပ်တွေက ဖမ်းဆီးရမိတာမျိုးတွေ ရှိနေတာဖြစ်ပါတယ်။

ကျားဖြန့်လုပ်ငန်းတွေ လုပ်ကိုင်နေတဲ့ KK Park စီမံကိန်းမှာ ကရင်အမျိုးသားအစည်းအရုံး (KNU) ခေါင်းဆောင်တွေလည်း ပါဝင်ပတ်သက်နေတယ်လို့ အကြမ်းဖက်စစ်တပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဇော်မင်းထွန်းက ပြောဆိုလာတဲ့အပေါ် KNU ဗဟိုအလုပ်အမှုဆောင် ပဒိုစောတောနီးက အခုလို စွပ်စွဲမှုတွေကို တုံ့ပြန်သွားမယ်လို့ မောင်းကို ပြောပါတယ်။

0 Shares:
You May Also Like
Read More

ဘီးလင်းတွင် ဈေးသွားဝယ်သည့် လူငယ်ကို စစ်အုပ်စု ဖမ်းဆီးပြီး သိန်း ၃၀ ဖြင့် ပြန်ရွေးခိုင်း

မွန်ပြည်နယ် ဘီးလင်းမြို့နယ်၊ ဆင်အင်းကျေးရွာအုပ်စုက ဈေးသွားဝယ်တဲ့ လူငယ်တစ်ယောက်ကို အကြမ်းဖက်စစ်အုပ်စုက ဖမ်းဆီးပြီး ငွေ သိန်း ၃၀ နဲ့ ပြန်ရွေးခိုင်းခဲ့တယ်လို့ ဘီးလင်းနယ်ခံတွေဆီက သိရပါတယ်။
Read More

“ရန်သူ့အခက် ငါတို့အချက် အပစ်မရပ်နဲ့ အမြစ်ဖြတ်ချ” လူထုသပိတ်တိုက်ပွဲကျင်းပ (ဓာတ်ပုံသတင်း)

အမေရိကန်နိုင်ငံ၊ ဆန်ဖရန်စစ္စကိုမြို့၊ မြို့တော်ခန်းမရှေ့မှာ “ရန်သူ့အခက် ငါတို့အချက် အပစ်မရပ်နဲ့ အမြစ်ဖြတ်ချ” ခေါင်းစဉ်နဲ့ စစ်အာဏာရှင် ဆန့်ကျင်ရေး မြေပြင်လူထုသပိတ်တိုက်ပွဲကို Free Burma Action Committee-Northern California က လုပ်ဆောင်ခဲ့ပါတယ်။
Read More

လေးကေ့ကော်ဒေသတိုက်ပွဲတွင် စစ်ကော်မရှင်တပ်ထံမှ ခဲယမ်းများစွာ သိမ်းဆည်းရရှိ၊ “ပစ္စည်းကမှာထားတာကြာပြီ၊ အခုမှလာပို့တာ၊ လက်ခံရရှိကြောင်း ငါ လက်မှတ်ထိုးပေးလိုက်မယ်နော်၊ တပ်မ (၂၂) တပ်မမှူးကို”

ကရင်ပြည်နယ်၊ လေးကေ့ကော်မြို့သစ်အနီးက တိုက်ပွဲမှာ စစ်ကော်မရှင်တပ်ထံကနေ တော်လှန်ရေးတပ်ဖွဲ့တွေ လက်နက်ခဲယမ်းများစွာ သိမ်းဆည်းရရှိခဲ့ကြောင်းကို ကျားသစ်နက်စစ်ကြောင်းက ထုတ်ပြန်ပါတယ်။
Read More

ကျောက်ကြီးမြို့နယ်မှာ စစ်ကောင်စီတပ်ကို ၁၀ ယောက် သေပြီး ၁၅ ယောက် ဒဏ်ရာရ..

ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်၊ ရွာကြီးအင်းကျေးရွာထိပ်မှာ စစ်ကောင်စီစစ်ကြောင်းကို တော်လှန်ရေးပူးပေါင်းတပ်က တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၁၀ ယောက် သေဆုံးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ၊ တောင်ပိုင်းစစ်ဒေသက ထုတ်ပြန်ထားပါတယ်။
Read More

ရွေးကောက်ပွဲအပိုင်း ၂ ကျင်းပရန် နယ်လှည့်စစ်ဆေးနေသည့် စစ်အုပ်စုယာဉ်တန်းကို တိုက်ခိုက်ရာ မြို့နယ်မှူး တဦးအပါ ၈ ဦး သေဆုံးပြီး လက်နက်တချို့သိမ်းဆည်းရမိ

အတုအေယာင် ရွေးကောက်ပွဲ အပိုင်း ၂ ကျင်းပနိုင်ဖို့အတွက် မကွေးတိုင်း၊ မြို့သစ်မြို့နယ်ထဲကို လှည့်လည် စစ်ဆေးနေတဲ့ စစ်အုပ်ရဲ့ ယာဉ်တန်းကို တော်လှန်ရေးတပ်တွေက ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။
Read More

စဉ့်ကူးမှာ မူးယစ်ဆေးဝါး ရောင်းဝယ်နေသူ ၁ ဦးကို WY ဆေးပြား ၅၂၀၀ ပြားနှင့်အတူ ပကဖ ဖမ်းဆီး

မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်မှာ မူးယစ်ဆေးဝါး ရောင်းဝယ်နေသူ ၁ ယောက်ကို WY ဆေးပြား ၅၂၀၀ ပြားနဲ့အတူ ဖမ်းဆီးရမိခဲ့တယ်လို့ စဉ့်ကူးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ - ပကဖ ဆီက သိရပါတယ်။