ပြည်သူ့ရှေ့ဆောင်ပါတီ ဥက္ကဋ္ဌ သက်သက်ခိုင်ဟာ အတုအယောင် ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်နိုင်ဖို့  စစ်တပ်လက်အောက်ခံ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) ကို အသနားခံစာ ၂ စောင် တင်သွင်းထားပေမယ့် အကြောင်းမပြန်လာသေးဘူးလို့ ထုတ်ပြောခဲ့ပါတယ်။ 

နိုဝင်ဘာလ ၁ ရက် မနေ့က ရန်ကုန်မြို့ Sky Star Hotel မှာ ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဒေါ် သက်သက်ခိုင်က အခုလို ပြောဆိုခဲ့တာ ဖြစ်ပါတယ်။ 

“UEC ကို ကျမ အသနားခံစာတင်ထားတယ်။ UEC က ဒီအသနားခံစာကို လက်ခံလားမခံလားကတော့ ဒီနေ့အထိ အကြောင်းမပြန်သေးဘူး” လို့ ဒေါ်သက်သက်ခိုင်က ဆိုပါတယ်။ 

UEC က ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၉ ရက်နေ့မှာ ဒေါ်သက်သက်ခိုင်ကို ကိုယ်စားလှယ်လောင်း သက်သေခံကတ်ပြား ထုတ်ပေးခဲ့ပေမယ့် အောက်တိုဘာလ ၂၁ ရက်နေ့မှာတော့ ကိုယ်စားလှယ်လောင်းစာရင်းကနေ ပယ်ဖျက်ကြောင်း အကြောင်းကြားစာ ရရှိခဲ့တယ်လို့ သိရပါတယ်။ 

ဒေါ်သက်သက်ခိုင်ဟာ စစ်တပ်ရဲ့ ထောက်တိုင်အကြီးစားဖြစ်သလို စစ်တပ် အာဏာသိမ်းပြီး နောက်ပိုင်းကလည်းက စစ်တပ်ရဲ့ လုပ်ရပ်မှန်သမျှကို ထောက်ခံလာသူလည်း ဖြစ်ပါတယ်။ 

ဒါကြောင့် သူဟာ စစ်တပ်က ကျင်းပမယ့် အတုအယောင် ရွေးကောက်ပွဲမှာ ရန်ကုန်တိုင်းဒေသကြီး အမျိုးသားလွှတ်တော် FPTP မဲဆန္ဒနယ် အမှတ် (၂) ကနေ ဝင်ရောက်ယှဉ်ပြိုင်ဖို့ အမည်စာရင်းတင်သွင်းခဲ့တာပဲ ဖြစ်ပါတယ်။ 

ဒါပေမယ့် စစ်အုပ်စုလက်အောက်ခံ UEC ကတော့ ဒေါ်သက်သက်ခိုင်ကို အောက်တိုဘာလ ၂၅ ရက်နေ့မှာ အကြွေးတွေ ပေးဆပ်ဖို့ ကျန်ရှိနေတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်းနေရာကနေ ပယ်ဖျက်ကြောင်း ကြေညာလာခဲ့တာ ဖြစ်ပါတယ်။ 

သူဟာ အဆိုပါ သတင်းစာရှင်းလင်းပွဲမှာ‌ “ကျမတို့ပါတီက တော်လှန်ရေးကို မယုံကြည်ဘူး တည်ဆောက်ရေးကို ယုံကြည်တယ်၊ ထိပ်တိုက်ရင်ဆိုင်တာတွေကို မယုံကြည်ဘူး” လို့လည်း ပြောဆိုသွားခဲ့ပါတယ်။

ရွှေနန်းတော် ရွှေဆိုင်ပိုင်ရှင်ဖြစ်တဲ့ ဒေါ်သက်သက်ခိုင်ဟာ 68 Residence ဆိုခေါ်တဲ့ အိမ်ရာစီမံကိန်းအတွက်  စစ်အုပ်စု ထောက်တိုင် အကြီးစားဖြစ်တဲ့ ကမ္ဘောဇဘဏ်ကနေ ငွေကျပ် ဘီလီယံ ၁၀၀ ကျော် ချေးယူထားပြီး အဆိုပါအကြွေးတွေကို ပြန်မဆပ်နိုင်တာကြောင့် ရွေးကောက်ပွဲဝင်ခွင့် ပယ်ဖျက်ခံရတာ ဖြစ်တယ်လို့လည်း ပြည်သူတွေက ယုံကြည်ကြပါတယ်။ 

CDM ဗိုလ်ကြီးဇင်ယော်ကတော့ “ရှင်းရှင်းပြောရရင်တော့ သူတို့ချည်းပဲ ကိုယ်စားလှယ်လောင်း ဖြစ်ချင်တဲ့ သဘောပါပဲ။ လွှတ်တော်မှာတော့ ရာနှုန်းပြည့် ကြံဖွံ့ သူတို့ စစ်ဗိုလ်ချုပ်တွေပဲဖြစ်မှာ… အယောင်ပြ ၁ယောက် ၂ယောက်လောက်ကလည်း အလကားနေ NLD ကို ဆဲနေတဲ့ သူမျိုးကိုပဲ လက်ခံမယ့် အနေအထားမျိုးပေါ့နော်။ ဒေါ်သက်သက်ခိုင်ကျတော့လည်း လွှတ်တော်ထဲ ရောက်တာနဲ့ လေသံပြောင်းတာကို ကြုံခဲ့ဖူးတော့ ဒီလို အတိုက်အခံတွေကို ကြိုရှင်းနေတဲ့ အခြေအနေပါ” လို့ မှတ်ချက်ပြုခဲ့ပါတယ်။

0 Shares:
You May Also Like
Read More

အင်းတော်ကို စစ်ကူလာသည့် အကြမ်းဖက်စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်၊ စစ်သား ၄၀ ခန့်သေပြီး ၃၀ ခန့်အရှင်ဖမ်းမိ

စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်ကနေ အင်းတော်မြို့နယ်ဘက် စစ်ကူလာတဲ့ အကြမ်းဖက်စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ရာ စစ်သားအယောက် ၄၀ ခန့်သေဆုံးပြီး အယောက် ၃၀ ခန့်ကို အရှင်ဖမ်းမိခဲ့တယ်လို့ ကချင်လွတ်လပ်ရေးတပ်မတော် - KIA ရဲ့ ရှေ့တန်းစစ်ရေးသတင်းရင်းမြစ်ဆီက သိရပါတယ်။
Read More

ပြည်တွင်းရေးကို နိုင်ငံရေးနည်းနဲ့ဖြေရှင်းဖို့ အသင့်ရှိကြောင်း AA ထုတ်ပြန်

လက်ရှိမြန်မာ့အရေးကို စစ်ရေးနဲ့ ဖြေရှင်းမှုထက် နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းဖို့ အမြဲတမ်းအသင့်ရှိကြောင်း အာရက္ခတပ်တော် (AA) က ဒီနေ့ ဒီဇင်ဘာ ၂၉ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။
Read More

ဗန်းမောက်မြို့အား အောင်မြင်စွာ သိမ်းပိုက်မှု NUG အမှတ် ၁ စစ်ဒေသ တရားဝင်ထုတ်ပြန်၊ SNA ဗိုလ် (၁) ဦးအပါ အလောင်း (၇) လောင်းကို ရရှိခဲ့

စစ်ကိုင်းတိုင်း၊ ကသာခရိုင်၊ ဗန်းမောက်မြို့နယ်၊ အကြမ်းဖက်စစ်တပ် စိုးမိုးနယ်မြေအတွင်းရှိ ဗန်းမောက်မြို့ကို စက်တင်ဘာလ (၁၅) ရက်မှာ စတင် ထိုးစစ်ဆင်တိုက်ခိုက်ရာ စက်တင်ဘာလ (၂၀) ရက်မှာ အောင်မြင်စွာ သိမ်းပိုက်နိုင်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် ၁ စစ်ဒေသက ဒီနေ့မှာ တရားဝင်ထုတ်ပြန်ပါတယ်။
Read More

စစ်ကောင်စီလက်အောက်ခံ အနက်ရောင် သေမင်းတမန်အဖွဲ့ ပြည်သူ ၂ ဦးကို ထပ်မံသတ်ဖြတ်

ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ်၊ ရှားစေဘိုးကျေးရွာထိပ်မှာ ပြည်သူ ၂ယောက်ရဲ့ သတ်ဖြတ်ခံထားရတဲ့အလောင်းတွေကို တွေ့ရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
Read More

ညောင်ဦး-ချောက်လမ်းပိုင်းတွင် အကြမ်းဖက်စစ်တပ်မှ ဗိုလ်ကြီးအဆင့်ရှိသူ ၂ ဦးကို တော်လှန်ရေးတပ်များ ဖမ်းဆီးရမိ…

" သူတို့ဗိုလ်ကြီးပိုင်းအရာရှိတွေဆိုတော့ အထက်က သက်ဆိုင်ရာအဖွဲ့တွေကိုပဲ လွှဲပေးထားတယ်။ ထိရောက်တဲ့ အရေးယူမှုတွေ လုပ်မှာပါ။" လို့ ညောင်ဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ပကဖ တာဝန်ရှိသူ ကိုဇီးက မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

ပင်လယ်ဘူးမြို့သိမ်းတိုက်ပွဲမှာ ပါဝင်ခဲ့တဲ့ မြောင်မြို့နယ်တော်လှန်ရေးတပ်ရဲ့ မှတ်တမ်းပုံရိပ်များ (ဓာတ်ပုံသတင်း)

စစ်ကိုင်းတိုင်းအတွင်း ပင်လယ်ဘူးမြို့သိမ်းတိုက်ပွဲမှာ ပါဝင်ခဲ့တဲ့ စစ်ကိုင်းခရိုင်အမှတ် ၅ တပ်ရင်း - မြောင်မြို့နယ်တော်လှန်ရေးတပ် (MRA) က တပ်ဖွဲ့ဝင်တွေရဲ့ မှတ်တမ်းပုံရိပ်တွေကို ဒီနေ့မှာ ထုတ်ပြန်ဖော်ပြထားပါတယ်။