တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်၊ လေးမိုင်ရွာအနီး အကြမ်းဖက်စစ်တပ် ခြေကုပ်ယူထားတဲ့ နေရာကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်တပ်အရာရှိ ၁ ယောက်အပါအဝင် အများအပြားသေဆုံးခဲ့တယ်လို့ တနင်္သာရီမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပ.က.ဖ) က ဒီနေ့ သတင်းထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၂၈ ရက် နေ့လယ်ပိုင်းက တနင်္သာရီမြို့နယ်၊ လေးမိုင်ရွာအနီး စစ်တပ်ခြေကုပ်ယူထားရာ နေရာကို တော်လှန်ရေးတပ်တွေ ပူးပေါင်းပြီး ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

နှစ်ဘက်အပြန်အလှန် ပစ်ခတ်တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်တပ်က အရာရှိ ၁ ယောက် အပါအဝင် အများအပြား ထိခိုက်သေဆုံးခဲ့ကာ တော်လှန်ရေးရဲဘော် ၁ ယောက်လည်း ကျဆုံးခဲ့တယ်လို့ သိရပါတယ်။

တနင်္သာရီမြို့နယ်အတွင်း ဖြစ်ပေါ်နေတဲ့ စစ်ရေးအခြေအနေတွေအရ ဒေသခံမိဘပြည်သူတွေ၊ ခရီးသွားပြည်သူတွေအနေနဲ့ သတိရှိစွာ သွားလာနေထိုင်ပေးကြဖို့နဲ့ မိဘပြည်သူတွေရဲ့ လုံခြုံရေးကိုရှေးရှုပြီး မေတ္တာရပ်ခံကြောင်း တနင်္သာရီ ပ.က.ဖ က ဆိုထားပါတယ်။

အထက်ပါတိုက်ခိုက်မှုကို တနင်္သာရီမြို့နယ် ပကဖ၊ ‌မြိတ်ခရိုင်တပ်ရင်း ၂ တပ်ခွဲ (၁)၊ တပ်ရင်း ၃ တပ်ခွဲ (၂)၊ KNDO တပ်ဖွဲ့၊ မြိတ်ခရိုင် ပကဖနဲ့ မြိတ်မြို့နယ် ပကဖ တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

Video – တနင်္သာရီမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပ.က.ဖ)

0 Shares:
You May Also Like
Read More

ကန့်ဘလူခရိုင်အတွင်း ဝါသဝဦးဆောင်တဲ့ ပျူစောထီးအဖွဲ့နဲ့ အကြမ်းဖက်စစ်သားပူးပေါင်းစစ်ကြောင်းကို တိုက်ခိုက်ခဲ့တဲ့ ရုပ်သံဖိုင် ကန့်ဘလူခရိုင် -တပ်ရင်း ၄ထုတ်ပြန် (ရုပ်/သံ)

စစ်ကိုင်းတိုင်း ကန့်ဘလူခရိုင်အတွင်း ဝါသဝဦးဆောင်တဲ့ ပျူစောထီးအဖွဲ့နဲ့ စစ်ကောင်စီတပ်ရဲ့ ခမရ ၃၆၁ အကြမ်းဖက်စစ်သားပူးပေါင်းစစ်ကြောင်းကို တိုက်ခိုက်ခဲ့တဲ့ ရုပ်သံဖိုင်ကို ကန့်ဘလူ ခရိုင် တပ်ရင်း ၄ ထုတ်ပြန်ထားပါတယ်။
Read More

စစ်ကောင်စီတပ် သေ့ဘောဘိုးစခန်းမကျစေရေး လက်နက်ကြီးနဲ့ ‌လေကြောင်းပစ်ကူပေးပြီး အပြင်းအထန် ခုခံတိုက်ခိုက် (ရုပ်/သံ)

ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ သေ့ဘောဘိုးစခန်းမကျစေရေး စစ်ကောင်စီတပ်ဟာ လက်နက်ကြီးနဲ့ လေကြောင်းပစ်ကူတွေပေးနေပြီး အပြင်းအထန် ခုခံတိုက်ခိုက်လျက်ရှိတယ်လို့ သိရပါတယ်။
Read More

ရန်ကုန်မြို့တစ်နေရာမှာ ၇၆ ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးလှုပ်ရှားမှုပြုလုပ် (ရုပ်/သံ)

ရန်ကုန်မြို့ တစ်နေရာမှာ ဒီဇင်ဘာ ၁၀ ရက်က ရွှေပြည်သာသပိတ်ကော်မတီ -(SPTSC) နဲ့ မျိုးဆက် သစ်လူငယ်သပိတ်ကော်မတီ - (NGYSC) တို့ ပူးပေါင်းပြီး 'လူ့အခွင့်‌အရေးထွန်းကားစေ တရားမျှတလွတ်လပ်မြေ' ဘန်နာကိုင်ဆောင်ကာ လှုပ်ရှားမှုတစ်ရပ်ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

မြင်းခြံမြို့ပေါ်က ထွက်လာတဲ့ စစ်ကော်မရှင်စစ်ကြောင်းကို ဒရုန်းနဲ့ ဗုံးသီး အလုံး ၅၀ ကျော် ကြဲချတိုက်ခိုက် (ရုပ်/သံ)

မန္တလေးတိုင်း မြင်းခြံမြို့ပေါ်ကနေ ထွက်လာတဲ့ စစ်ကော်မရှင်စစ်ကြောင်းကို ဒရုန်းနဲ့ ဗုံးသီးအလုံး ၅၀ ကျော် ကြဲချတိုက်ခိုက်ခဲ့တယ်လို့ မြင်းခြံခရိုင် အမှတ် (၁) တပ်ရင်းမှ သတင်းထုတ်ပြန်ထားပါတယ်။ အောက်တိုဘာ ၅ ရက်ကနေ အောက်တိုဘာ ၂၁ ရက်အထိ မြင်းခြံမြို့ပေါ်က ထွက်လာတဲ့ စစ်ကော် မရှင်စစ်ကြောင်းကို ကားလမ်းတစ်လျှောက် ဒရုန်းနဲ့ ဗုံးသီး ၅၇ လုံး ကြဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
Read More

နမခ ကို ၁၀၇ မမ ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်တိုက်ခိုက်မှု အရာရှိအပါအဝင် ၉ ဦး သေပြီး ၁၆ ယောက် ဒဏ်ရာရ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်ရှိ အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ)ကို မတ်လ ၂၃ ရက် ညပိုင်းက ၁၀၇ မမ ရှော့တိုက်ဒုံး ၃ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Brave Warriors for Myanmar အဖွဲ့ထံက သိရပါတယ်။
Read More

တောင်ငူမြို့ ကေတုမတီလေတပ်စခန်းကို ရှော့တိုက်ဒုံးများ ပစ်ခတ်တိုက်ခိုက်မှု လေတပ်အရာရှိ ၅ ဦး အပါအဝင် ၁၁ ဦး သေဆုံး၊ အများအပြား ဒဏ်ရာရ (ရုပ်/သံ)

ပဲခူးတိုင်း တောင်ငူမြို့ရှိ စစ်ကောင်စီတပ်ရဲ့ ကေတုမတီလေတပ်စခန်းကို ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ လေတပ်အရာရှိ ၅ ယောက်အပါအဝင် ၁၁ ယောက် သေဆုံးပြီး အများအပြား ဒဏ်ရာရရှိသွားကာ အပျက်အစီးလည်း များပြားခဲ့တယ်လို့  Brave Warriors for Myanmar (BWM) က ဒီနေ့မှာ သတင်းထုတ်ပြန်ထားပါတယ်။