တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်၊ လေးမိုင်ရွာအနီး အကြမ်းဖက်စစ်တပ် ခြေကုပ်ယူထားတဲ့ နေရာကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်တပ်အရာရှိ ၁ ယောက်အပါအဝင် အများအပြားသေဆုံးခဲ့တယ်လို့ တနင်္သာရီမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပ.က.ဖ) က ဒီနေ့ သတင်းထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၂၈ ရက် နေ့လယ်ပိုင်းက တနင်္သာရီမြို့နယ်၊ လေးမိုင်ရွာအနီး စစ်တပ်ခြေကုပ်ယူထားရာ နေရာကို တော်လှန်ရေးတပ်တွေ ပူးပေါင်းပြီး ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

နှစ်ဘက်အပြန်အလှန် ပစ်ခတ်တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်တပ်က အရာရှိ ၁ ယောက် အပါအဝင် အများအပြား ထိခိုက်သေဆုံးခဲ့ကာ တော်လှန်ရေးရဲဘော် ၁ ယောက်လည်း ကျဆုံးခဲ့တယ်လို့ သိရပါတယ်။

တနင်္သာရီမြို့နယ်အတွင်း ဖြစ်ပေါ်နေတဲ့ စစ်ရေးအခြေအနေတွေအရ ဒေသခံမိဘပြည်သူတွေ၊ ခရီးသွားပြည်သူတွေအနေနဲ့ သတိရှိစွာ သွားလာနေထိုင်ပေးကြဖို့နဲ့ မိဘပြည်သူတွေရဲ့ လုံခြုံရေးကိုရှေးရှုပြီး မေတ္တာရပ်ခံကြောင်း တနင်္သာရီ ပ.က.ဖ က ဆိုထားပါတယ်။

အထက်ပါတိုက်ခိုက်မှုကို တနင်္သာရီမြို့နယ် ပကဖ၊ ‌မြိတ်ခရိုင်တပ်ရင်း ၂ တပ်ခွဲ (၁)၊ တပ်ရင်း ၃ တပ်ခွဲ (၂)၊ KNDO တပ်ဖွဲ့၊ မြိတ်ခရိုင် ပကဖနဲ့ မြိတ်မြို့နယ် ပကဖ တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

Video – တနင်္သာရီမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပ.က.ဖ)

0 Shares:
You May Also Like
Read More

တော်လှန်ရေးတပ်များ သိမ်းပိုက်ထားသည့် အကြမ်းဖက်စစ်တပ်၏ ဖလမ်းတပ်ကုန်း မြေအောက်လှိုဏ်ဂူ (ရုပ်/သံ)

ချင်းပြည်နယ် ဖလမ်းမြို့ကို တော်လှန်ရေးတပ်တွေ တိုက်ခိုက်သိမ်းပိုက်စဉ် အကြမ်းဖက်စစ်သားတွေ ပုန်းအောင်းခဲ့တဲ့ ခလရ ၂၆၈ တပ်ကုန်းမြေအောက်လှိုဏ်ဂူမြင်ကွင်းကို CNDF TTC Camp က ထုတ်ပြန်လိုက်ပါတယ်။
Read More

မြန်မာပြည်သူများနှင့်အတူ ပြန်လည်ထူထောင်ရေး ကူညီဖို့အသင့်ရှိကြောင်း အမေရိကန်သံရုံး ထုတ်ပြန် (ရုပ်/သံ)

ငလျင်ဒဏ်ခံစားနေရတဲ့ မြန်မာပြည်သူပြည်သားတွေနဲ့ စည်းလုံးညီညွတ်စွာ ရပ်တည်ပြီး ပြန်လည် ထူထောင်ရေးကြိုးပမ်းမှုကို ကူညီဖို့ အသင့်ရှိကြောင်း အမေရိကန်သံရုံး အကြီးအကဲ ဆူဆန်စတီဗင်ဆင်က ပြောကြားခဲ့ပါတယ်။
Read More

ထားဝယ်မြို့မှာ ဆီတင်သင်္ဘောမီးလောင်ပြီး လူ ၈ ယောက်သေဆုံး (ရုပ်/သံ)

တနင်္သာရီတိုင်း၊ ထားဝယ်မြို့မှာ အောက်တိုဘာ ၁၄ ရက် ညနေပိုင်းက ဆီတင်သင်္ဘော ၁ စီး မတော်တဆမှုဖြစ်ပွားကာ မီးလောင်ခဲ့ပါတယ်။ မီးလောင်မှုကြောင့် လူ ၈ ယောက်သေဆုံးကာ ၃ ယောက် ထိခိုက်ဒဏ်ရာရရှိပြီး ၁ ယောက် ပျောက်ဆုံးလျက်ရှိတယ်လို့ ထားဝယ်မီးသတ်ဌာနထံက သိရပါတယ်။
Read More

ပုလောမြို့နယ် ခလရ ၁၇ တပ်ရင်းကို တော်လှန်ရေးတပ်တွေ တိုက်ခိုက်မှု အကြမ်းဖက်စစ်သား ၃ ယောက်သေ (ရုပ်/သံ)

တနင်္သာရီတိုင်း၊ ပုလောမြို့နယ် အခြေစိုက် ခလရ ၁၇ တပ်ရင်းကို ‌တော်လှန်ရေးတပ်တွေ ဇန်နဝါရီ ၉ ရက် မနက်ပိုင်းက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်သား ၃ ယောက်သေခဲ့တယ်လို့ မြိတ်ခရိုင်အမှတ် ၁ တပ်ရင်းထံက သိရပါတယ်။
Read More

တောင်ငူခရိုင် အမှတ် ၂ တပ်ရင်း၏ တော်လှန်ရေးကာလ ဖြတ်သန်းမှုပုံရိပ်များ (ရုပ်/သံ)

တောင်ငူခရိုင်အမှတ် ၂ တပ်ရင်းရဲ့ စစ်အာဏာရှင်တော်လှန်ရေး၊ လူထုထောက်ပံ့ရေးနဲ့ ဒေသအကျိုးပြုလုပ်ဆောင်ချက်ဆိုင်ရာ ဖြတ်သန်းမှုပုံရိပ် မှတ်တမ်းရုပ်သံဖိုင်ကို အဆိုပါ တပ်ရင်းက ထုတ်ပြန်ခဲ့ပါတယ်။
Read More

မြင်းမူမြို့နယ် ဂွေးပင်တောရွာရှိ စစ်ကောင်စီကင်းပုန်းနဲ့ အထိုင်နေရာတွေကို ဒရုန်းနဲ့ ဗုံးသီးကြဲချ တိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း မြင်းမူမြို့နယ် ဂွေးပင်တောရွာရှိ စစ်ကောင်စီကင်းပုန်းနဲ့ အထိုင်နေရာတွေကို ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တယ်လို့ TGYR-youthguerrillacounterrevolution-nz မှ သတင်းထုတ် ပြန်ထားပါတယ်။