စစ်ကိုင်းတိုင်း ဆားတောင်မြို့အနောက်ဘက်ကို အင်အား ၆၀ ခန့်နဲ့ စစ်ကြောင်းထိုးလာတဲ့ အကြမ်း ဖက်စစ်ကော်မရှင်တပ်သားတွေကို တိုက်ခိုက်ခဲ့ရာ ၅ ဦးထက်မနည်း သေဆုံးပြီး‌ သေနတ် ၁ လက် သိမ်းဆည်းရရှိခဲ့တယ်လို့ ဆားတောင်မိုးကြိုးပြည်သူကာကွယ်ရေးတပ်ဖွဲ့မှ သတင်းထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၃၁ ရက်က ဆားတောင်မြို့ကနေ အနောက်ဘက်သို့ စစ်ကြောင်းထိုးလာတဲ့ ရဲ၊ စစ်သားနဲ့ ပျူစောထီး အင်အား ၆၀ ခန့်ကို လမ်းတစ်နေရာမှာ စစ်ကိုင်းခရိုင်ကွပ်ကဲရေးစစ်ဌာနရဲ့ လမ်းညွတ်ချက်နဲ့ ဆားတောင်မိုးကြိုးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

တိုက်ပွဲ ၂ နာရီကြာ ဖြစ်ပွားခဲ့ပြီး စစ်ကော်မရှင်တပ်သား ၅ ဦးထက်မနည်းသေဆုံးပြီး ၁၀ ဦးခန့် ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ သိရပါတယ်။

တိုက်ခိုက်မှုအတွင်း Ma1 ၁ လက်၊ ၆၀ မမ ၂ လုံး၊ ကျဥ်အိမ် ၃ ခုနှင့် ဆက်စပ်ပစ္စည်းတွေ သိမ်းဆည်း ရရှိခဲ့တယ်လို့ သိရပါတယ်။

Video – ဆားတောင်မိုးကြိုးပြည်သူကာကွယ်ရေးတပ်ဖွဲ့

0 Shares:
You May Also Like
Read More

ကလေးငယ်တွေအတွက် ဘေးကင်းလုံခြုံတဲ့ ကျောင်းများ တည်ဆောက်နိုင်ရေး ဝိုင်းဝန်းကူညီကြဖို့ ပိုင်ဖြိုးသု တိုက်တွန်း (ရုပ်/သံ)

မြန်မာနိုင်ငံအတွင်း ကလေးငယ်တွေ လုံခြုံစွာ ပညာသင်နိုင်ဖို့အတွက် ဘေးကင်းလုံခြုံတဲ့ ကျောင်းတွေတည်‌ဆောက်နိုင်ရေး အားလုံးဝိုင်းဝန်းကူညီကြဖို့ တော်လှန်အနုပညာရှင် ပိုင်ဖြိုးသုက တိုက်တွန်းလိုက်ပါတယ်။
Read More

UWSA ထိန်းချုပ်နယ်မြေဖြစ်သည့် နမ့်တစ်မြို့ရှိ ရွှေဆိုင်မှာ မြေအောက်လှိုဏ်ဂူတူးပြီး ခိုးယူခံရ (ရုပ်/သံ)

ဝပြည်သွေးစည်းညီညွတ်ရေး တပ်မတော် - UWSA ထိန်းချုပ်နယ်မြေဖြစ်တဲ့ ဟိုပန်ခရိုင် နမ့်တစ်မြို့ရှိ ရွှေဆိုင်မှာ မြေအောက်လှိုဏ်ဂူတူးပြီး ရွှေခိုးယူမှုဖြစ်ပွားခဲ့တယ်လို့ ဒေသတွင်းသတင်းဌာနတွေရဲ့ ဖော်ပြချက်အရ သိရပါတယ်။
Read More

တိုက်ပွဲပြန် KIA၊ KPDF၊ NPDF တွေကို ပြည်သူများက သောင်းသောင်းဖြဖြကြိုဆိုဂုဏ်ပြု (ရုပ်/သံ)

ကချင်ပြည်နယ် ဖားကန့်မြို့နယ်ထဲမှာ တိုက်ပွဲကပြန်လာတဲ့ KIA၊ KPDFနဲ့ NPDF တွေကို ဒီဇင်ဘာ ၁၂ ရက်က ပြည်သူများ သောင်းသောင်းဖြဖြကြိုဆိုဂုဏ်ပြုခဲ့ကြတယ်လို့ နွေဦးရောင်နီ ပြည့်သူ့တော်လှန်ရေး ထောက်ပို့ PRFမှ ထုတ်ပြန်ထားပါတယ်။
Read More

TRI ဗျူဟာ၏ အပတ်စဉ် (၁) အခြေခံစစ်ပညာသင်တန်းဆင်းပွဲ (ရုပ်/သံ)

ပြည်သူ့ကာကွယ်ရေးတပ်မတော် (TRI) ဗျူဟာ အခြေခံစစ်ပညာသင်တန်း အပတ်စဉ် ၁ သင်တန်းဆင်းပွဲအခမ်းအနားကို လွတ်မြောက်နယ်မြေတစ်နေရာမှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ရင်းက ထုတ်ပြန်ထားပါတယ်။
Read More

ဖားကန့်မြို့ နမ့်မှော်ရွာမှာ နွံကန်ပေါက်ကျပြီး လူနေအိမ်များ နစ်မြုပ် (ရုပ်/သံ)

ကချင်ပြည်နယ်၊ ဖားကန်မြို့၊ နမ့်မှော်ရွာအနီးမှာ မတ်လ ၂၁ ရက် ဒီနေ့ မနက်ပိုင်းက နွံကန်ပေါက်မှု ဖြစ်ပွားပြီး ကျေးရွာအတွင်း စီးဝင်ကာ လူနေအိမ်တွေ နစ်မြုပ်မှု ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

မဲ့ပလီဗျူဟာစခန်းသိမ်းတိုက်ပွဲ မှတ်တမ်း FFD ထုတ်ပြန် (ရုပ်/သံ)

KNU တပ်မဟာ(၁)နယ်မြေက စစ်ကောင်စီရဲ့ မဲ့ပလီဗျူဟာစခန်းကို တော်လှန်ရေးပူးပေါင်းတပ်တွေ တိုက်ခိုက်သိမ်းပိုက်ခဲ့တဲ့ မှတ်တမ်းရုပ်သံကို Force for Federal Democracy (FFD) တပ်ဖွဲ့က ထုတ်ပြန်လိုက်ပါတယ်။