စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်မှာ ငွေကြေးအလွဲသုံးစားလုပ်မှုအပါအဝင် အကြမ်းဖက်စစ်တပ် ထောက်တိုင်တွေနဲ့ ဆက်သွယ်မှုကြောင့် အခွန်တော်အရာရှိအပါ ၇ ယောက်ကို အရပ်ဘက်တရားစီရင်ရေးအတိုင်း စစ်ဆေးအရေးယူသွားဖို့ရှိတယ်လို့ ကန့်ဘလူမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

ကန့်ဘလူမြို့နယ်၊ အခွန်တော်အရာရှိဖြစ်သူ ဦးမြင့်ကျော် (ခ) အာခိုင်နဲ့ အခွန်တော်အဖွဲ့ဝင် ၆ ယောက်ကို ငွေကြေးအလွဲသုံးစားလုပ်ဆောင်မှု အပါအဝင် အချက် ၅ ချက်နဲ့ ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၂ ရက်နေ့က ကန့်ဘလူမြို့နယ် တော်လှန်ရေးအင်အားစုတွေက ဖမ်းဆီးခဲ့ပါတယ်။

ငွေကြေးအလွဲသုံးစားလုပ်မှုအပါအဝင် လုပ်ပိုင်ခွင့်အာဏာအသုံးချ မလျော်ဩဇာပြုလုပ်မှု၊ မြို့နယ်ပအဖတံဆိပ်စည်း အတုပြုလုပ်မှု၊ သက်သေခံပစ္စည်းတွေ ဖျောက်ဖျက်မှုနဲ့ အကြမ်းဖက်စစ်ကောင်စီ ထောက်တိုင်တွေဆီ ဆက်သွယ်မှုစတဲ့ အချက် (၅) ချက်နဲ့ အရေးယူသွားမှာဖြစ်တယ်လို့လည်း သိရပါတယ်။

အခွန်တော်အရာရှိ ဦးမြင့်ကျော်နဲ့ ပါဝင်သူတွေဟာ ပြီးခဲ့တဲ့ ကန့်ဘလူမြို့နယ် ပအဖ တာဝန်ခံ ရှိချိန်ကစလို့ ၂၀၂၅ ခုနှစ် စက်တင်ဘာလအထိ အခွန်ငွေကရရှိတဲ့ ငွေကြေးတွေကို နည်းလမ်းမျိုးစုံနဲ့ ကိုယ်ကျိုးအတွက် အသုံးချခဲ့တယ်လို့လည်း ကန့်ဘလူပအဖ တာဝန်ရှိသူကပြောပါတယ်။

” ငွေကြေးအလွဲသုံးစားလုပ်တဲ့ အမောင့်က ခန့်မှန်းရခက်တယ်ဗျ။ ပြီးခဲ့တဲ့ ကန့်ဘလူပအဖ တာဝန်ခံ လက်ထက်ကတည်းကနေ ဒီနှစ် ပြီးခဲ့တဲ့လအထိ လုပ်ခဲ့တာပါ။ သစ်ကားသမားတွေကို အခွန်မဆောင်ခိုင်းဘဲ သူ့အိတ် (ထဲ) ထည့်တယ်။ မြို့ပေါ်လုပ်ငန်းရှင်တွေဆီက ပိုက်ဆံတောင်းတယ်။ အဲ့ငွေတွေက မြို့နယ် အခွန်ငွေထဲမဝင်ဘူးပေါ့။ ဘယ်လောက်လုပ်ထားလလဲဆိုတာလည်း မှန်းဆရခက်တယ်။ နောက်ပြီး အခွန်ရတဲ့ ချလံဖြတ်ပိုင်းတွေကို စည်းတံဆိပ်အတုလုပ်ပြီး သူ့စိတ်ကြိုက်အမောင့်ပြန်ပြင်ရေးတယ်။ ပြီးမှ မြို့နယ်ပအဖ ဘဏ္ဍာတာဝန်ခံအထိ အပ်တယ်။ အစစ်တွေကို မီးရှို့တယ်။ ဝင်ဖမ်းတော့ သူ့စာရေးမက အိမ်သာထဲပစ်ချတာ ရဲဘော်တွေက လိုက်ကောက်ရတယ်။ သက်သေခံပစ္စည်းအနေနဲ့ ပလဖအထိ အပ်ထားလိုက်ပါပြီ” လို့ ကန့်ဘလူမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

ဒီဖမ်းဆီးမှုကို မြေပြင်အခြေအနေတွေအရ စစ်ဘက်ဆိုင်ရာခရိုင်ကွပ်ကဲရေး တာ၀န်ရှိသူတွေ၊ တပ်ရင်းတပ်ဖွဲ့တွေနဲ့ ညှိနှိုင်းဆောင်ရွက်ခဲ့တာဖြစ်ပြီး လက်ရှိ ကန့်ဘလူပလဖ အချုပ်ခန်းမှာ ချုပ်နှောင်ဖမ်းဆီးထားကာ စစ်ဆေးပေါ်ပေါက်ချက်တွေအရ အရပ်ဖက်တရားစီရင်ရေးကို လွှဲပြောင်းအရေးယူသွားမယ်လို့လည်း သိရပါတယ်။

အခွန်တော်အရာရှိအနေနဲ့ အလွဲသုံးစားလုပ်ထားတဲ့ငွေတွေထဲကနေ အိမ်ဆောက်တာ၊ ကား ၄စီးထက်မနည်း ဝယ်တာတွေအပြင် အကြမ်းဖက်စစ်တပ်အရာရှိဗိုလ်ကတော်တွေ၊ Non CDM ရဲတွေနဲ့ပေါင်းပြီး စီးပွားရေးလုပ်တာမျိုးတွေလည်း ရှိခဲ့တယ်လို့ ကန့်ဘလူမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။

“လက်ရှိကတော့ အရပ်ဘက်တရားစီရင်ရေးကို လွှဲပြောင်းထားတယ်။ အရပ်ဖက်တရားစီရင်ရေးက သက်သေခံအနေနဲ့သူတို့ အလွဲသုံးစားလုပ်တဲ့ ပေါ်ပေါက်ချက်တွေနဲ့ တရားစွဲဖို့လုပ်နေတယ်ပေါ့။ ပေါ်ပေါက်ချက်အတိုင်း ပြစ်မှုပြစ်ဒဏ်ကိုကျခံရမှာပါ” လို့ ကန့်ဘလူမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူက မောင်းကိုပြောပါတယ်။

လက်ရှိဆောင်ရွက်ထားတဲ့ အခြေအနေအရပ်ရပ်ကိုလည်း ပြည်ထဲရေး၀န်ကြီးဌာနအပါအဝင် သက်ဆိုင်ရာ၀န်ကြီးဌာတွေဆီ တင်ပြခဲ့ပြီးဖြစ်သလို အရပ်ဖက်တရားစီရင်ရေးစနစ်အတိုင်း မလိုက်နာခဲ့မှုအတွက် ကြားကာလဗဟိုကော်မတီရဲ့ သတိပေးစာကိုလည်း ကောင်းမွန်စွာလက်ခံရရှိကြောင်းနဲ့ နောက်နောင် ထပ်မဖြစ်စေဖို့ အထူးဂရုစိုက်ဆောင်ရွက်သွားမှာဖြစ်ကြောင်း ကန့်ဘလူမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

ပျူစောထီးအခြေစိုက် ကင်းမွန်တောရွာကို လေးဘက်လေးလံမှ အဝေးပစ်လက်နက်များဖြင့် ပစ်ခတ်တိုက်ခိုက်

စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ ချောင်းဦးမြို့နယ်မှာ ပျူစောထီးအခြေစိုက်ရွာကို အဝေးပစ်လက်နက်တွေနဲ့ သွားရောက်ပစ်ခတ်တိုက်ခိုက်ရာ စစ်အုပ်စု ထိခိုက်မှုတွေရှိကြောင်း Monywa Inventor တိုက်ခိုက်ရေးခေါင်းဆောင် ကိုမိုးသောက်က မောင်းကို ပြောပါတယ်။
Read More

NUG အစိုးရက ရေဘေးသင့် ပြည်သူတွေအတွက် အရေးပေါ် အကူအညီတွေ ဆက်လက် ထောက်ပံ့ပေးနေ…

အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်း စာနာထောက်ထားရေးနဲ့ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေး ဝန်ကြီးဌာနအနေနဲ့ ရာဂီတိုင်ဖွန်းမုန်တိုင်း အရှိန်ကြောင့် မြန်မာနိုင်ငံတစ်ဝှမ်း လတ်တလော ရင်ဆိုင်ကြုံတွေ့နေရတဲ့ ရေကြီးရေလျှံဒေသတွေကို ကူညီကယ်ဆယ်ရေးနဲ့ ဒေသခံပြည်သူတွေကို ရေဘေးလွတ်ရာ ရွေ့ပြောင်းရေးနဲ အရေးပေါ်စားနပ်ရိက္ခာပံ့ပိုးတဲ့ လုပ်ငန်းတွေကို မြို့နယ်တာဝန်ခံတွေကတဆင့် ချိတ်ဆက်ဆောင်ရွက်နေတယ်လို့ သိရပါတယ်။
Read More

ပုလောမြို့၊ ရပ်ကွက် ၄ အုပ်ချုပ်ရေးမှူးကို နေအိမ်မှာတင် ပစ်ခတ်ရှင်းလင်း

တနင်္သာရီတိုင်း၊ ပုလောမြို့ရှိ စစ်ကောင်စီခန့် အမှတ် ၄ ရပ်ကွက် အုပ်ချုပ်ရေးမှူးကို သူ့ရဲ့နေအိမ်မှာပဲ ပစ်ခတ်ရှင်းလင်းရာ သေဆုံးသွားတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြိတ်ခရိုင် တပ်ရင်း ၁ က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ရွာငံတွင် စစ်ရေးတင်းမာနေပြီး အကြမ်းဖက်စစ်ကြောင်း ကြားဖြတ်တိုက်ခိုက်ခံရ၊ စစ်သား ၁၂ ဦး သေကာ အများအပြား ဒဏ်ရာရ

ရှမ်းပြည်နယ်တောင်းပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်မှာ စစ်ကြောင်းထိုးဝင်ရောက်နေတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ကို မိုင်းဆွဲပစ်ခတ်တိုက်ခိုက်ရာမှာ စစ်ကောင်စီတပ်သား ၁၂ ယောက် သေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) ပြန်ကြားရေးတာဝန်ခံ ကျားပျံက မောင်းကို ပြောပါတယ်။
Read More

အုတ်တွင်းတွင် ကြို့ပင်ကောက် Hero ပြောက်ကျားတပ်ဖွဲ့ တပ်ခွဲမှူးနှင့် ရဲဘော်ကို စစ်ကောင်စီ ဖမ်းဆီးထား

ပဲခူးတိုင်း၊ အုတ်တွင်းမြို့နယ်မှာ ပစ္စည်းသွားသယ်တဲ့ ကြို့ပင်ကောက် Hero ပြောက်ကျားတပ်ဖွဲ့က တပ်ဖွဲ့ဝင် ၂ ယောက်ကို အကြမ်းဖက်စစ်ကောင်စီက ဖမ်းဆီးချုပ်နှောင်ထားကြောင်း သာယာဝတီခရိုင်၊ အမှတ် (၁) တပ်ရင်း တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

လေကြောင်းတိုက်ခိုက်မှုအန္တရာယ်ကြားက ကော့ကရိတ်မြို့နယ် ကရင်ပညာရေးနှင့် ယဉ်ကျေးမှုဌာန၏ ကော်သူးလေ အစိုးရစစ် စာမေးပွဲ ဖြေဆိုပြီးစီး

စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှု အန္တရာယ်ကြားက ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ် ကရင်ပညာရေးနဲ့ ယဉ်ကျေးမှုဌာနရဲ့ ကော်သူးလေ အစိုးရ ပညာသင်ကျောင်းမှာ ကော်သူးလေ အစိုးရစစ် စာမေးပွဲ ဖြေဆိုပြီးစီးခဲ့တယ်လို့ ကရင်အမျိုးသားအစည်အရုံး - KNU (ဗဟို) က ဒီနေ့ ထုတ်ပြန်ပါတယ်။