ရန်ကုန်တိုင်း၊ ကုသရေးဦးစီးဌာနမှူး ဒေါက်တာနန္ဒဝင်းကို ပြည်သူ့ဂုဏ်ရည်အသင်းရဲ့ ဆုရှင်အဖြစ်ကနေ ဖယ်ရှားလိုက်ကြောင်းကို ပြည်သူ့ဂုဏ်ရည်အသင်း ဗဟိုအလုပ်အမှုဆောင်အဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

ဒေါက်တာနန္ဒဝင်းရဲ့ လက်ရှိ ရပ်တည်လုပ်ဆောင်ချက်တွေနဲ့ ပတ်သက်ပြီး ပြည်သူ့ဂုဏ်ရည်အသင်းက ပြင်းထန်စွာ ရှုတ်ချသလို ဆုရှင်စာရင်းကနေလည်း ဖယ်ရှားလိုက်ကြောင်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

“ဒေါက်တာနန္ဒဝင်းသည် တိုင်းရင်းသားပြည်သူတို့ကို အစွမ်းကုန်ဖိနှိပ်နေသည့် စစ်အုပ်စုလုပ်ရပ်များတွင် ထောက်ခံအားပေး ရပ်တည်နေခဲ့ပြီး CDM ဆရာဝန်များ၊ သူနာပြုများ၊ ကျန်းမာရေးဝန်ထမ်းများကို ပုဂ္ဂလိက ဆေးရုံများက ဝန်ထမ်းအဖြစ် မခန့်အပ်ရန် စစ်အုပ်စုအလိုကျ သူ၏အခွင့်အာဏာကိုသုံးလျက် ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှုအပေါ် လျစ်လျူရှုခဲ့သည့် “သခင်အားရ ကျွန်ပါးဝ” ပြုမူဆောင်ရွက်ချက်များကြောင့် ပြည်သူ့ဂုဏ်ရည်အသင်း၏ ဆုရွေးချယ်ရေးဆိုင်ရာ မူဝါဒတရပ်ဖြစ်သော “နိုင်ငံသားများနှင့် လူ့ဘောင် လောကအတွက် စံပြဖြစ်မှု” အရည်အချင်းမှ လုံးဝသွေဖည်နေခဲ့ပြီဖြစ်ပါသည်” လို့ ပြည်သူ့ဂုဏ်ရည်အသင်းက ဆိုထားပါတယ်။

အခုလို ဒေါက်တာ နန္ဒဝင်းရဲ့ လုပ်ဆောင်ချက်တွေဟာ ပြည်သူ့ဂုဏ်ရည်ဆု ရွေးချယ်ရေးမူဝါဒဖြစ်တဲ့ “နိုင်ငံသားများနှင့် လူ့ဘောင်လောကအတွက် စံပြဖြစ်မှု” အရည်အချင်းမှ လုံးဝသွေဖည်နေပြီတာကြောင့် ဒေါက်တာနန္ဒဝင်းနဲ့ သက်ဆိုင်တဲ့ အချက်အလက်တွေကို အင်တာနက် စာမျက်နှာကနေ ဖယ်ရှားခဲ့ပြီးဖြစ်သလို ပြည်သူ့ဂုဏ်ရည်ဆုရှင်အဖြစ် ထိုက်တန်မှုမရှိဘဲ စက်ဆုပ်ရွံရှာဖွယ် ယုတ်မာရက်စက်တဲ့ စိတ်ထားနဲ့ ရပ်တည်ချက်ကို ပြင်းထန်စွာ ရှုတ်ချလိုက်ကြောင်း ကြေညာလာခဲ့တာပဲ ဖြစ်ပါတယ်။

ဒေါက်တာနန္ဒဝင်းကို ပြည်သူ့ဂုဏ်ရည်အသင်းက ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ်မှာ အထူးဆုအနေနဲ့ ဂုဏ်ပြုခဲ့တာဖြစ်ပြီး လက်ရှိမှာတော့ အဲဒီဆုကို ပြန်လည် ဖယ်ရှားလိုက်တာ ဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

မြန်မာ့ပြည်တွင်းရေးစွက်ဖက်နေတဲ့ တရုတ်ကို ဩစတြေးလျရောက်မြန်မာများ ကန့်ကွက်ဆန္ဒပြ (ဓာတ်ပုံသတင်း)

မြန်မာ့ပြည်တွင်းရေးကိုဝင်ရောက်စွက်ဖက်နေသည့် တရုတ်အစိုးရအား ဆန့်ကျင်ရှုတ်ချတဲ့ လှုပ်ရှားမှုအဖြစ် ဩစတြေးရောက် မြန်မာတွေက ပြုလုပ်ခဲ့ကြပါတယ်။
Read More

ကနေဒီတောင်ကို ချင်းညီနောင်တပ်များ ပြန်လည်ထိန်းချုပ်

ချင်းပြည်နယ်၊ တီးတိန်မြို့နယ်က ကနေဒီတောင်ကို ချင်းညီနောင် (CB) က ပြန်လည်ထိန်းချုပ်လိုက်ပြီလို့ ချင်းညီနောင်အဖွဲ့ဝင် PDF Zoland က သတင်းထုတ်ပြန်လာပါတယ်။ စစ်ကောင်မရှင်တပ်တွေဟာ ချင်းပြည်နယ်အတွင်းကို အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုး တိုက်ခိုက်ခဲ့တာတွေကြောင့် ပြီးခဲ့တဲ့ အောက်တိုဘာလကုန်ပိုင်းမှာ ကနေဒီတောင်ကနေ CB တပ်ဖွဲ့တွေက ဆုတ်ခွာပေးခဲ့ရတာဖြစ်ပါတယ်။ အဲဒီနောက် CB ဘက်က စစ်ကော်မရှင်တပ်တွေကို ပြန်လည် စစ်ဆင်တိုက်ခိုက်ခဲ့ရာ နိုဝင်ဘာလ ၁၈ ရက်နေ့မှာ ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်းကို PDF Zoland ကနေ လူမှုကွန်ရက်ကတဆင့် အသိပေးလာတာ ဖြစ်ပါတယ်။
Read More

ကျိုက်ထို မုပ္ပလင်ဂိတ်ကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်၊ စစ်သား ၃ ဦး သေ

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ မုပ္ပလင်စစ်ဆေးရေးဂိတ်ကို ဒရုန်းတွေနဲ့ ဗုံးကြဲတိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၃ယောက် သေဆုံးပြီး ၅ယောက် အပြင်းအထန် ဒဏ်ရာရရှိသွားတယ်လို့ ကျိုက်ထိုတော်လှန်ရေး အင်အားစု (KRF) က သတင်းထုတ်ပြန်ထားပါတယ်။ 
Read More

ဇူလိုင်လအတွင်း မွန်ပြည်နယ်မှာ ပစ်ခတ်တိုက်ပွဲများဖြစ်ပွား၊ နှစ်ဖက်သေဆုံးမှုများရှိပြီး ပြည်သူများလည်း ထိခိုက်သေဆုံးခဲ့

မွန်ပြည်နယ်အတွင်း အာဏာသိမ်းစစ်ကောင်စီရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ ပတ်သက်ပြီး လဂွန်းအိမ်စာစဥ်က မွန်ဒေသ လူ့အခွင့်အရေး ချိုးဖောက်မှု အစီရင်ခံစာထုတ်ပြန်ခဲ့ရာ ဇူလိုင်လမှာ သတ်ဖြတ်ခံရတဲ့ ပြည်သူ ၆ ယောက်၊ ဒဏ်ရာရသူ ၂ ယောက်နဲ့ ဖမ်းဆီးခံရသူ ၅ ယောက် ရှိခဲ့တယ်လို့ သိရပါတယ်။
Read More

အာဏာသိမ်းပြီးနောက်ပိုင်း ပဋိပက္ခတွေကြောင့် နေရပ်စွန့်ခွာ ပြည်သူ ၃.၄ သန်းကျော် ရှိလာ

မြန်မာနိုင်ငံမှာ အာဏာသိမ်းပြီးနောက်ပိုင်း အကြမ်းဖက်မှုတွေကြောင့် နေရပ်စွန့်ခွာပြည်သူ ဦးရေဟာ ၃.၄ သန်းရှိလာပြီဖြစ်တယ်လို့ UNOCHA က နိုဝင်ဘာ ၂၇ ရက်မှာ ထုတ်ပြန်ပါတယ်။
Read More

မိုးဗြဲမြို့တွင် စစ်ကောင်စီတပ် လက်နက်ကြီး ပစ်ခတ်မှုကြောင့် အသက် ၂၀ ကျော်အရွယ် အရပ်သားတစ်ဦး သေဆုံး

ကရင်နီပြည်နယ်၊ မိုးဗြဲမြို့မှာ စစ်ကောင်စီတပ် လက်နက်ကြီး ​ပစ်ခတ်တိုက်ခိုက်မှုကြောင့် ဒေသခံ ၁ ယောက် ထိမှန်သေဆုံးခဲ့တယ်လို့ Mobye Local PDF က မနေ့က ထုတ်ပြန်ပါတယ်။