ရန်ကုန်တိုင်း၊ ကုသရေးဦးစီးဌာနမှူး ဒေါက်တာနန္ဒဝင်းကို ပြည်သူ့ဂုဏ်ရည်အသင်းရဲ့ ဆုရှင်အဖြစ်ကနေ ဖယ်ရှားလိုက်ကြောင်းကို ပြည်သူ့ဂုဏ်ရည်အသင်း ဗဟိုအလုပ်အမှုဆောင်အဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

ဒေါက်တာနန္ဒဝင်းရဲ့ လက်ရှိ ရပ်တည်လုပ်ဆောင်ချက်တွေနဲ့ ပတ်သက်ပြီး ပြည်သူ့ဂုဏ်ရည်အသင်းက ပြင်းထန်စွာ ရှုတ်ချသလို ဆုရှင်စာရင်းကနေလည်း ဖယ်ရှားလိုက်ကြောင်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

“ဒေါက်တာနန္ဒဝင်းသည် တိုင်းရင်းသားပြည်သူတို့ကို အစွမ်းကုန်ဖိနှိပ်နေသည့် စစ်အုပ်စုလုပ်ရပ်များတွင် ထောက်ခံအားပေး ရပ်တည်နေခဲ့ပြီး CDM ဆရာဝန်များ၊ သူနာပြုများ၊ ကျန်းမာရေးဝန်ထမ်းများကို ပုဂ္ဂလိက ဆေးရုံများက ဝန်ထမ်းအဖြစ် မခန့်အပ်ရန် စစ်အုပ်စုအလိုကျ သူ၏အခွင့်အာဏာကိုသုံးလျက် ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှုအပေါ် လျစ်လျူရှုခဲ့သည့် “သခင်အားရ ကျွန်ပါးဝ” ပြုမူဆောင်ရွက်ချက်များကြောင့် ပြည်သူ့ဂုဏ်ရည်အသင်း၏ ဆုရွေးချယ်ရေးဆိုင်ရာ မူဝါဒတရပ်ဖြစ်သော “နိုင်ငံသားများနှင့် လူ့ဘောင် လောကအတွက် စံပြဖြစ်မှု” အရည်အချင်းမှ လုံးဝသွေဖည်နေခဲ့ပြီဖြစ်ပါသည်” လို့ ပြည်သူ့ဂုဏ်ရည်အသင်းက ဆိုထားပါတယ်။

အခုလို ဒေါက်တာ နန္ဒဝင်းရဲ့ လုပ်ဆောင်ချက်တွေဟာ ပြည်သူ့ဂုဏ်ရည်ဆု ရွေးချယ်ရေးမူဝါဒဖြစ်တဲ့ “နိုင်ငံသားများနှင့် လူ့ဘောင်လောကအတွက် စံပြဖြစ်မှု” အရည်အချင်းမှ လုံးဝသွေဖည်နေပြီတာကြောင့် ဒေါက်တာနန္ဒဝင်းနဲ့ သက်ဆိုင်တဲ့ အချက်အလက်တွေကို အင်တာနက် စာမျက်နှာကနေ ဖယ်ရှားခဲ့ပြီးဖြစ်သလို ပြည်သူ့ဂုဏ်ရည်ဆုရှင်အဖြစ် ထိုက်တန်မှုမရှိဘဲ စက်ဆုပ်ရွံရှာဖွယ် ယုတ်မာရက်စက်တဲ့ စိတ်ထားနဲ့ ရပ်တည်ချက်ကို ပြင်းထန်စွာ ရှုတ်ချလိုက်ကြောင်း ကြေညာလာခဲ့တာပဲ ဖြစ်ပါတယ်။

ဒေါက်တာနန္ဒဝင်းကို ပြည်သူ့ဂုဏ်ရည်အသင်းက ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ်မှာ အထူးဆုအနေနဲ့ ဂုဏ်ပြုခဲ့တာဖြစ်ပြီး လက်ရှိမှာတော့ အဲဒီဆုကို ပြန်လည် ဖယ်ရှားလိုက်တာ ဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

သီပေါမြို့တွင် စစ်‌ကောင်စီတပ်မှ လေကြောင်းဖြင့် ပေါင် (၅၀၀)ဗုံး ကြဲချတိုက်ခိုက်

ရှမ်းပြည်နယ်မြောက်ပိုင်း၊ တအာင်းတပ်မတော် TNLA ထိန်းချုပ်ထားတဲ့ သီပေါမြို့ကို အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်းကနေ ပေါင်(၅၀၀) ဗုံး ကြဲချတိုက်ခိုက်ခဲ့တယ်လို့ TNLA က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

စစ်ကောင်စီက ကျုံပျော်အခြေစိုက်တပ်မှာ လေ့ကျင့်နေတဲ့ စက်တပ်လေထီးတွေနဲ့ ရခိုင်ဒေသကို သွားရောက်ဗုံးကြဲနေ

ဧရာဝတီတိုင်း၊ ကျုံပျော်မြို့အခြေစိုက် ခလရ ၃၆ တပ်ထဲမှာ လေ့ကျင့်ရေးပြုလုပ်နေတဲ့ စက်တပ်လေထီးတွေကို အသုံးပြုပြီး စစ်ကောင်စီက ရခိုင်ဒေသကို သွားရောက် ဗုံးကြဲနေကြောင်း ခလရ ၃၆ တပ်နဲ့ နီးစပ်သူတွေထံက သိရပါတယ်။
Read More

ဟန်ပြအပစ်ရပ်ထားသည့် စစ်ကောင်စီတပ် မေလအတွင်း TNLA ထိန်းချုပ်နယ်မြေများတွင် တိုက်ခိုက်မှုများကြောင့် အရပ်သားပြည်သူ (၈) ဦးသေဆုံး၊ (၁၈) ဦး ထိခိုက်ဒဏ်ရာရ

အပစ်ရပ် ကြေညာထားတဲ့ စစ်ကောင်စီတပ်က တအာင်းတပ်မတော် TNLA ထိန်းချုပ်စိုးမိုးထားတဲ့ နယ်မြေတွေမှာ မေလတစ်လအတွင်း ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် အရပ်သားပြည်သူ (၈) ယောက် သေဆုံးပြီး (၁၈) ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ TNLA က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

၂ လအတွင်း စစ်မှုထမ်း ၁၄ ဦး လက်နက်ခဲယမ်းကိုယ်စီဖြင့် ကလေးခရိုင်ပကဖရုံး ဒရုန်းတပ်ဖွဲ့ထံ အလင်းဝင်၊ အများစု ပကဖနှင့်အတူ စစ်တပ်ကို ပြန်တိုက်နေ

ဇူလိုင်နဲ့ သြဂုတ်လအတွင်း ကလေးခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖရုံး) ဒရုန်းတပ်ဖွဲ့ထံ အတင်းအကြပ် စစ်မှုထမ်းစုဆောင်းခံရတဲ့ စစ်ကော်မရှင်တပ်ဖွဲ့ဝင် ၁၄ ယောက် လက်နက်ခဲယမ်းကိုယ်စီနဲ့ အလင်းဝင်ရောက်လာခဲ့ပြီး ပကဖနဲ့အတူ အကြမ်းဖက်စစ်တပ်ကို ပြန်လည်တိုက်ပွဲဝင်နေတယ်လို့ ကလေးခရိုင် ပကဖ တာဝန်ရှိသူ၁ယောက်က မောင်းကို ပြောပါတယ်။
Read More

၂၀၂၅ ခုနှစ်အတွင်း နိုင်ငံတဝန်း စစ်ကောင်စီတပ် သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် ပြည်သူ ၃၄ ဦးအထိ သေဆုံးမှု ရှိ

၂၀၂၅ ခုနှစ်အတွင်း နိုင်ငံတစ်ဝန်းမှာ အကြမ်းဖက်စစ်ကောင်စီတပ်က သေနတ်နဲ့ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့တဲ့ အရပ်သားပြည်သူ ၃၄ ယောက်အထိ ရှိတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

မင်းတပ်မြို့နယ်တွင် ၄ နှစ်ကျော်အတွင်း စစ်အုပ်စု၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် အပြစ်မဲ့ပြည်သူ (၄၀) ဦး သေဆုံးခဲ့ပြီး (၁၂၀) ဦး ထိခိုက်ဒဏ်ရာရ

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်မှာ ၂၀၂၁ ခုနှစ်ကစလို့ ဒီနေ့အချိန်အထိ အကြမ်းဖက်စစ်အုပ်စုရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အရပ်သားပြည်သူ အယောက် (၄၀) သေဆုံးခဲ့ပြီး အယောက် (၁၂၀) ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။