ရန်ကုန်တိုင်း၊ ကုသရေးဦးစီးဌာနမှူး ဒေါက်တာနန္ဒဝင်းကို ပြည်သူ့ဂုဏ်ရည်အသင်းရဲ့ ဆုရှင်အဖြစ်ကနေ ဖယ်ရှားလိုက်ကြောင်းကို ပြည်သူ့ဂုဏ်ရည်အသင်း ဗဟိုအလုပ်အမှုဆောင်အဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

ဒေါက်တာနန္ဒဝင်းရဲ့ လက်ရှိ ရပ်တည်လုပ်ဆောင်ချက်တွေနဲ့ ပတ်သက်ပြီး ပြည်သူ့ဂုဏ်ရည်အသင်းက ပြင်းထန်စွာ ရှုတ်ချသလို ဆုရှင်စာရင်းကနေလည်း ဖယ်ရှားလိုက်ကြောင်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

“ဒေါက်တာနန္ဒဝင်းသည် တိုင်းရင်းသားပြည်သူတို့ကို အစွမ်းကုန်ဖိနှိပ်နေသည့် စစ်အုပ်စုလုပ်ရပ်များတွင် ထောက်ခံအားပေး ရပ်တည်နေခဲ့ပြီး CDM ဆရာဝန်များ၊ သူနာပြုများ၊ ကျန်းမာရေးဝန်ထမ်းများကို ပုဂ္ဂလိက ဆေးရုံများက ဝန်ထမ်းအဖြစ် မခန့်အပ်ရန် စစ်အုပ်စုအလိုကျ သူ၏အခွင့်အာဏာကိုသုံးလျက် ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှုအပေါ် လျစ်လျူရှုခဲ့သည့် “သခင်အားရ ကျွန်ပါးဝ” ပြုမူဆောင်ရွက်ချက်များကြောင့် ပြည်သူ့ဂုဏ်ရည်အသင်း၏ ဆုရွေးချယ်ရေးဆိုင်ရာ မူဝါဒတရပ်ဖြစ်သော “နိုင်ငံသားများနှင့် လူ့ဘောင် လောကအတွက် စံပြဖြစ်မှု” အရည်အချင်းမှ လုံးဝသွေဖည်နေခဲ့ပြီဖြစ်ပါသည်” လို့ ပြည်သူ့ဂုဏ်ရည်အသင်းက ဆိုထားပါတယ်။

အခုလို ဒေါက်တာ နန္ဒဝင်းရဲ့ လုပ်ဆောင်ချက်တွေဟာ ပြည်သူ့ဂုဏ်ရည်ဆု ရွေးချယ်ရေးမူဝါဒဖြစ်တဲ့ “နိုင်ငံသားများနှင့် လူ့ဘောင်လောကအတွက် စံပြဖြစ်မှု” အရည်အချင်းမှ လုံးဝသွေဖည်နေပြီတာကြောင့် ဒေါက်တာနန္ဒဝင်းနဲ့ သက်ဆိုင်တဲ့ အချက်အလက်တွေကို အင်တာနက် စာမျက်နှာကနေ ဖယ်ရှားခဲ့ပြီးဖြစ်သလို ပြည်သူ့ဂုဏ်ရည်ဆုရှင်အဖြစ် ထိုက်တန်မှုမရှိဘဲ စက်ဆုပ်ရွံရှာဖွယ် ယုတ်မာရက်စက်တဲ့ စိတ်ထားနဲ့ ရပ်တည်ချက်ကို ပြင်းထန်စွာ ရှုတ်ချလိုက်ကြောင်း ကြေညာလာခဲ့တာပဲ ဖြစ်ပါတယ်။

ဒေါက်တာနန္ဒဝင်းကို ပြည်သူ့ဂုဏ်ရည်အသင်းက ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ်မှာ အထူးဆုအနေနဲ့ ဂုဏ်ပြုခဲ့တာဖြစ်ပြီး လက်ရှိမှာတော့ အဲဒီဆုကို ပြန်လည် ဖယ်ရှားလိုက်တာ ဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

မိုးကုတ်ဗျူဟာနယ်မြေ၊ ၇ မိုင်ကျေးရွာတိုက်ပွဲမှာ PDF ရဲဘော် ၁၂ ဦး ကျဆုံး

မန္တလေးတိုင်းအတွင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မိုးကုတ်ဗျူဟာနယ်မြေက ၇ မိုင်ကျေးရွာတိုက်ပွဲမှာ မိုးကုတ်ဗျူဟာက PDF ရဲဘော် ၆ ယောက် ကျဆုံးခဲ့တယ်လို့ သိရပါတယ်။
Read More

ပြည်သူ့လွတ်မြောက်ရေးတပ်မတော် အမှတ် ၁ စစ်ဒေသမှာ ပြဇာတ်နဲ့ လူထုဟောပြောပွဲ ပြုလုပ်

ပြည်သူ့လွတ်မြောက်ရေးတပ်မတော် - PLA အမှတ် ၁ စစ်ဒေသ တစ်နေရာမှာ "စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး ဟောပြောပွဲနဲ့ တော်လှန်ဖျော်ဖြေ တင်ဆက်မှု အခမ်းအနား" ကို စက်တင်ဘာ ၂၆ ရက်က ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

ရမ်းဗြဲမြို့နယ်၊ ကျောက်နီမော်ရွာကို စစ်ကောင်စီ လေကြောင်းနဲ့ တိုက်ခိုက်၊ ဒေသခံပြည်သူ ၄၀ ထက်မနည်းသေဆုံးပြီး ရွာလုံးကျွတ်နီးပါး မီးလောင်ပျက်စီး

ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်က ကျောက်နီမော်ကျေးရွာကို အကြမ်းဖက်စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ရာ ဒေသခံပြည်သူ ၄၀ ထက်မနည်း သေဆုံးပြီး ရွာလုံးကျွတ်နီးပါး နေအိမ်တွေ ပျက်စီးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
Read More

ကျုံဒိုးမှာ စစ်ကောင်စီတပ်က ပြည်သူများ နေထိုင်ရာ ကျေးရွာအတွင်း လက်နက်ကြီးများ ပစ်ခတ်မှုကြောင့် အမျိုးသမီး တစ်ဦး သေဆုံးခဲ့

ကရင်ပြည်နယ်၊ ကျုံဒိုးမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီတပ်က ပြည်သူတွေ နေထိုင်ရာ ကျေးရွာအတွင်း လက်နက်ကြီးတွေ ပစ်ခတ်တိုက်ခိုက်မှုကြောင့် ဒေသခံအမျိုးသမီး ၁ ယောက် သေဆုံးခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) က ဒီနေ့ ထုတ်ပြန်ပါတယ်။ 
Read More

မဲမသမာလုပ်သည်ဟုဆိုကာ ပြည်သူ့အစိုးကို အဓမ္မဖြတ်ချခဲ့သည့် စစ်တပ်က ၎င်းတို့ကိုယ်တိုင် ပြုလုပ်သော ရွေးကောက်ပွဲတွင် အငြင်းပွားဖွယ်ရာ ကြိုတင်မဲများဖြင့် စစ်တပ်ပါတီကို အသာစီးပေးနေ

မကြာမီက ကျင်းပခဲ့တဲ့ စစ်အုပ်စုရဲ့ ရွေးကောက်ပွဲအတု အပိုင်း(၁) မှာ ကြိုတင်မဲအငြင်းပွားမှုတချို့ ဖြစ်ပေါ်ခဲ့တယ်လို့ သုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ Data for Myanmar က ဇန်နဝါရီ ၅ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။
Read More

စီမံချက်အရ BNRA ရဲ့ စစ်ဆေးရေးဂိတ် ၃ ခုကို NUG ခရိုင်တပ်ဖွဲ့တွေက စီးနင်းပြီး လက်နက်များသိမ်းဆည်းခဲ့ဟု ဆို

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ် နဲ့ ဆားလင်းကြီးမြို့နယ်ထဲက ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (BNRA) ရဲ့ စစ်ဆေးရးဂိတ် ၃ ခုကို NUG ခရိုင်တပ်ဖွဲ့ဝင်တွေက စီးနင်းရှင်းလင်းခဲ့တယ်လို့ နယ်မြေခံတော်လှန်ရေးတပ်ဖွဲ့ဝင်ဆီက သိရပါတယ်။