ရန်ကုန်တိုင်း၊ ကုသရေးဦးစီးဌာနမှူး ဒေါက်တာနန္ဒဝင်းကို ပြည်သူ့ဂုဏ်ရည်အသင်းရဲ့ ဆုရှင်အဖြစ်ကနေ ဖယ်ရှားလိုက်ကြောင်းကို ပြည်သူ့ဂုဏ်ရည်အသင်း ဗဟိုအလုပ်အမှုဆောင်အဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

ဒေါက်တာနန္ဒဝင်းရဲ့ လက်ရှိ ရပ်တည်လုပ်ဆောင်ချက်တွေနဲ့ ပတ်သက်ပြီး ပြည်သူ့ဂုဏ်ရည်အသင်းက ပြင်းထန်စွာ ရှုတ်ချသလို ဆုရှင်စာရင်းကနေလည်း ဖယ်ရှားလိုက်ကြောင်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

“ဒေါက်တာနန္ဒဝင်းသည် တိုင်းရင်းသားပြည်သူတို့ကို အစွမ်းကုန်ဖိနှိပ်နေသည့် စစ်အုပ်စုလုပ်ရပ်များတွင် ထောက်ခံအားပေး ရပ်တည်နေခဲ့ပြီး CDM ဆရာဝန်များ၊ သူနာပြုများ၊ ကျန်းမာရေးဝန်ထမ်းများကို ပုဂ္ဂလိက ဆေးရုံများက ဝန်ထမ်းအဖြစ် မခန့်အပ်ရန် စစ်အုပ်စုအလိုကျ သူ၏အခွင့်အာဏာကိုသုံးလျက် ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှုအပေါ် လျစ်လျူရှုခဲ့သည့် “သခင်အားရ ကျွန်ပါးဝ” ပြုမူဆောင်ရွက်ချက်များကြောင့် ပြည်သူ့ဂုဏ်ရည်အသင်း၏ ဆုရွေးချယ်ရေးဆိုင်ရာ မူဝါဒတရပ်ဖြစ်သော “နိုင်ငံသားများနှင့် လူ့ဘောင် လောကအတွက် စံပြဖြစ်မှု” အရည်အချင်းမှ လုံးဝသွေဖည်နေခဲ့ပြီဖြစ်ပါသည်” လို့ ပြည်သူ့ဂုဏ်ရည်အသင်းက ဆိုထားပါတယ်။

အခုလို ဒေါက်တာ နန္ဒဝင်းရဲ့ လုပ်ဆောင်ချက်တွေဟာ ပြည်သူ့ဂုဏ်ရည်ဆု ရွေးချယ်ရေးမူဝါဒဖြစ်တဲ့ “နိုင်ငံသားများနှင့် လူ့ဘောင်လောကအတွက် စံပြဖြစ်မှု” အရည်အချင်းမှ လုံးဝသွေဖည်နေပြီတာကြောင့် ဒေါက်တာနန္ဒဝင်းနဲ့ သက်ဆိုင်တဲ့ အချက်အလက်တွေကို အင်တာနက် စာမျက်နှာကနေ ဖယ်ရှားခဲ့ပြီးဖြစ်သလို ပြည်သူ့ဂုဏ်ရည်ဆုရှင်အဖြစ် ထိုက်တန်မှုမရှိဘဲ စက်ဆုပ်ရွံရှာဖွယ် ယုတ်မာရက်စက်တဲ့ စိတ်ထားနဲ့ ရပ်တည်ချက်ကို ပြင်းထန်စွာ ရှုတ်ချလိုက်ကြောင်း ကြေညာလာခဲ့တာပဲ ဖြစ်ပါတယ်။

ဒေါက်တာနန္ဒဝင်းကို ပြည်သူ့ဂုဏ်ရည်အသင်းက ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ်မှာ အထူးဆုအနေနဲ့ ဂုဏ်ပြုခဲ့တာဖြစ်ပြီး လက်ရှိမှာတော့ အဲဒီဆုကို ပြန်လည် ဖယ်ရှားလိုက်တာ ဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

စစ်မှုထမ်းတာဝန် ကျေပွန်သူများကို ပြည်ပအလုပ်အကိုင် ရှာပေးမည်ဟု စစ်ကော်မရှင် ပြော

စစ်မှုထမ်းတာဝန် ကျေပွန်အောင် ထမ်းဆောင်ခဲ့သူတွေကို ပြည်ပနိုင်ငံတွေ သွားရောက်အလုပ်လုပ်ချင်ရင် အလုပ်အကိုင်ရှာပေးမယ်လို့ အာဏာသိမ်း စစ်ကော်မရှင်က ပြောဆိုလိုက်ပါတယ်။
Read More

ကနီမြို့နယ်၊ ချောင်းမရွာတိုက်ပွဲမှ စစ်ကြောင်းပျက်ပြီး ပြေးလာသည့် ဒုတပ်ကြပ် ၁ ဦးနှင့် စစ်မှုထမ်း တပ်သားသစ် ၂ ဦးကို လက်နက် ၃ လက်နှင့်အတူ ဖမ်းဆီးရမိ

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ ချောင်းမရွာတိုက်ပွဲကနေ စစ်ကြောင်းပျက်ပြီး ထွက်ပြေးလာတဲ့ ဒုတပ်ကြပ် ၁ ယောက်နဲ့ စစ်မှုထမ်း တပ်သားသစ် ၂ ယောက်ကို လက်နက် ၃ လက်နဲ့အတူ ဖမ်းဆီးရမိခဲ့တယ်လို့ ယင်းမာပင်မြို့နယ် ပကဖ (ULF စစ်ကြောင်း) က ထုတ်ပြန်ပါတယ်။
Read More

ဧရာဝတီမြစ် ထာဝရ စီးဆင်းနိုင်ရန် တော်လှန်ရေးမဟာမိတ်များနှင့်ပူးပေါင်း၍ ဆောင်ရွက်သွားမည်ဟု NUG ဆို

အကြမ်းဖက်စစ်တပ်က ဧရာဝတီမြစ်ဆုံ စီမံကိန်းကို ပြန်လည်စတင်ဖို့ ကြိုးစားတာဟာ အာဏာတည် မြဲရေး အတွက် နိုင်ငံရဲ့နှလုံးသားကို ထိုးကျွေးတာပဲဖြစ်ပြီး အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ ဧရာဝတီမြစ်ကြီး ထာဝရ စီးဆင်းနိုင်ဖို့ တော်လှန်ရေးမဟာမိတ်တွေနဲ့ ပူးပေါင်းပြီး အစွမ်းကုန်ဆောင်ရွက်သွားမယ်လို့ ပြည်ထောင်စုဝန်ကြီး ချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ပြောပါတယ်။ 
Read More

တောင်းခမ်းမှ နောင်ချိုထိုးစစ်တွင် စစ်ကောင်စီတပ်သားများ အများအပြား အလင်းဝင်ရောက်လာဟု DPLA ထုတ်ပြန်

ရှမ်းပြည်နယ်မြောက်ပိုင်း၊ တောင်ခမ်းဒေသကနေ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ကနေ စစ်သား အများအပြား အလင်းဝင်ရောက်လာတယ်လို့ ဓနုပြည်သူ့လွတ်မြောက်ရေးတပ်ဦး(DPLF)/ဓနုလွတ်မြောက်ရေးတပ်တော် (DPLA) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ချင်းပြည်တောင်ပိုင်းတစ်ခုလုံး စစ်ကောင်စီ ကင်းစင်သွားပြီဖြစ်ကာ ဖလမ်းမြို့သိမ်းတိုက်ပွဲကို ဆက်လက်ဆင်နွှဲနေ

ချင်းညီနောင်တပ်ဖွဲ့တွေဟာ ဖလမ်းမြို့သိမ်းတိုက်ပွဲကို ဆက်လက်ဆင်နွှဲနေပြီဖြစ်ပြီး တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ ချင်းညီနောင်အဖွဲ့က ပြောပါတယ်။
Read More

မင်းအောင်လှိုင်ကို ဖမ်းပေးရန် လူမှုကွန်ရက် ပေါ်တက်ရေးသည်ဟုဆိုကာ ရန်ကုန်မြို့နေ အသက် ၅၀ ကျော်အရွယ် အမျိုးသား ၁ ဦးကို စစ်အုပ်စု ဖမ်းဆီး

အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဖမ်းဆီးပေးဖို့ လူမူ့ကွန်ရက်စာမျက်နှာက တဆင့် သရော်ရေးသားခဲ့တယ်ဆိုပြီး  ရန်ကုန်မြို့​နေ ဟင်းလပေးချိုင့်ဆွဲရောင်းချနေသူ အသက် ၅၀ ကျော်အရွယ် အမျိုးသားတယောက်ကို ဖမ်းဆီးအရေးယူထားတယ်လို့ စစ်အုပ်စုက သတင်းထုတ်ပြန်လာပါတယ်။