ပြီးခဲ့တဲ့ အောက်တိုဘာလအတွင်း တအာင်းတပ်မတော် TNLA ထိန်းချုပ်နယ်မြေတွေမှာ အကြမ်းဖက်စစ်တပ်ရဲ့ လေကြောင်းနဲ့ ဒရုန်း ဗုံးကြဲတိုက်ခိုက်မှုတွေကြောင့် သံဃာတော်တွေအပါအဝင် ပြည်သူ ၄၉ ယောက် သေဆုံးခဲ့ပြီး ၇၁ ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ TNLA က မနေ့က နိုဝင်ဘာ ၁ ရက်မှာ ထုတ်ပြန်ပါတယ်။

သေဆုံးခဲ့တဲ့ ပြည်သူ ၄၉ ယောက်ထဲမှာ သံဃာတော် ၂ ပါးနဲ့ ကလေး ၁၀ ယောက် ပါဝင်ပြီး ဒဏ်ရာရသူ ၇၁ ယောက်ထဲမှာ သံဃာတော် ၆ ပါးနဲ့ ကလေး ၂၆ ယောက် ပါဝင်ခဲ့ပါတယ်။ ဒါ့အပြင် နေအိမ် ၁၇၅ လုံး၊ စာသင်ကျောင်း ၅ ကျောင်း၊ ဘုန်းကြီးကျောင်း ၇ ကျောင်း၊ ကျောင်းဆောင် ၉ ဆောင်၊ အဆောက်အဦး ၆ ခု၊ မွေးမြူရေးခြံ ၂ ခြံ၊ ဆိုင်ခန်း ၅ ခန်း၊ လက်ဖက်စက်ရုံ ၁ ရုံ၊ ဆိုင်ကယ် ၄ စီးနဲ့ ကား ၁၀ စီး ဗုံးထိမှန်ပျက်စီးခဲ့ပါတယ်။

စစ်ကော်မရှင်တပ်က ကျောက်မဲမြို့နယ်ကို ဂျက်ဖိုက်တာနဲ့ ၃ ကြိမ် လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် သံဃာ ၂ ပါး ဒဏ်ရာရကာ ဘုန်းကြီးကျောင်း ၁ ကျောင်း၊ ဆွမ်းစားဆောင် ၁ ဆောင်နဲ့ အဆောက်အဦး ၃ ခု ထိမှန်ပျက်စီးခဲ့ပါတယ်။

နမ္မတူမြို့နယ်ကိုလည်း ဒရုန်းက ၇ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့မှုကြောင့် ပြည်သူ ၄ယောက် သေဆုံးပြီး ကလေး ၂ ယောက်အပါ ၁၂ ယောက် ဒဏ်ရာရခဲ့သလို နေအိမ် ၂၁ လုံး၊ စာသင်ကျောင်း ၁ ကျောင်း၊ ဘုန်းကြီးကျောင်း ၁ကျောင်းနဲ့ ကျောင်းဆောင် ၆ ဆောင် ပျက်စီးခဲ့ရပါတယ်။

ဒါ့အပြင် မန်တုံမှာ ၂ ကြိမ် လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် အိမ် ၆ လုံး ပျက်စီးခဲ့သလို သီပေါမြို့မှာလည်း ဗုံးကြဲတိုက်ခိုက်မှုတွေကြောင့် အမျိုးသား ၂ ယောက် သေဆုံးကာ နေအိမ် ၂၄ လုံး၊ စာသင်ကျောင်း ၂ကျောင်း၊ ဘုန်းကြီးကျောင်း ၂ ကျောင်းနဲ့ အဆောက်အဦး ၁ ခု ထိမှန်ပျက်စီးသွားခဲ့တယ်လို့ သိရပါတယ်။

မိုင်းလုံမြို့နယ်မှာလည်း စစ်တပ် ဂျက်ဖိုက်တာနဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် သံဃာ ၂ ပါးနဲ့ ကလေး ၃ယောက် အပါအဝင် ပြည်သူ ၁၅ ယောက် သေဆုံးခဲ့ပြီး နေအိမ် ၁၈ လုံး၊ ဘုန်းကြီးကျောင်း ၂ ကျောင်းနဲ့ ကျောင်းဆောင် ၁ ဆောင် ထိမှန်ပျက်စီးခဲ့ပါတယ်။

အလားတူ မိုင်းငေါ့မြို့နယ်မှာလည်း ဂျက်ဖိုက်တာနဲ့ ၃ ကြိမ် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပြည်သူ ၄ ယောက် သေဆုံးခဲ့ပြီး နေအိမ် ၁၈ လုံး၊ ဘုန်းကြီးကျောင်း ၁ ကျောင်း၊ ကျောင်းဆောင် ၁ ဆောင်နဲ့ ဆိုင်ခန်း ၅ ခန်း ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။

နမ့်ဆန်မြို့နယ်မှာ အကြမ်းဖက်စစ်တပ်က ၆ ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ကလေး ၂ ယောက် အပါအဝင် ပြည်သူ ၁၃ ယောက် သေဆုံးခဲ့ကာ နေအိမ် ၆၂ လုံး၊ အဆောက်အဦး ၂ ခု၊ စာသင်ကျောင်း ၂ ကျောင်း၊ လက်ဖက်စက်ရုံ ၁ ရုံ၊ ဆိုင်ကယ် ၄ စီးနဲ့ ကား ၉ စီး ထိမှန်ပျက်စီးသွားခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် စစ်ကော်မရှင်ရဲ့ ဗုံးကြဲတိုက်ခိုက်မှုတွေကြောင့် မိုးကုတ်မြို့နယ်မှာ ကလေး ၃ ယောက်နဲ့ အမျိုးသား ၁ယောက် သေဆုံးခဲ့ပြီး မိုးမိတ်မြို့နယ်မှာလည်း ကလေး ၂ ယောက် အပါအဝင် ၇ ယောက် သေဆုံးခဲ့တယ်လို့ ဆိုထားပါတယ်။

အထက်ဖော်ပြပါ စာရင်းတွေဟာ တအာင်းတပ်မတော် TNLA နဲ့ အကြမ်းဖက်စစ်တပ်တို့ အပစ်အခတ်ရပ်စဲခြင်း မပြုလုပ်ခင် နောက်ဆုံး အောက်တိုဘာလအတွင်း အရပ်သားပစ်မှတ်ထားတဲ့ စစ်တပ်ရဲ့ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုတွေ ဖြစ်ပါတယ်။

TNLA နဲ့ စစ်ကော်မရှင်ဟာ တရုတ်နိုင်ငံရဲ့ ကြားဝင်မှုနဲ့အတူ ၉ကြိမ်မြောက် တွေ့ဆုံဆွေးနွေးမှုကို တရုတ်နိုင်ငံ၊ ကူမင်းမြို့မှာ အောက်တိုဘာ ၂၇ ရက်နဲ့ ၂၈ ရက်မှာ ပြုလုပ်ပြီးတဲ့နောက် မိုးကုတ်မြို့နဲ့ မိုးမိတ်မြို့က TNLA တပ်တွေ ပြန်လည်ဆုတ်ခွာရမှာဖြစ်သလို စစ်တပ်ကလည်း TNLA ထိန်းချုပ်နယ်မြေတွေကို လေကြောင်းဗုံးကြဲခြင်း၊ ထိုးစစ်ဆင်ခြင်း အပါအဝင် အပစ်အခတ်ရပ်စဲဖို့ သဘောတူညီခဲ့တာ ဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

စင်တင်ဘာလအတွင်း PDF နဲ့ပကဖ တွေပူးပေါင်းပြီး စစ်ရေးပစ်မှတ်တွေကို တိုက်ခိုက်မှု ရာနှုန်းပြည့် အောင်မြင်ခဲ့တယ်ဟု PDF Insight က ထုတ်ပြန်

စက်တင်ဘာလအတွင်း ပြည်သူ့တော်လှန်ရေးအင်အားစုတွေဟာ နိုင်ငံတဝန်း စခန်းသိမ်းတိုက်ပွဲနဲ့ စစ်ရေးတိုက်ခိုက်မှု ၁၂ ကြိမ်ပြုလုပ်ထားနိုင်ခဲ့ပြီး ရာနှုန်းပြည့် သိမ်းပိုက်ထိန်းချုပ်မှုတွေ ရရှိခဲ့ကြောင်း စစ်ရေးသတင်းတွေကို အကျဉ်းချုပ်ဖော်ပြလေ့ရှိတဲ့ PDF Insight က ထုတ်ပြန်ပါတယ်။
Read More

ဖားကန့်မှာ အရပ်ဖက်တော်လှန်ရေးအင်အားစု ‌(၄) ဖွဲ့ စုပေါင်းပြီး အကြမ်းဖက်စစ်ကောင်စီကို ILO ရဲ့ ပုဒ်မ ၃၃ အရ အရေးယူပေးရန် ဆန္ဒပြ

ကချင််ပြည်နယ်၊ ဖားကန့်မြို့မှာ အကြမ်းဖက်စစ်ကောင်စီကို အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ ILO ရဲ့ ပုဒ်မ ၃၃ အရ အရေးယူပေးဖို့ ဆန္ဒပြတောင်းဆိုမှုကို အရပ်ဘက် တော်လှန်ရေးအင်အားစု (၄)ဖွဲ့ စုပေါင်းပြီး ဒီနေ့မနက်ပိုင်းမှာ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

NUG သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာတူးခေါင် အညာမြေကို ကွင်းဆင်းလှည့်လည်ခဲ့

အမျိုးသားညီညွတ်ရေးအစိုးရ၊ သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာတူးခေါင်က အညာဒေသမှာ မြေပြင်ကို ကွင်းဆင်း လှည့်လည်ခဲ့တဲ့ မှတ်တမ်းဓာတ်ပုံတွေကို မနေ့က ထုတ်ပြန်ဖော်ပြလာပါတယ်။
Read More

ထိုင်းရေပိုင်နက်အတွင်း ငါးဖမ်းလှေတွေကို စစ်ကောင်စီရေတပ်က တိုက်ခိုက်တာဆိုရင် လက်တုံ့ပြန်မယ်လို့ ထိုင်းရေတပ်ပြော ဘယ်လိုအခြေအနေမျိုးဖြစ်ဖြစ် အကြမ်းဖက်တာကို မထောက်ခံဘူးလို့ ထိုင်းဝန်ကြီးချုပ် ဆို

စစ်ကောင်စီရေတပ်က ထိုင်းပိုင်နက်အတွင်း ကျူးကျော်ဝင်ရောက်ပြီး ထိုင်းငါးဖမ်းလှေတွေကို တိုက်ခိုက်တာဆိုရင် ထိုင်းရေတပ်အနေနဲ့ လက်တုံ့ပြန်ဖို့ အသင့်ရှိကြောင်း ရေတပ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး Jirapol Wongwit က ဒီဇင်ဘာ ၁ ရက်နေ့မှာ ပြောပါတယ်။
Read More

ရေဦးပကဖ ထံ အကြမ်းဖက်စစ်တပ် ဗိုလ်ကြီးတစ်ဦး အလင်းဝင်

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ - ပကဖ ဆီကို အကြမ်းဖက်စစ်ကောင်စီတပ်က ဗိုလ်ကြီးအဆင့်ရှိသူ ၁ ယောက် အလင်းဝင်လာတယ်လို့ ရေဦး ပကဖ က ထုတ်ပြန်ထားပါတယ်။
Read More

ပဲခူးခရိုင် ပကဖ တိုက်ခိုက်ရေးမွမ်းမံ သင်တန်းဆင်းပွဲ

စစ်ကိုင်းတိုင်း၊ ခန္တီးမြို့ အခြေစိုက် စစ်ကောင်စီတပ်က ပြည်သူ့စစ် ၁ ယောက်ဟာ သေနတ်မပါဘဲ လက်နက်မဲ့ အလင်းဝင်ခဲ့လာတယ်လို့ ခန္တီးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ဆီက သိရပါတယ်။