ရန်ကုန်တိုင်း၊ သာကေတမြို့နယ်က အကြမ်းဖက်စစ်အုပ်စုရဲ့ သာကေတနယ်မြေ ရဲစခန်းကို သွားရောက်ဖောက်ခွဲတိုက်ခိုက်မှုမှာ စခန်းအတွင်းရှိနေတဲ့ ရဲ ၁ ယောက် အပြင်းအထန် ဒဏ်ရာရရှိခဲ့တယ်လို့ မြို့ပြကြွက်ကွန်ယက် တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

နိုဝင်ဘာလ ၁ ရက်၊ မနေ့ညပိုင်းမှာ မြို့ပြကြွက်ကွန်ယက်ရဲ့ မြို့ပြပြောက်ကျားတပ်ဖွဲ့ဝင်တွေက သာကေတမြို့နယ်ရဲစခန်းကို လက်ပစ်ဗုံးတွေပစ်ခတ်ရင်း ပြင်းအားမြင့်မိုင်းတွေနဲ့ ဖောက်ခွဲခဲ့တာလို့ သိရပါတယ်။

ဒီဖောက်ခွဲတိုက်ခိုက်မှုကြောင့် စခန်းအတွင်းရှိနေတဲ့ ရဲတွေ ထိခိုက်သွားပြီး ရဲ ၁ယောက်ကတော့ အပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း မြို့ပြကြွက်ကွန်ယက် တာဝန်ရှိသူက ပြောပါတယ်။

” ဗုံး ၂လုံး ပစ်တယ်။ လက်လုပ်မိုင်း ၂လုံးနဲ့ ဖောက်ခွဲတယ်။ ပစ်တဲ့ဗုံးတွေက စခန်းဝင်းအထဲ ထိရောက်ပါတယ်။ အဲ့ဒါကြောင့် ရဲ ၃ကောင်ထိပြီး ၁ကောင် ဒဏ်ရာပြင်းထန်တယ်” လို့ မြို့ပြကြွက်ကွန်ယက် တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

တိုက်ခိုက်မှုအပြီး ပြောက်ကျားတပ်ဖွဲ့ဝင်တွေ အထိအခိုက်မရှိ ဆုတ်ခွာလာနိုင်ခဲ့သလို ရဲစခန်းဝန်းထဲကနေ ရမ်းကားပစ်ခတ်တာတွေ ဆက်တိုက်ရှိခဲ့တယ်လို့လည်း သိရပါတယ်။

မြန်မာနိုင်ငံရဲ့ ပြဿနာအရင်းမြစ်တွေအားလုံးဟာ အကြမ်းဖက်စစ်တပ်အာဏာရှင်တွေရဲ့ ကိုယ်ကျိုးရှာမှုကြောင့်ဖြစ်တဲ့အတွက် ပြဿနာတွေပြေလည်ဖို့ စစ်အုပ်စုထောက်တိုင်တွေအနေနဲ့ အာဏာရှင်တွေရဲ့ အကျိုးရှာမှုအောက် အသုံးချခံလို မနေထိုင်ပဲ တော်လှန်ရေးအင်အားစုတွေ ပြည်သူ့အင်အားစုတွေနဲ့ ပူးပေါင်းသင့်ကြောင်း၊ ဆက်လက်ပြီး ပြည်သူအပေါ် ဖိနှိပ်ခေါင်းမာနေမယ်ဆိုရင် တိုက်ခိုက်သွားမယ့်အကြောင်း မြို့ပြကြွက်ကွန်ယက်က ဆိုထားပါတယ်။

ဒီတိုက်ခိုက်မှုမတိုင်ခင် တစ််ရက်အလို အောက်တိုဘာလ ၃၁ ရက်နေ့ညပိုင်းကလည်း မြောက်ဥက္ကလာပမြို့နယ်၊ ရွှေပေါက္ကံနယ်မြေရဲစခန်းကို ပြောက်ကျားတပ်ဖွဲ့ဝင်တွေက အလားတူ လက်ပစ်ဗုံးတွေ၊ ပြင်းအားမြင့်မိုင်းတွေနဲ့ သွားရောက်တိုက်ခိုက်ခဲ့ပါသေးတယ်။

အကြမ်းဖက်စစ်တပ်လုပ်ဆောင်မယ့် အတုအယောင်ရွေးကောက်ပွဲ ရက်နီးကပ်လာမှုနဲ့အမျှ ရန်ကုန်ပြောက်ကျားတပ်ဖွဲ့ဝင်တွေရဲ့ စစ်ရေးဖော်ဆောင်မှုတွေခပ်စိပ်စိပ်ရှိလာတာဖြစ်ပြီး ပြင်းပြင်းထန်ထန် တိုက်ခိုက်သွားမယ်လို့ ပြောက်ကျားအဖွဲ့တွေက ထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလကစလို့ အကြမ်းဖက်စစ်တပ်လက်ပါးစေ အုပ်ချုပ်ရေးမှူးရုံးတွေ၊ ရဲစခန်းတွေနဲ့ အတုယောင်ရွေးကောက်ပွဲဝင်ပြိုင်မယ့် ပါတီရုံးတွေကို ဆက်တိုက် တိုက်ခိုက်ခံလာရတာလည်း ဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

KNU ဗဟိုဌာနချုပ်မှာ ပြုလုပ်တဲ့ (၇၈) ကြိမ်မြောက် ကရင်အမျိုးသားအစည်းအရုံး (KNU)နေ့ အခမ်းအနား (ဓာတ်ပုံသတင်း)

၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ၅ ရက်မှာ စတင်တည်ထောင်ခဲ့တဲ့ KMU ရဲ့ (၇၈) ကြိမ်မြောက် ကရင်အမျိုးသားအစည်းအရုံး (KNU)နေ့ အခမ်းအနားကို KNU ဗဟိုဌာနချုပ်မှာ ကျင်းပခဲ့တယ်လို့ မှတ်တမ်းဓာတ်ပုံတွေနဲ့ KNU ဗဟိုက ထုတ်ပြန်ဖော်ပြထားပါတယ်။
Read More

ခမောက်ကြီးတွင် စစ်ကောင်စီသတင်းပေး မူးယစ်ဆေးရောင်းဝယ်သူနှင့် အုပ်ချုပ်ရေးမှူး တစ်နေ့တည်း ပစ်ခတ်ရှင်းလင်းခံရ

တနင်္သာရီတိုင်း၊ ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့နယ်မှာ စစ်ကောင်စီသတင်းပေး မူးယစ်ဆေး ရောင်းဝယ်ဖောက်ကားနေသူနဲ့ အုပ်ချုပ်ရေးမှူးတို့ကို တစ်နေ့တည်းမှာ သွားရောက်ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း ကော့သောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ရဲဘော်ကျားကြီးက မောင်းကို ပြောပါတယ်။
Read More

အုတ်တွင်းမြို့နယ်တွင် မင်္ဂလာဆောင်ကို စစ်တပ်ဗုံးကြဲရာ ဘေးအိမ်ကိုထိပြီး ညီအစ်မ ၃ ဦးထဲမှ ၁၆ နှစ်အရွယ် မိန်းကလေး သေဆုံး၊ ၁၀ နှစ်အရွယ် အမြွှာ ၂ ဦး ဒဏ်ရာရ

ပဲခူးတိုင်း၊ အုတ်တွင်းမြို့နယ်တွင် မင်္ဂလာဆောင်တစ်ခုကို စစ်ကော်မရှင်တပ်က ဒရုန်းနဲ့ ဗုံးသီးကြဲချ တိုက်ခိုက်ခဲ့တဲ့အတွက် ညီအစ်မ ၃ ယောက်ထဲက ၁ ယောက် သေဆုံးခဲ့ပြီး ၂ ယောက် ထိမှန်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
Read More

ထိန်းချုပ်နယ်မြေများကို ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ဆက်လက်ကာကွယ်သွားမည်ဟု MDY PDF ကြေညာ

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ စစ်ရုံးချုပ်ရဲ့ အမိန့်ပေးကွပ်ကဲမှုအောက်မှာရှိတဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) MDY PDF အနေနဲ့ ရရှိထားတဲ့ ထိန်းချုပ်နယ်မြေတွေကို ဆက်လက်ကာကွယ်သွားမယ်လို့ ဒီနေ့မှာ ထုတ်ပြန်လိုက်ပါတယ်။
Read More

ဖလမ်းမှာ တိုက်ပွဲတွေပြင်းထန်နေလို့ ပြည်သူတွေမြို့ထဲကို အဝင်အထွက်မလုပ်ဖို့ CNDF အသိပေး

ချင်းပြည်နယ်၊ ဖလမ်းမြို့မှာ စစ်ကောင်စီနဲ့ ပြင်းထန်တဲ့တိုက်ပွဲတွေ ဖြစ်ပွားနေတာကြောင့် မြို့အတွင်းအဝင်အထွက်ကို အများပြည်သူအနေနဲ့ လုံး၀မပြုလုပ်ဖို့ ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ CNDF က မနေ့က ဒီဇင်ဘာ ၁၃ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
Read More

အင်းတော်မြို့သိမ်းအောင်ပွဲမှ ပြန်လာသည့် Black Wolf – Army ရဲဘော်များကို ပြည်သူများ သင်္ကြန်ရေပက်ဖျန်းပြီး ကြိုဆိုခဲ့ (ဓာတ်ပုံသတင်း)

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ ကာကွယ်ဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် ၁ စစ်ဒေသ ဦးဆောင်ဆင်နွှဲခဲ့တဲ့ အင်းတော်မြို့သိမ်းအောင်ပွဲက ပြန်လာတဲ့ ရဲဘော်တွေက အရပ်သားပြည်သူတွေ သင်္ကြန်ရေပတ်ဖျန်းပြီး ကြိုဆိုခဲ့တယ်လို့ Black Wolf - Army က မှတ်တမ်းဓာတ်ပုံတွေနဲ့အတူ ဒီနေ့ ထုတ်ပြန်ပါတယ်။