ရှမ်းပြည်တောင်ပိုင်း ရွာငံမြို့နယ် ရနဲကျေးရွာအနီး ရိက္ခာသယ်ပြီး ပြန်လာတဲ့ အကြမ်းဖက်စစ်ကော် မရှင်တပ်သားတွေကို တိုက်ခိုက်ခဲ့ရာ ၂ ယောက်သေဆုံးပြီး ၁ ယောက် ဒဏ်ရာရသွားတယ်လို့ ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) က သတင်းထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၃၀ ရက် နေ့လယ် ၂ နာရီဝန်းကျင်ခန့်က ရွာငံမြို့နယ် ရနဲကျေးရွာအနီး အကြမ်းဖက်စစ်ကော်မရှင်တပ်သားတွေနဲ့ DSNDA ရဲဘော်တွေ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

တိုက်ပွဲအတွင်း စစ်ကော်မရှင်တပ်သား ၂ ယောက် သေဆုံးပြီး ၁ ယောက် ထိခိုက်ဒဏ်ရာရရှိသွားကာ တော်လှန် ရေးရဲဘော်တွေ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။

Video – DSNDA

0 Shares:
You May Also Like
Read More

လမ်းမပေါ် ဆက်ကြေးကောက်နေတဲ့ စစ်သားတွေကို မိုင်းဆွဲပြီး စနိုက်ပါနဲ့ ပစ်ခတ်မှု ၄ ယောက်သေ၊ ၁ ယောက်ဒဏ်ရာရ (ရုပ်/သံ)

စစ်ကိုင်းတိုင်း ချောင်းဦး-မြင်းမူ ကားလမ်းပေါ်က သံလွင်မြန်မာဆီဆိုင်အနီး ခရီးသွားကားနဲ့ ဆိုင်ကယ်တွေကို ဆက်ကြေးကောက်နေတဲ့ အကြမ်းဖက်စစ်သားတွေကို နိုဝင်ဘာ ၁၇ ရက် မနက်ပိုင်းက မိုင်းဆွဲတိုက်ခိုက်ပြီး စနိုက်ပါနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ၄ ယောက်သေပြီး ၁ ယောက် ဒဏ်ရာရရှိသွားတယ်လို့ လျှပ်စီးတပ်ခွဲ ၊ မုံရွာခရိုင် အမှတ်-၁၂ တပ်ရင်း ၊ တပ်ခွဲ-၃ထံက သိရပါတယ်။
Read More

ကလေးမြို့ရှိ အကြမ်းဖက်စစ်တပ်အထိုင်ဂိတ်ကို ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ပြီး အသေခံဒရုန်းနဲ့ ဖောက်ခွဲတိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း ကလေးမြို့နယ် ဇင်းဂလင်းကျေးရွာနဲ့ ထိုမာကျေးရွာရှိ အကြမ်းဖက်စစ်တပ်အထိုင် ဂိတ်ကို ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ပြီး အသေခံဒရုန်းနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ ကလေးခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံက သိရပါတယ်။
Read More

”ဒီတော်လှန်ရေးအောင်ပွဲရဲ့ ရလဒ်က အင်မတန်ကြီးကျယ်ခမ်းနားပါလိမ့်မယ်။ ကျနော်တို့နိုင်ငံအတွက် ခေတ်သစ်၊ စနစ်သစ်၊ သမိုင်းသစ်ကို ဖန်တီးနေတဲ့ တော်လှန်ရေးဟာ ကျနော်တို့အားလုံး ရင်းနှီးရကျိုးနပ်ပါလိမ့်မယ်”

''ဒီတော်လှန်ရေးအောင်ပွဲရဲ့ ရလဒ်က အင်မတန်ကြီးကျယ်ခမ်းနားပါလိမ့်မယ်။ ကျနော်တို့နိုင်ငံအတွက် ခေတ်သစ်၊ စနစ်သစ်၊ သမိုင်းသစ်ကို ဖန်တီးနေတဲ့ တော်လှန်ရေးဟာ ကျနော်တို့အားလုံး ရင်းနှီးရကျိုးနပ်ပါလိမ့်မယ်"
Read More

နမခ စစ်ယာဉ်တန်း လုံခြုံရေးယူထားသည့် စစ်သားများနှင့် တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၁ ယောက်ကို လက်နက်နှင့်တကွ အရှင်ဖမ်းမိ (ရုပ်/သံ)

စစ်ကိုင်းတိုင်း။ မုံရွာမြို့ အနောက်မြောက်တိုင်းစစ်ဌာနချုပ်က ထွက်လာတဲ့ စစ်ယာဉ်တန်းကို လုံခြုံ ရေးယူထားတဲ့ စစ်ကော်မရှင်တပ်သားတွေနဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဘုတလင်မြို့နယ် တပ်ပေါင်းစုစစ်ကြောင်းထံက သိရပါတယ်။
Read More

ဒီပဲယင်းမြို့ပေါ် အကြမ်းဖက်စစ်ကောင်စီတပ်သားတွေ အထိုင်ချထားတဲ့ နေရာ ၅ ခုကို တော်လှန်ရေးတပ်တွေ တပြိုင်နက် ဝင်ရောက်တိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့ပေါ်မှာ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေ အထိုင်ချထားတဲ့ နေရာ ၅ ခုကို စက်တင်ဘာ ၁၇ ရက်က တော်လှန်ရေးပူးပေါင်းတပ်တွေ တပြိုင်နက်ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ Freedom Revolution Force အဖွဲ့ထံက သိရပါတယ်။
Read More

တောင်သာမြို့နယ်အတွင်း စစ်တပ်စစ်ကြောင်းများ တိုက်ခိုက်ခံရပြီး အထိနာကာ အရပ်သားနေအိမ် အလုံး ၇၀ ခန့်ကို မီးရှို့ဖျက်ဆီးခဲ့ (ရုပ်/သံ)

မန္တလေးတိုင်း၊ တောင်သာမြို့နယ်အတွင်း ဝင်ရောက်လာတဲ့ အကြမ်းဖက်စစ်အုပ်စုစစ်ကြောင်းတွေကို တိုက်ခိုက်ခဲ့ရာ အထိနာပြီး အရပ်သားနေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ မြင်းခြံခရိုင် အမှတ်(၃)တပ်ရင်းက သတင်းထုတ်ပြန်ထားပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂ ရက်က တောင်သာမြို့ပေါ်ရှိ အကြမ်းဖက်စစ်အုပ်စု မကျည်းပင်တဲရွာဘက်ကနေ အင်အားအများအပြားနဲ့ စစ်ကြောင်းထိုးလာစဉ် မြင်းခြံခရိုင် အမှတ် (၃) တပ်ရင်း တပ်ခွဲ (၁) တပ်ခွဲမှူး ငတွန်ဦးဆောင်တဲ့ တပ်ဖွဲ့က တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။