မြန်မာစစ်တပ်နဲ့ ကရင်နယ်ခြားစောင့်တပ် (BGF) အဖွဲ့တွေဟာ ထိုင်း-မြန်မာနယ်စပ်မှာ ရှိတဲ့ KK Park က အဆောက်အဦးတွေကို နိုဝင်ဘာလ ၂ ရက်အထိ ဆက်လက် ဖောက်ခွဲဖျက်ဆီးနေဆဲဖြစ်ကြောင်း ထိုင်းသတင်း Khaosod မှာ ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့‌ အောက်တိုဘာလ တတိယအပတ်မှာ KK Park က ကျားဖြန့်နေရာတွေကို မြန်မာစစ်တပ်က ဝင်ရောက်စီးနင်းကြောင်း သတင်းထုတ်ပြန်ပြီးနောက်ပိုင်း KK Park ကနေ တရုတ်၊ ထိုင်း အပါအဝင် နိုင်ငံခြားသားတွေနဲ့ မြန်မာနိုင်ငံသားတွေဟာ မြဝတီ၊ ဘုရားသုံးဆူနဲ့ ထိုင်းနိုင်ငံဘက်ခြမ်းတွေကို ထွက်ပြေးတိမ်းရှောင်ခဲ့ကြပါတယ်။

အဲဒီနောက်ပိုင်း KK Park အတွင်းက အဆောက်အဦးတွေကို ဖောက်ခွဲဖျက်ဆီးနေတဲ့ အသံတွေကို ထိုင်းနိုင်ငံဘက်ကမ်းကနေ ကြားနေခဲ့ရပြီး နိုဝင်ဘာလ ၂ ရက်အထိ ကိုးရက်မြောက်နေ့အဖြစ် ဆက်တိုက် ဖောက်ခွဲတာတွေ ပြုလုပ်ခဲ့ရာမှာ အဆောက်အအုံအများအပြား ပျက်စီးခဲ့ရကြောင်း သိရပါတယ်။

စစ်တပ်နဲ့ BGF အဖွဲ့တွေဟာ အဆိုပါ KK Park စီမံကိန်းကို တရက်အတွင်း လေးကြိမ်အထိ ပြင်းထန်တဲ့ ဖောက်ခွဲမှုတွေ နေ့ညမပြတ် လုပ်ဆောင်ခဲ့တယ်လို့ ထိုင်းသတင်းမှာ‌ ဆိုပါတယ်။

ပေါက်ကွဲမှုတွေကနေ ဖိတ်စင်ထွက်လာတဲ့ အပိုင်းအစငယ်တွေဟာလည်း နယ်စပ်ကိုကျော်လွန်ပြီး ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်၊ မဲဆောက်မြို့ထဲက Mae Ku Tha Sung ရွာထဲ အမြဲလိုလို ကျရောက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

KK Park မှာ လုပ်ကိုင်နေခဲ့တဲ့ နိုင်ငံပေါင်း ၂၈ ခုက နိုင်ငံခြားသားတွေဟာ ထိုင်း-မြန်မာနယ်စပ်ကိုဖြတ်ပြီး မဲဆောက်မြို့ဘက် အသည်းအသန်ထွက်ပြေးတိမ်းရှောင်နေကြကြောင်း၊ နောက်ဆုံးအခြေအနေ စာရင်းတွေအရ ထိုင်းနိုင်ငံထဲကို စုစုပေါင်း ၁,၅၉၇ ယောက် ဝင်ရောက်ခိုလှုံနေကြောင်း ထိုင်းသတင်းမှာ ဖော်ပြထားပါတယ်။

News – KhaosodEnglish

0 Shares:
You May Also Like
Read More

ပေါက်ခေါင်းမှာ စစ်မှုထမ်းစုဆောင်းနေတဲ့ အုပ်ကြီးကို ပစ်ခတ်ရှင်းလင်း

ပဲခူးတိုင်း၊ ပေါက်ခေါင်းမြို့နယ်၊ ကင်မွန်းခြုံအုပ်စု၊ ဒွကျေးရွာရဲ့အုပ်ချုပ်ရေးမှူးဟာ စစ်ကောင်စီအတွက် စစ်မှုထမ်းစုဆောင်းတာတွေ၊ ပေါ်တာဆွဲတာတွေကို လုပ်ဆောင်ပေးနေတာကြောင့် ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ ၃၆၀၁ PPDF တပ်ရင်းထံက သိရပါတယ်။
Read More

ပုသိမ်ကြီးတွင် ရပ်ကွက်အာဏာပိုင်များ ရုံးခန်းအတွင်းထိ ဝင်ရောက်တိုက်ခိုက်ခံရ၊ မိတ္ထီလာတွင်လည်း အုပ်ချုပ်ရေးမှူးဖြစ်တာ ၂ရက်သာ ရှိသေးသူ ပစ်ခတ်ရှင်းလင်းခံရ

မန္တလေးတိုင်း၊ ပုသိမ်ကြီး နဲ့ မိတ္ထီလာမြို့နယ်တို့မှာ စစ်ကောင်စီခန့် ရပ်ကွက်အာဏာပိုင်တွေ ပစ်ခတ်တိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးမှုတွေရှိခဲ့ကြောင်းသိရပါတယ်။
Read More

ပျဉ်းမနားစစ်ကြောင်းမှူး ရဲဘော် ကိုစိုင်း ညှင်းပန်းသတ်ဖြတ်ခံရမှု ၃ ရက်အတွင်း ဖြေရှင်းပေးဖို့ ကယန်းပြည်သစ်တပ်မတော်ကို အသိပေး

ကယန်းပြည်သစ်တပ်မတော် ရုံးစိုက်ရာ နယ်မြေအတွင်း​ ညှင်းပန်းသတ်ဖြတ်ခံခဲ့ရတဲ့ နေပြည်တော်တိုင်းစစ်ဌာန ပျဉ်းမနားစစ်ကြောင်းမှူး ရဲဘော်ကိုစိုင်း (ခ) ဝင်းလှိုင်ကို အသတ်ခံရတဲ့ကိစ္စအပေါ် အမိန့်ပေးစေခိုင်းသူနဲ့ ကျူးလွန်သူတွေကို ၃ရက်အတွင်း ပြင်းပြင်းထန်ထန် အရေးယူပေးဖို့ နေပြည်တော် PDF က  မတ်လ ၁၃ ရက်နေ့မှာ  ထုတ်ပြန်လိုက်ပါတယ်။
Read More

NLD အစိုးရလက်ထက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး ထိုင်းနိုင်ငံတွင် ကွယ်လွန်

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်် (NLD) အစိုးရလက်ထက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး အဖြစ်တာဝန်ယူခဲ့တဲ့ ဒေါက်တာမြင့်ထွေး ​ဟာ ဇန်နဝါရီလ (၂၆) မနေ့ညပိုင်းမှာ ကွယ်လွန်သွားခဲ့ရပြီလို့ သိရပါတယ်။
Read More

ပုလဲတွင် ကင်းလှည့် ပျူစောထီးများ စောင့်ကြိုတိုက်ခိုက်ခံရပြီး ၂ ဦး သေ၊ သေနတ် (၁) လက် သိမ်းဆည်းရမိ

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်မှာ ကင်းပတ်နေတဲ့ စစ်အုပ်စုဝင်တွေကို စောင့်ကြိုတိုက်ခိုက်ရာ ပျူစောထီး  ၂ ယောက် သေဆုံးပြီး သေနတ် ၁ လက် ရရှိခဲ့တယ်လို့ Unity Column တာဝန်ရှိသူတစ်ယောက်က မောင်းကို ပြောပါတယ်။
Read More

မြန်မာနိုင်ငံဆိုင်ရာ သက်ဆိုင်သူအားလုံး ပါဝင်သည့် အစည်းအဝေး NLD  တက်ရောက်မည် မဟုတ်၊ အောင်ဆန်းစုကြည်နှင့် တွေ့ဆုံဆွေးနွေးမှု မပါဘဲ ပြေလည်ရေးလမ်းစ မရရှိနိုင်ဟု ဆို

မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့မှာ သြဂုတ်လ ၄ ရက်ကနေ ၇ ရက်နေ့အထိ မြန်မာနိုင်ငံဆိုင်ရာ သက်ဆိုင်သူတွေအားလုံးပါဝင်တဲ့ အစည်းအဝေး (STAKEHOLDERS ENGAGEMENT MEETING ON MYANMAR- SEM) ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD) က တက်ရောက်မှာ မဟုတ်သလို နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဆွေးနွေးမှုမပါဝင်ဘဲ ပြေလည်ရေးလမ်းစ မရရှိနိုင်ဘူးလို့ ထုတ်ပြန်ထားပါတယ်။