မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်မှာ ၂ ရင်းအတွင်း အကြမ်းဖက်စစ်တပ်ရဲ့ ပေါ်တာဆွဲ ဖမ်းဆီးခြင်းခံရသူ အယောက် ၃၀ နီးပါး ရှိနေပြီလို့ မြင်းခြံလူထုလှုပ်ရှားမှုကော်မတီထံက သိရပါတယ်။

အောက်တိုဘာ ၃၁ ရက် ည ၈ နာရီလောက်မှာ မြင်းခြံမြို့နဲ့ ကပ်လျက်ရှိတဲ့ အေးရွာက ဒေသခံ ၁၀ ယောက်ကျော်ကို စစ်တပ်နဲ့ ပျူစောထီး ပူးပေါင်းတပ်တွေက ပေါ်တာဆွဲ ဖမ်းဆီးခဲ့ပြီး ဖမ်းခံရတဲ့အထဲမှာ အသက်မပြည့်သေးတဲ့ ကလေးငယ်တစ်ယောက်လည်း ပါဝင်တယ်လို့ ဆိုပါတယ်။

အဲဒီနောက် သူတို့ ဖမ်းဆီးထားတဲ့ ဒေသခံတွေနဲ့ အတူပြန်လာချိန် အမှတ် ၁၂ ရပ်ကွက်က ပြည်သူ ၄ ယောက် ချောင်းကြည့်နေတာကို တွေ့သွားတဲ့အတွက် အဆိုပါ ၄ ယောက်ကို ထပ်မံဖမ်းဆီးလိုက်တယ်လို့ သိရပါတယ်။

ဒါ့အပြင် နိုဝင်ဘာ ၁ ရက်နေ့မှာလည်း စစ်ကော်မရှင်တပ်သားတွေက ဂျုပ်ပင်ရွာက ပြည်သူ ၄ ယောက်နဲ့ တောင်ပို့သာရွာက ၃ ယောက်ကို ဖမ်းဆီးခဲ့သလို လမ်းမှာတွေ့တဲ့ ပြည်သူတွေကိုလည်း ဖမ်းဆီးမှုတွေ လုပ်ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။

ဖမ်းခံရတဲ့ ပြည်သူတွေဟာ အသက်မပြည့်သေးတဲ့ လူငယ်တချို့နဲ့ အသက် ၂၀ ဝန်းကျင် လူငယ်ပိုင်းတွေဖြစ်ပြီး အများစုက အမှတ် (၁)၊ (၃)၊ (၁၂)၊ (၁၃)၊ (၁၅)၊ (၁၈) ရပ်ကွက်နဲ့ အေးရွာက ဒေသခံတွေဖြစ်တယ်လို့ သိရပါတယ်။

“အဖမ်းခံရတဲ့သူတွေ အခုထိ မလွတ်သေးဘူး။ ဘယ်ကိုဖမ်းသွားတယ်ဆိုတာလည်း မသိသေးဘူး။ အဖမ်းခံရတဲ့အထဲ ၁၀ နှစ်ကျော် ၁ယောက်ပါသွားတယ်။ ၁၀ နှစ်ကျော် ဆိုပေမယ့် ရွာသားဆိုတော့ လူကောင်ထွားတာပေါ့” လို့ မြင်းခြံလူထုလှုပ်ရှားမှုကော်မတီ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

ဖမ်းဆီးခံရသူတွေ နေထိုင်ရာ ကျေးရွာတွေဟာ စစ်ကော်မရှင်တပ် စိုးမိုးတဲ့ နေရာတွေဖြစ်ပြီး အေးရွာကလည်း မြင်းခြံမြို့နဲ့ လမ်းသာခြားတယ်လို့ သိရပါတယ်။ ပြည်သူတွေအနေနဲ့ ဘာမှမဖြစ်ပါဘူးလို့ မသတ်မှတ်ကြဖို့လည်း ပြောဆိုခဲ့ပါတယ်။

“အခုဖမ်းခံရတဲ့ရွာတွေက မြင်းခြံမြို့နားက ရွာတွေ။ အခု ပေါ်တာဆွဲတယ်ဆိုတဲ့နေရာက စကမ စိုးမိုးနေရာတွေ၊ အဲ့နေရာတွေကတော့ ထွက်ပြေး၊ ရှောင်ကြတာ မကြားမိသေးဘူး။ ငါတို့တော့ ပေါ်တာအဆွဲမခံရလောက်ပါဘူး ထင်ပြီး သွားလာနေကြတာတွေ” လို့ အထက်ပါ တာဝန်ခံက ဆက်ပြောပါတယ်။

ပေါ်တာဆွဲနေတဲ့ စစ်အုပ်စုဟာ အောက်တိုဘာ ၂၉ ရက်နေ့မှာ ညောင်ဦးဘက်ကနေ မြင်းခြံမြို့ထဲကို အင်အား ၃၀၀ ဝန်းကျင်နဲ့ ဝင်ရောက်လာတဲ့ စစ်ကြောင်းဖြစ်ပြီး အဆိုပါ စစ်အုပ်စုဟာ စစ်ကြောင်းထိုးတာမျိုး မလုပ်တော့ဘဲ ဒေသခံတွေကို ပေါ်တာဆွဲ ဖမ်းဆီးတာတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ဝင်းဝတပ်စခန်းကနေ ထွက်ပြေးသွားပြီး KNLA ဆီ အလင်းဝင်သွားတဲ့ စစ်သား ၂ ဦးကို ပြန်ရှာရန် လာသည့် အကြမ်းဖက်စစ်တပ် ရွာသားတစ်ဦးကို ပစ်ခတ်သတ်ဖြတ်

တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်အခြေစိုက် အကြမ်းဖက်စစ်တပ်ရဲ့ ခမရ တပ်ရင်း (၄၀၃) ဝင်းဝတပ်စခန်းကနေ ထွက်ပြေးသွားတဲ့ စစ်သား ၂ ယောက်ကို ပြန်ရှာဖို့ လာတဲ့ အကြမ်းဖက်စစ်တပ်က ဝင်းဝ ကျေးရွာနေ ဒေသခံ အမျိုးသားကို ပစ်ခတ်သတ်ဖြတ်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်အရုံး (KNU) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ရွှေသောင်ယံမြို့နယ်အတွင်းမှာ တိုက်ပွဲဖြစ်ပွားနေရာ အကြမ်းဖက်စစ်တပ်က လေယာဥ်နဲ့ပါ ဗုံးကြဲနေ…

ဧရာဝတီတိုင်း၊ ရွှေသောင်ယံမြို့နယ်အတွင်းမှာ ရက္ခိုင့်တပ်တော် AA ဦးဆောင်တဲ့ ပူပေါင်းတော်လှန်ရေးတပ်ဖွဲ့တွေနဲ့ အကြမ်းဖက်စစ်တပ်တို့ ဇန်နဝါရီလ ၁၆ ရက် ညနေပိုင်းက တိုက်ပွဲ ဖြစ်ပွားခဲ့ရာ အကြမ်းဖက်စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတာတွေ လုပ်ဆောင်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
Read More

အခက်အခဲတွေကြားက ရန်ကုန်တိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (၁) ရဲ့ အပတ်စဉ် ၂ စစ်သင်တန်း ပြီးဆုံးခဲ့ပြီ

ရန်ကုန်တိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (၁) က စစ်အာဏာရှင်တွေကို တွန်းလှန်တိုက်ခိုက်ချင်သူတွေကို ရဲဘော်သစ်တွေအဖြစ် လက်ခံကာ စစ်သင်တန်းပို့ချပေးနေတာ ဖြစ်ပါတယ်။
Read More

နိုဝင်ဘာလထဲ စစ်ကောင်စီရဲ့ လေတပ်စခန်းတွေနဲ့ လက်ဝေခံ နေရာ ၁၄ ခုကို မြို့ပြတော်လှန်ရေးအဖွဲ့တွေ တိုက်ခိုက်ခဲ့

နိုဝင်ဘာလအတွင်း ရန်ကုန်တိုင်းထဲက စစ်ကောင်စီ လေတပ်စခန်းတွေအပါဝင် စစ်အုပ်ချုပ်ရေးယန္တရား လည်ပတ်နေတဲ့ နေရာ ၁၄ ခုကို မြို့ပြအခြေစိုက် တော်လှန်ရေးအဖွဲ့တွေ တိုက်ခိုက်ခဲ့တယ်လို့ Rangoon Scout Network က ဖော်ပြထားပါတယ်။
Read More

မြင်းခြံတွင် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်နှင့် PDF များတိုက်ပွဲဖြစ်၊ စစ်ကောင်စီတပ်သား ၂၀ ထက်မနည်း သေဆုံးကာ တော်လှန်ရေးရဲဘော် ၁ ဦး ကျဆုံးခဲ့

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်မှာ PDF စခန်းကို ဝင်တိုက်တဲ့ အကြမ်းဖက်စစ်ကြောင်းနဲ့ တော်လှန်ရေးတပ်တွေ ထိတွေ့တိုက်ပွဲ တစ်နေကုန်နီးပါးဖြစ်ပွားပြီး နှစ်ဖက်ထိခိုက်သေဆုံးမှုတွေရှိကြောင်း စစ်ရေးသတင်းရင်းမြစ်တွေဆီက သိရပါတယ်။
Read More

ကျောက်ကြီးမှာ စစ်ကောင်စီတပ် လက်နက်ကြီးနဲ့ လေကြောင်း တိုက်ခိုက်မှုတွေကြောင့် ဘုန်းကြီးကျောင်း (၁) ကျောင်းနဲ့ နေအိမ် (၁)လုံး ထိခိုက်ပျက်စီး၊ ရဟန်း (၁)ပါး ထိခိုက်ဒဏ်ရာရ

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ်အတွင်း စစ်ကောင်စီတပ်က လက်နက်ကြီး (၂၇) လုံးနဲ့ လေယာဉ် (၂) ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် ဘုန်းကြီးကျောင်း (၁)လုံးနဲ့ နေအိမ် (၁) လုံး ပျက်စီးခဲ့ပြီး ရဟန်း (၁)ပါး လက်နက်ကြီးစ ထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး - KNU (ဗဟို) က ထုတ်ပြန်ပါတယ်။