တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ် မောင်းမကန်ကျေးရွာကနေ အင်အား ၇၄ ယောက်ခန့်နဲ့ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်တပ်ကို ၂ ရက်ဆက် တိုက်ခိုက်ခဲ့ရာ စစ်သား ၈ ယောက်  သေဆုံးခဲ့တယ်လို့ ထား၀ယ်ခရိုင်တပ်ပေါင်းစုက ဒီနေ့ညပိုင်းမှာ သတင်းထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၂၁ ရက်က မောင်းမကန်ကျေးရွာကနေ ကရင်ကြီးကျေးရွာဘက် စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်တပ်ကို တော်လှန်ရေးတပ်တွေက တိုက်ခိုက်ခဲ့ရာ တိုက်ပွဲ ၂ နာရီကြာ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

တိုက်ပွဲအတွင်း တော်လှန်ရေးရဲဘော် ၁ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

အဲဒီနောက် အောက်တိုဘာ ၂၂ ရက်က ကရင်ကြီးကျေးရွာကနေ ကမ်းပနီကျေးရွာကို ရောက်ရှိလာတဲ့ အကြမ်းဖက်စစ်တပ်ကို ထပ်မံတိုက်ခိုက်ခဲ့ပြီး စစ်သားတွေ ထိခိုက်သေဆုံးမှုရှိခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ ၂ ရက်ဆက်တိုက်ပွဲအတွင်း အကြမ်းဖက်စစ်သား ၈ ယောက် သေဆုံးခဲ့ကာ ထိခိုက်ဒဏ်ရာရရှိသူတွေလည်း ရှိတယ်လို့ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုကို ဒေါနစစ်ကြောင်း-၃ (KBDF)၊ ဒေါနတပ်ခွဲ-၇ (LPF)၊ ထားဝယ်ခရိုင်တပ်ပေါင်းစု၊ D.N.L.A ဒူရကစစ်ကြောင်း၊ ရာမညမွန်တပ်တော် (R.M.A) နဲ့ လောင်းလုံး ပကဖတို့ ပူးပေါင်း လုပ်ဆောင်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

Video – ထား၀ယ်ခရိုင်တပ်ပေါင်းစု

0 Shares:
You May Also Like
Read More

စစ်ကောင်စီရဲ့ ဥကရစ်ထစခန်းကို တော်လှန်ရေးတပ်ဖွဲ့များ တိုက်ခိုက်သိမ်းပိုက်ခဲ့အပြီးမြင်ကွင်း (ရုပ်/သံ)

ယနေ့ ဇူလိုင်လ ၁၂ ရက်နေ့လယ်ပိုင်းက ဥကရစ်ထစခန်းကို တော်လှန်ရေးတပ်တွေက တက်ရောက်သိမ်း ပိုက်နိုင်ခဲ့တာဖြစ်ပြီး စစ်ကောင်စီတပ်သားတွေ ထိုင်းနိုင်ငံဘက်ခြမ်းကို ထွက်ပြေးသွားကြတယ်လို့လည်း သိရပါတယ်။ စခန်းသိမ်းတိုက်ပွဲအပြီး စခန်းတွင်းအခြေအနေများကို အဆိုပါတိုက်ပွဲမှာ ပါဝင်တိုက်ခိုက်ခဲ့တဲ့ ကျားသစ်နက်စစ်ကြောင်းက ရုပ်သံဖိုင်အနေနဲ့ ထုတ်ပြန်ခဲ့ပါတယ်။
Read More

လွိုင်ကော်မြို့အနီးတိုက်ပွဲမှာ ဖမ်းဆီးရမိထားတဲ့ စစ်ကောင်စီတပ်သား သုံ့ပန်းများ

''အိမ် ၂ လုံး ၃ လုံး မီးရှို့တာ မြင်ဖူးပါတယ်။ လူကြီးတွေက ကြီးကြပ်တဲ့ သူတွေက ရှို့ဆိုတော့လည်း ရှို့ရတာပေါ့။ ပစ်ကွင်းမလွတ်တဲ့ အိမ်တွေဆို ရှို့ရတယ်။ အဝတ်အစားတွေ့တဲ့ အိမ်တွေ‌ဆို ရှို့ရတယ်။ ဒီလိုမျိုးလုပ်ခဲ့မိတာတွေ ခွင့်လွတ်ပေးပါလို့ ပြည်သူတွေကို တောင်းပန်ပါတယ်။အကြောင်းကြောင်းကြောင့် လုပ်ခဲ့ရတာပေါ့။ လုံးဝ လွန်ဆန်လို့ မရလို့ ဗိုလ်ကြီးတွေ အထက်အရာရှိရဲ့ စကားကို လွန်ဆန်လို့မရလို့ လုပ်ခဲ့ရတာ ''
Read More

ဆိုင်းတောင်ရွာကို မီးရှို့ဖျက်ဆီးခဲ့တဲ့ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကို ဖမ်းဆီးရမိ (ရုပ်/သံ)

ကချင်ပြည်နယ် ဖားကန့်မြို့ ဆိုင်းတောင်ရွာ လက်ကီးမန်းဟိုတယ်မှာ တပ်စွဲပြီး ရွာကို မီးရှို့ဖျက် ဆီးခဲ့တဲ့ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကို KIA၊ PDF ပူးပေါင်းတပ်တွေ ဖမ်းဆီးမိခဲ့တဲ့ ရုပ်သံဖိုင်တစ်ခု လူမှုကွန်ရက်မှာ ပျံ့နှံလာပါတယ်။
Read More

ပခုက္ကူမြို့ပေါ် ခရိုင်မီးသတ်ရုံးမှာ တပ်စွဲထားသည့် စစ်ကောင်စီတပ်သားများ အနီးကပ်တိုက်ခိုက်ခံရပြီး ၅ ဦး သေ (ရုပ်/သံ)

မကွေးတိုင်း၊ ပခုက္ကူမြို့ပေါ် ခရိုင်မီးသတ်ရုံးမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေ အနီးကပ် တိုက်ခိုက်ခံရပြီး ၅ ယောက်သေဆုံးခဲ့တယ်လို့ Shwe Nyar Myae People Defense Force က သတင်းထုတ်ပြန်ထားပါတယ်။
Read More

ပဲခူးတိုင်းရှိ PDF စိုးမိုးနယ်မြေအတွင်း ငလျင်ဒဏ်သင့် ပြည်သူများ၏ လိုအပ်ချက်များကို ကူညီဆောင်ရွက်ပေး (ရုပ်/သံ)

ပဲခူးတိုင်းရှိ PDF စိုးမိုးနယ်မြေတွေအတွင်း ငလျင်ဒဏ်ကြောင့် ပျက်စီးဆုံးရှုံးခဲ့ရတဲ့ ပြည်သူပိုင်နေအိမ်တွေနဲ့ အပျက်အစီးတွေ၊ လိုအပ်ချက်တွေကို နေ့စဉ်ကူညီကယ်ဆယ်ရေး ဆောင်ရွက်ပေးလျက်ရှိတယ်လို့ တောင်ငူခရိုင်အမှတ် ၂ တပ်ရင်းက ထုတ်ပြန်ထားပါတယ်။
Read More

ရွှေကုက္ကိုလ်နယ်မြေရှိ ၁၂ ထပ် ကျားဖြန့်အဆောက်အအုံကို စစ်ကော်မရှင် ဖြိုချဖျက်ဆီးပြ (ရုပ်/သံ)

ထိုင်း-မြန်မာနယ်စပ် ရွှေကုက္ကိုလ်နယ်မြေရှိ ကျားဖြန့်လုပ်ငန်းလုပ်ကိုင်ရာ ၁၂ ထပ်ရှိတဲ့ အဆောက်အအုံကို စစ်ကော်မရှင်က ဒီနေ့ ဖောက်ခွဲ ဖြိုချပြခဲ့ပါတယ်။