မကွေးတိုင်း၊ ပေါက်မြို့နယ်မှာ စစ်ဘေးရှောင်တွေ နေထိုင်ရာနေရာကို အကြမ်းဖက်စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ၂ နှစ်ကျော်အရွယ် ကလေးငယ်တစ်ယောက်အပါအဝင် လူ ၅ ယောက် ဒဏ်ရာရခဲ့တယ်လို့ နယ်ခံတွေဆီက သိရပါတယ်။

နိုဝင်ဘာ ၂ ရက် ဒီမနက် ၈ နာရီကျော်လောက်မှာ လယ်ဘဲ့ကျေးရွာအနီးတဝိုက်ရှိ စစ်ဘေးရှောင်တွေ နေထိုင်တဲ့နေရာကို မိတ္ထီလာ ရှမ်းတဲလေတပ်က တက်လာတဲ့ ဂျက်ဖိုက်တာက လေကြောင်းတိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။

အဆိုပါ လေကြောင်းတိုက်ခိုက်မှုကြောင့် လယ်ဘဲ့ရွာက ဒေါ်ကြည်ဆန်း (၅၅ နှစ်)၊ ဦးအောင်ထူး (၇၁ နှစ်)၊ မောင်ဟိန်းမင်းသူ (၂ နှစ်) မောင်မျိုးဇင်ကို (၁၂ နှစ်) နဲ့ ကျအိုးရွာက မောင်ဟိန်းပြည့်ထက်တို့ ထိမှန်ဒဏ်ရာရခဲ့တာ ဖြစ်ပါတယ်။

“တစ်နေ့က ပေါက်တောင်ပိုင်းက ပျူရွာ ၂ရွာသိမ်းထားတာ၊ အခု မြောက်ပိုင်းကြဲသွားတာ၊ စစ်ရှောင်နေရာ၊ မြောက်ခမ်းမှာ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘူး။ စစ်ရှောင်တဲတွေ ထိမှန်သွားတယ်။ ထိမှန်တဲ့သူတွေက မိသားစုဝင် မဟုတ်လောက်ဘူး။ အခု စိစစ်ဆဲပဲ” လို့ ပေါက်နယ်ခံတစ်ယောက်က မောင်းကို ပြောပါတယ်။

လက်ရှိမှာတော့ စစ်ရှောင်ပြည်သူတွေ ထပ်မံထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။ အောက်တိုဘာ ၂၂ရက်နေ့ကလည်း ပေါက်မြို့နယ် အနောက်ခြမ်း ကျောက်ထစ်ကျေးရွာ အနောက်ဘက်တစ်နေရာကို တံတားဦး လေတပ်ကလာတဲ့ ဂျက်ဖိုက်တာက လေကြောင်းတိုက်ခိုက်ခဲ့ပါသေးတယ်။

“သူတို့စစ်ကြောင်းထိုးလို့ လေကြောင်းလာကြဲတာတော့ မဟုတ်ဘူး။ အခု စစ်ကြောင်းဖြန့်ဝင်နေတယ်။ မြိုင်နယ် ပေါက်နယ်ဘက် ပျူရွာတွေ စစ်ကြောင်းရောက်နေတယ်။ အခု လေကြောင်းက မနားတမ်း ပစ်နေတာ၊ ၃ရက်လောက်ရှိပြီ” လို့ အထက်ပါ ဒေသခံက ပြောခဲ့ပါတယ်။

စစ်ဘေးရှောင်များရှိရာကို စစ်အုပ်စု လေကြောင်းတိုက်ခိုက်မှုအပြီး မြင်ကွင်း (ဓာတ်ပုံ ဒေသခံ)

0 Shares:
You May Also Like
Read More

စစ်ကောင်စီ ပေါ်တာဆွဲထားသူများကို မကွေး-ရေနံချောင်း-နတ်မောက် ပြေးဆွဲသည့် ယာဉ်လိုင်းတချို့ စိတ်လိုလက်ရ လိုက်ပါပို့ဆောင်ပေးနေ

မကွေးတိုင်း၊ မကွေး - ရေနံချောင်း- နတ်မောက် လမ်းပိုင်းမှာ စစ်ကောင်စီက ခရီးသွားကားတွေကိုအသုံးပြုပြီး  လူငယ်တွေကို ပေါ်တာဆွဲ ဖမ်းဆီးခေါ်ဆောင်နေမှုမှာ စိတ်လိုလက်ရ ကူညီပို့ဆောင်ပေးနေတဲ့ ယာဥ်လိုင်းတွေရှိကြောင်း TAMAR MYAY Special Column တာဝန်ရှိသူက မောင်းကိုပြောပါတယ်။
Read More

လေကြောင်းတိုက်ခိုက်ခံရမှုများ ဆက်နေသည့် မြိုင်မှာ ဆင်စိန်ရွာ ဘုန်းကြီးကျောင်းကို စစ်ကောင်စီ ဗုံးထပ်ကြဲ အရပ်သား ၁ ဦး သေ၊ ၁ ဦး ဒဏ်ရာရပြီး သာသနာရေးအဆောက်အုံတွေ ပြိုကျပျက်စီး

မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ စစ်ကောင်စီက တိုက်ပွဲဖြစ်ပွါးခြင်းမရှိဘဲ ဘုန်းကြီးကျောင်းကို ပေါင် ၅၀၀ ဗုံးတွေ ကြဲချတိုက်ခိုက်ခဲ့ရာ အမျိုးသား ၁ ယောက် သေဆုံးပြီး ၁ ယောက် အရေးပေါ်ကုသနေရကြောင်း အညာမြေတပ်ပေါင်းစု သတင်းတာဝန်ခံ ကိုဘိုဘိုသန့်စင်က မောင်းကို ပြောပါတယ်။
Read More

သေနတ်ယူဆောင် အလင်းဝင်လာသည့် စစ်မှုထမ်းတပ်သား ၂ ဦးအား ဆုကြေးငွေပေးပြီး လုံခြုံရာသို့ ပို့ဆောင်ပေးခဲ့ဟု လောင်းလုံးသံမဏိလိပ်ပြာတပ်ဖွဲ့ ထုတ်ပြန်

တနင်္သာရီတိုင်း၊ ထားဝယ်အခြေစိုက် ခလရ ၂၆၇ ကနေ လက်နက်တွေနဲ့အတူ အလင်းဝင်ရောက်လာတဲ့ စစ်မှုထမ်းတပ်သား၂ယောက်ကို ဆုကြေးငွေပေးအပ်ပြီး လုံခြုံစိတ်ချရတဲ့နေရာဆီ ပို့ဆောင်ပေးခဲ့တယ်လို့ လောင်းလုံးသံမဏိလိပ်ပြာတပ်ဖွဲ့ (L.L.S.B.F) က ပြောပါတယ်။
Read More

ပွင့်ဖြူမှာ စစ်ကြောင်းထိုး အကြမ်းဖက်စစ်တပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်တွေ ရက်ဆက်တိုက်ပွဲဖြစ်၊ စစ်အုပ်စု အထိနာပြီး ပြန်ဆုတ်သွား

မကွေးတိုင်း၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်မှာ စစ်ကြောင်းထိုးနေတဲ့ အကြမ်းဖက်စစ်တပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေ တိုက်ပွဲရက်ဆက်ဖြစ်ပြီးစစ်ကောင်စီဘက်က အထိနာကာ ပြန်လည်ဆုတ်ခွာသွားတယ်လို့ မင်းဘူးခရိုင် အမှတ် ၇ တပ်ရင်း သတင်းတာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

အုတ်ဖိုတွင် ကျေးရွာများကို မီးရှို့နေသည့် အကြမ်းဖက်စစ်ကြောင်း တိုက်ခိုက်ခံရပြီး အယောက် ၂၀ ကျော် သေ

ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်၊ ကြို့ကိုးပင်ရွာမှာ တပ်စွဲကာ ကျေးရွာတွေကို စစ်ကြောင်းထိုး မီးရှို့ဖျက်ဆီးနေတဲ့ စစ်ကောင်စီတပ်သားတွေကို တိုက်ခိုက်ရာမှာ စစ်အုပ်စုဘက်က အယောက် ၂၀ ကျော် သေဆုံးသွားတယ်လို့ သာယာဝတီခရိုင်၊ အမှတ် (၁) တိုက်ခိုက်ရေးအဖွဲ့က သတင်းထုတ်ပြန်ပါတယ်။
Read More

မန္တလေးမှာ စစ်သားသစ် စုဆောင်းခံရသူ စစ်ကောင်စီတပ်သားသစ်တစ်ဦး စလင်း ပကဖ ထံ ခဲယမ်းများနှင့် အလင်းဝင်

မကွေးတိုင်း၊ စလင်းမြို့နယ်အခြေစိုက် စစ်ကောင်စီတပ်ကနေ စစ်မှုထမ်းဆင်း စစ်ကောင်စီတပ်သားသစ် ၁ ယောက် ခဲယမ်းတွေနဲ့အတူ အလင်းဝင်လာတယ်လို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ - စလင်း (စလင်း ပကဖ)က ဒီနေ့ ထုတ်ပြန်ပါတယ်။