မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ် မိုးကံရွာရှိ အကြမ်းဖက်စစ်ကော်မရှင်တပ်ရဲ့ ကား ၁ စီးနဲ့ စစ် ကြောင်းကို ဒရုန်းနဲ့ ဗုံးသီးကြဲချ ရှင်းလင်းခဲ့တယ်လို့ 27 Revolution Forces က သတင်းထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၂၈ ရက်နဲ့ ၂၉ ရက်က နွားထိုးကြီးမြို့နယ် မိုးကံရွာကို အင်အားဖြည့်လာတဲ့ စစ်တပ်ကား ၁ စီးနဲ့ စစ်ကြောင်းကို ၂ ရက်ဆက် ဒရုန်းနဲ့ ဗုံးသီးကြဲချရှင်းလင်းခဲ့တယ်လို့ သိရပါ တယ်။

တိုက်ခိုက်မှုအတွင်း စစ်ကား ၁ စီး ထိခိုက်ပျက်စီးကာ စစ်သားတွေ ထိခိုက်သေဆုံးမှုရှိခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ တိုက်ခိုက်မှုကို မြင်းခြံခရိုင်အမှတ် (၁)  တပ်ရင်း (27 Revolution Forces) ၊ မြင်းခြံခရိုင်အမှတ် (၈) တပ်ရင်း၊ နွားထိုးမြို့နယ်ပ.က.ဖနဲ့  ရေစကြိုတပ်ပေါင်းစုတို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

Video – 27 Revolution Forces

0 Shares:
You May Also Like
Read More

တောကျီးကန်း ၇ ကောင် တပ်ရင်းက ပထမဆုံးအကြိမ်အဖြစ် ရဲဘော် ၂ ယောက်ကျဆုံးခဲ့ရ (ရုပ်/သံ)

ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ် ရေဖြူကန်ကျေးရွာမှာရှိတဲ့ အကြမ်းဖက်စစ်တပ်စခန်းကို စက်တင်ဘာ ၂၇ ရက် ညပိုင်းက တော်လှန်ရေးတပ်တွေ တိုက်ခိုက်ရင်း တောကျီးကန်း ၇ ကောင် တပ်ရင်းက ရဲဘော် ၂ ယောက်ကျဆုံးခဲ့ရတယ်လို့ သိရပါတယ်။
Read More

ရေဖြူမြို့နယ်အတွင်းရှိ စစ်ကော်မရှင်ဂိတ်စခန်းကို တော်လှန်ရေးတပ်တွေ ဝင်ရောက်ပစ်ခတ် စစ်သား ၃ ယောက်သေပြီး အများအပြားဒဏ်ရာရ (ရုပ်/သံ)

တနင်္သာရီတိုင်း ရေဖြူမြို့နယ် အုန်းပင်ကွင်းကျေးရွာအုပ်စု ပယကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကော်မရှင်ဂိတ်စခန်းကို ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၃ ယောက်သေဆုံးပြီး အများ အပြား ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ နဂါးနီပြောက်ကျားတပ်ဖွဲ့မှ သတင်းထုတ်ပြန်ထားပါတယ်။
Read More

ယင်းမာပင်ခရိုင် တပ်ရင်း ၆ ရဲဘော်များ နှစ်သစ်အတွက် မိဘပြည်သူများကို ဆုမွန်ကောင်းအမှာစကား ပြောကြား (ရုပ်/သံ)

အမှတ် ၁ စစ်ဒေသ၊ ယင်းမာပင်ခရိုင်တပ်ရင်း ၆ ရဲဘော်တွေက ၂၀၂၅ နှစ်သစ်အတွက် မိဘပြည်သူတွေကို ဆုမွန်ကောင်းအမှာစကား ပြောကြားခဲ့ကြပါတယ်။
Read More

ငါန်းဇွန်မြို့ စက်မှုဇုန်အနီး တပ်စွဲထားသည့် စစ်သားများတိုက်ခိုက်ခံရ (ရုပ်/သံ)

ငါန်းဇွန်မြို့နယ်၊ မြို့သာစက်မှုဇုန်အနီး တပ်စွဲထားတဲ့ စစ်သားတွေ တိုက်ခိုက်ခံရပြီး စစ်သား ၄ ယောက် သေဆုံးခဲ့တယ်လို့ နဂါးနီပြောက်ကျားတပ်ဖွဲ့ -မြင်းခြံ က ထုတ်ပြန်ပါတယ်။မတ်လ ၂၁ ရက်၊ မနက် ၉ နာရီခန့်က ငါန်းဇွန်မြို့နယ်၊ မြို့သာစက်မှုဇုန်၊ အင်းဝဘဏ်အနီးမှာ အင်အား ၄၀ ခန့်နဲ့ တပ်စွဲထားတဲ့ စစ်သားတွေဟာ ဘဏ်နဲ့ မီတာ (၃၀၀) ခန့် အကွာမှာ ခရီးသွားပြည်သူတွေကို ပေါ်တာစွဲဖမ်းဆီးခြင်း၊ အတင်းအဓမ္မ ငွေကြေးတောင်းခံခြင်းတွေ ပြုလုပ်နေလို့ သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။
Read More

ချောင်းဦးမြို့နယ် ကံကြီးကုန်းပျူစခန်းကို ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ကံကြီးကုန်းပျူစခန်းကို ဖေဖော်ဝါရီ ၁၀ ရက် မနက်ပိုင်းက ဒရုန်းနဲ့ ဗုံးသီးတွေ ကြဲချတိုက်ခိုက်ခဲ့တယ်လို့ မုံရွာခရိုင်၊အမှတ်-၁ တပ်ရင်း Special Guerrilla Force တပ်ခွဲထံက သိရပါတယ်။
Read More

မယ်ဆိုင်ချောင်းရေတက်လာမှုကြောင့် တာချီလိတ် အနိမ့်ပိုင်းရပ်ကွက်အချို့ ရေမြုပ် (ရုပ်/သံ)

ထိုင်း-မြန်မာနယ်စပ်ရှိ မယ်ဆိုင်ချောင်းရေတက်လာမှုကြောင့် တာချီလိတ်မြို့ရပ်ကွက်အချို့မှာ ရေကြီးရေလျှံမှုဖြစ်ပွားနေတယ်လို့ သိရပါတယ်။