မကွေးနဲ့ ရခိုင်အစပ်၊ အမ်း-ပဒါန်းလမ်းပိုင်းရှိ နတ်ရေကန်ဗျူဟာကုန်းတိုက်ပွဲတွေကနေ ၂ လအတွင်း စစ်မှုထမ်းတပ်သား ၂၆ ယောက် အရှင်ဖမ်းဆီးရမိခဲ့သလို လက်နက် ၄ လက်နဲ့ ခဲယမ်းတွေသိမ်းဆည်းရရှိထားကြောင်း CDF- Asho သတင်းတာဝန်ရှိသူ ဆလိုင်းရိုးချင်းက မောင်းကို ပြောပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလနဲ့ အောက်တိုဘာလတွေထဲ ငဖဲမြို့နယ်၊ အမ်း-ပဒါန်းလမ်းပိုင်းက အာရက္ခတပ်တော် AA ဦးဆောင်တဲ့ တော်လှန်ရေးတပ်တွေနဲ့ အကြမ်းဖက်စစ်ကော်မရှင်တို့ရဲ့ နတ်ရေကန်ဗျူဟာကုန်းစခန်းတိုက်ပွဲတွေ၊ အကြမ်းဖက် စစ်ကူစစ်ကြောင်းတွေကနေ စစ်မှုထမ်းတပ်သားတွေကို ဖမ်းဆီးရမိခဲ့တာလို့ သိရပါတယ်။

ဖမ်းဆီးရမိသူတွေဟာ အကြမ်းဖက်စစ်အုပ်စုရဲ့ မတရား စစ်မှုထမ်းစုဆောင်းခံခဲ့ရသူတွေဖြစ်တယ်လို့လည်း ပြောပါတယ်။

ဒါ့အပြင် နတ်ရေကန်လမ်းဟောင်းတလျှောက်ကို နယ်မြေရှင်းလင်းရေးလုပ်ဆောင်ရာမှာလည်း သေနတ် ၄ လက်နဲ့ ခဲယမ်းအများအပြားကို CDF-Asho တို့ သိမ်းဆည်းရရှိခဲ့ပါတယ်။

“စစ်ကြောင်းတွေကရော နတ်ရေကန် ဗျူဟာကုန်းပေါ်ကရောပါ အစုံပါပဲ။ ပြေးလာကြသူတွေပါ” လို့ CDF- Asho သတင်းတာဝန်ရှိသူ ဆလိုင်းရိုးချင်းက မောင်းကိုပြောပါတယ်။

အကြမ်းဖက်စစ်တပ်အနေနဲ့ နတ်ရေကန် ဗျူဟာကုန်း မကျစေရေးအတွက် လေကြောင်းပစ်ကူတွေအဆက်မပြတ်အသုံးပြုခဲ့သလို စစ်ကူတွေလည်း တောက်လျှောက်ပို့နေခဲ့ရာမှာ Chin Defense Force -Ashoနဲ့ အခြားတပ်ဖွဲ့တွေက လမ်းပိုင်းတလျှောက် ဖြတ်တောက်တိုက်ခိုက်တာတွေအပါအဝင် ထိုးစစ်တိုက်ခိုက်တာမျိုးတွေပါ ရှိခဲ့ပါတယ်။

ဒီအတွက် ၂လတာအတွင်း CDF -Asho တပ်သား၂ယောက် ကျဆုံးပြီး ကိုယ်လက်ခြေအင်္ဂါဆုံးရှုံးရသူ ၂ယောက်နဲ့ အခြားထိခိုက်ဒဏ်ရာရသူ ၇ယောက်ရှိခဲ့တယ်လို့ CDF -Asho က ထုတ်ပြန်ထားပါသေးတယ်။

မကွေးတိုင်းနဲ့ ရခိုင်ပြည်နယ်ကို ဆက်သွယ်ထားတဲ့ အမ်း-ပဒါန်းလမ်းပေါ်က နတ်ရေကန် ဗျူဟာကုန်းကို အာရက္ခတပ်တော်(AA) နဲ့မဟာမိတ်တပ်တွေက ပြီးခဲ့တဲ့ဖေဖော်ဝါရီလကတည်းက ထိုးစစ်ဆင်တိုက်ခိုက်နေခဲ့တာ ဖြစ်ပါတယ်။

လက်ရှိမှာလည်း အာရက္ခတပ်တော် (AA) က နတ်ရေကန် ဗျူဟာကုန်းနဲ့ ပတ်သက်ပြီး လက်ကျန်အကြမ်းဖက်စစ်စခန်းတချို့ကို အပြီးသတ် တိုက်ခိုက်သိမ်းပိုက်နေတာကြောင့် ထိတွေ့တိုက်ပွဲတွေ ရှိနေတယ်လို့ ပြောထားပါတယ်။

နတ်ရေကန်ကာကင်းစခန်းတိုက်ပွဲတွေ၊ လေကြောင်းရန်ကာကွယ်ရေးတပ်စခန်း တိုက်ပွဲတွေကနေ မကြာခဏဆိုသလို စစ်ကော်မရှင်တပ်သားတွေ ထွက်ပြေးတာတွေရှိနေရာမှာ ထွက်ပြေးလာတဲ့ စစ်သားတွေကို CDF-Asho ၊ PRA -Magway စတဲ့ ငဖဲအခြေစိုက် တော်လှန်ရေးတပ်တွေက ဖမ်းဆီးရမိတာမျိုးတွေ ရှိနေတာဖြစ်ပါတယ်။

ကျားဖြန့်လုပ်ငန်းတွေ လုပ်ကိုင်နေတဲ့ KK Park စီမံကိန်းမှာ ကရင်အမျိုးသားအစည်းအရုံး (KNU) ခေါင်းဆောင်တွေလည်း ပါဝင်ပတ်သက်နေတယ်လို့ အကြမ်းဖက်စစ်တပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဇော်မင်းထွန်းက ပြောဆိုလာတဲ့အပေါ် KNU ဗဟိုအလုပ်အမှုဆောင် ပဒိုစောတောနီးက အခုလို စွပ်စွဲမှုတွေကို တုံ့ပြန်သွားမယ်လို့ မောင်းကို ပြောပါတယ်။

0 Shares:
You May Also Like
Read More

ချောင်းဦးမြို့ ပေါ်ရှိ မဲရုံကို ကာကွယ်ရေး ပူးပေါင်းတပ်က ၂ ရက်ဆက် တိုက်ခိုက်

စစ်ကိုင်းတိုင်း ၊ ချောင်းဦးမြို့ပေါ်ရှိ မဲရုံကို ကာကွယ်ရေးပူးပေါင်းတပ်က ၂ ရက်ဆက် သွားရောက် တိုက်ခိုက် ခဲ့တယ်လို့ ဗမာလွတ်မြောက်ရေး ဒီမိုကရက်တစ်တပ်ဦး - BLDF ( စစ်ဒေသ - ၃)ဆီက သိရပါတယ်။
Read More

ကလေးဝ – ရေဦး လမ်းမကြီးနှင့် ဆက်စပ်လမ်းများတွင်လက်နက်ခဲယမ်း သယ်ဆောင်ခြင်း မပြုလုပ်ရန် ကလေးခရိုင် တပ်ရင်းများ အသိပေး

စစ်ကိုင်းတိုင်း၊ ကလေးခရိုင်၊ ကလေးဝမြို့နယ်က ကလေးဝ-ရေဦးလမ်းမကြီးနဲ့ ဆက်စပ်ရှောင်ကွင်း လမ်းတွေမှာ သက်ဆိုင်ရာ တပ်ရင်းတပ်ဖွဲ့တွေရဲ့ ခွင့်ပြုချက်မရပဲ လက်နက် ခဲယမ်းသယ်ဆောင် တာတွေ မလုပ်ကြဖို့ အသိပေးထားတယ်လို့ ကလေးခရိုင် စစ်ရေးတာဝန်ရှိသူ တယောက်က မောင်းကို ပြောပါတယ်။
Read More

တပ်သားသစ် စုဆောင်းခံခဲ့ရသည့် စစ်မှုထမ်းတပ်သား ၃ ဦး လက်နက်နှင့် အလင်းဝင်

ထိုင်း-မြန်မာနယ်စပ် မောတောင်ကုန်သွယ်ရေးလမ်းပိုင်းမှာ ရှေ့တန်းရောက်ရှိနေတဲ့ စစ်ကောင်စီတပ်သား ၃ယောက် လက်နက်နဲ့တကွ KNU တပ်မဟာ ၄၊ တပ်ရင်း ၁၁ ထံ အလင်းဝင်ရောက်လာတယ်လို့ KNU - Mergui - Tavoy District က သတင်းထုတ်ပြန်ပါတယ်။
Read More

လားရှိုးက စစ်ကောင်စီတပ်ဖွဲ့၀င်နဲ့ မိသားစု၀င် ၃၁ ယောက်ကို MNDAA ထပ်လွှတ်ပေး

လားရှိုးမြို့သိမ်းတိုက်ပွဲမှာ ဖမ်းဆီးရမိတဲ့ စစ်သုံ့ပန်း မိသားစုဝင် ၃၁ ယောက်ကို MNDAA က ပြန်လွှတ်ပေးလိုက်ပြီဖြစ်ကြောင်း ဒီနေ့ အောက်တိုဘာ ၂၀ ရက်မှာ အသိပေးထုတ်ပြန်ပါတယ်။
Read More

တန့်ဆည်နယ်ဘက် ကထိန်ခင်းရန်သွားသည့် ဇနီးမောင်နှံကို ပျူစောထီးများ ဖမ်းဆီး၊ အမျိုးသမီးကို အဓမ္မပြုကျင့် သတ်ပစ်လိုက်သည်ဟုဆို

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်၊ ညောင်ကုန်းကျေးရွာကနေ တန့်ဆည်နယ်ဘက် ကထိန်ခင်းဖို့သွားတဲ့ ဇနီးမောင်နှံ ၂ယောက်ကို ပျူစောထီးတွေက ဖမ်းဆီးကာ အမျိုးသမီးဖြစ်သူကို အဓမ္မပြုကျင့်ကာ သတ်ခဲ့တယ်လို့ KBL-PDF က ထုတ်ပြန်ပါတယ်။ အောက်တိုဘာ ၁၆ရက် မနေ့မနက် ၉နာရီလောက်မှာ တန့်ဆည်နယ်ဘက် ကထိန်ခင်းဖို့သွားတဲ့ ကိုကျော်မျိုးနဲ့ မအေးမာဦးတို့ ဇနီးမောင်နှံဟာ ရွှေဘို-မြစ်ကြီးနား လမ်းပိုင်းပေါ်ရှိ စံပယ်နံ့သာ ပျူစောထီးအထိုင်စခန်းမှာ ဖမ်းဆီးခံခဲ့ရပါတယ်။
Read More

စစ်ကောင်စီမှ အမည်‌ပြောင်းထားသည့် “နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်” အဖွဲ့ဝင် ၁၀ ဦးကို အကြမ်းဖက်သမားများအဖြစ် NUG ထပ်မံကြေညာ

လက်ရှိ ပြည်သူတွေ စစ်ကော်မရှင်လို့ ခေါ်ကြတဲ့ အာဏာသိမ်းစစ်တပ် “နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်” အဖွဲ့ဝင်တွေကို အမျိုးသားညီညွတ်ရေးအစိုးရ NUG က အကြမ်းဖက်သမားတွေအဖြစ် ဒီဇင်ဘာ ၂၁ ရက်နေ့ ရက်စွဲနဲ့ ထပ်မံကြေညာလိုက်ပါတယ်။