ပြည်သူ့ရှေ့ဆောင်ပါတီ ဥက္ကဋ္ဌ သက်သက်ခိုင်ဟာ အတုအယောင် ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်နိုင်ဖို့  စစ်တပ်လက်အောက်ခံ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) ကို အသနားခံစာ ၂ စောင် တင်သွင်းထားပေမယ့် အကြောင်းမပြန်လာသေးဘူးလို့ ထုတ်ပြောခဲ့ပါတယ်။ 

နိုဝင်ဘာလ ၁ ရက် မနေ့က ရန်ကုန်မြို့ Sky Star Hotel မှာ ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဒေါ် သက်သက်ခိုင်က အခုလို ပြောဆိုခဲ့တာ ဖြစ်ပါတယ်။ 

“UEC ကို ကျမ အသနားခံစာတင်ထားတယ်။ UEC က ဒီအသနားခံစာကို လက်ခံလားမခံလားကတော့ ဒီနေ့အထိ အကြောင်းမပြန်သေးဘူး” လို့ ဒေါ်သက်သက်ခိုင်က ဆိုပါတယ်။ 

UEC က ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၉ ရက်နေ့မှာ ဒေါ်သက်သက်ခိုင်ကို ကိုယ်စားလှယ်လောင်း သက်သေခံကတ်ပြား ထုတ်ပေးခဲ့ပေမယ့် အောက်တိုဘာလ ၂၁ ရက်နေ့မှာတော့ ကိုယ်စားလှယ်လောင်းစာရင်းကနေ ပယ်ဖျက်ကြောင်း အကြောင်းကြားစာ ရရှိခဲ့တယ်လို့ သိရပါတယ်။ 

ဒေါ်သက်သက်ခိုင်ဟာ စစ်တပ်ရဲ့ ထောက်တိုင်အကြီးစားဖြစ်သလို စစ်တပ် အာဏာသိမ်းပြီး နောက်ပိုင်းကလည်းက စစ်တပ်ရဲ့ လုပ်ရပ်မှန်သမျှကို ထောက်ခံလာသူလည်း ဖြစ်ပါတယ်။ 

ဒါကြောင့် သူဟာ စစ်တပ်က ကျင်းပမယ့် အတုအယောင် ရွေးကောက်ပွဲမှာ ရန်ကုန်တိုင်းဒေသကြီး အမျိုးသားလွှတ်တော် FPTP မဲဆန္ဒနယ် အမှတ် (၂) ကနေ ဝင်ရောက်ယှဉ်ပြိုင်ဖို့ အမည်စာရင်းတင်သွင်းခဲ့တာပဲ ဖြစ်ပါတယ်။ 

ဒါပေမယ့် စစ်အုပ်စုလက်အောက်ခံ UEC ကတော့ ဒေါ်သက်သက်ခိုင်ကို အောက်တိုဘာလ ၂၅ ရက်နေ့မှာ အကြွေးတွေ ပေးဆပ်ဖို့ ကျန်ရှိနေတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်းနေရာကနေ ပယ်ဖျက်ကြောင်း ကြေညာလာခဲ့တာ ဖြစ်ပါတယ်။ 

သူဟာ အဆိုပါ သတင်းစာရှင်းလင်းပွဲမှာ‌ “ကျမတို့ပါတီက တော်လှန်ရေးကို မယုံကြည်ဘူး တည်ဆောက်ရေးကို ယုံကြည်တယ်၊ ထိပ်တိုက်ရင်ဆိုင်တာတွေကို မယုံကြည်ဘူး” လို့လည်း ပြောဆိုသွားခဲ့ပါတယ်။

ရွှေနန်းတော် ရွှေဆိုင်ပိုင်ရှင်ဖြစ်တဲ့ ဒေါ်သက်သက်ခိုင်ဟာ 68 Residence ဆိုခေါ်တဲ့ အိမ်ရာစီမံကိန်းအတွက်  စစ်အုပ်စု ထောက်တိုင် အကြီးစားဖြစ်တဲ့ ကမ္ဘောဇဘဏ်ကနေ ငွေကျပ် ဘီလီယံ ၁၀၀ ကျော် ချေးယူထားပြီး အဆိုပါအကြွေးတွေကို ပြန်မဆပ်နိုင်တာကြောင့် ရွေးကောက်ပွဲဝင်ခွင့် ပယ်ဖျက်ခံရတာ ဖြစ်တယ်လို့လည်း ပြည်သူတွေက ယုံကြည်ကြပါတယ်။ 

CDM ဗိုလ်ကြီးဇင်ယော်ကတော့ “ရှင်းရှင်းပြောရရင်တော့ သူတို့ချည်းပဲ ကိုယ်စားလှယ်လောင်း ဖြစ်ချင်တဲ့ သဘောပါပဲ။ လွှတ်တော်မှာတော့ ရာနှုန်းပြည့် ကြံဖွံ့ သူတို့ စစ်ဗိုလ်ချုပ်တွေပဲဖြစ်မှာ… အယောင်ပြ ၁ယောက် ၂ယောက်လောက်ကလည်း အလကားနေ NLD ကို ဆဲနေတဲ့ သူမျိုးကိုပဲ လက်ခံမယ့် အနေအထားမျိုးပေါ့နော်။ ဒေါ်သက်သက်ခိုင်ကျတော့လည်း လွှတ်တော်ထဲ ရောက်တာနဲ့ လေသံပြောင်းတာကို ကြုံခဲ့ဖူးတော့ ဒီလို အတိုက်အခံတွေကို ကြိုရှင်းနေတဲ့ အခြေအနေပါ” လို့ မှတ်ချက်ပြုခဲ့ပါတယ်။

0 Shares:
You May Also Like
Read More

၂ ပတ်ကြာ စစ်အုပ်စု စစ်ကြောင်းထိုးနေသည့် ရေစကြိုတွင် ခေါင်းဖြတ်မီးရှို့သတ်ခံထားရသည့် အလောင်း ၁ လောင်း ထပ်မံတွေ့ရှိ

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်က မြေတော်ရွာမှာ ခေါင်းဖြတ်မီးရှို့သတ်​ဖြတ်ခံထားရတဲ့ ရုပ်အလောင်းတစ်ခု ထပ်မံတွေ့ရှိခဲ့ပြီး စစ်အုပ်စုတွေက အရပ်သား​ပိုင်ပစ္စည်းတွေကိုလည်း နည်းမျိုးစုံနဲ့ ခိုးယူသယ်ဆောင်နေကြတယ်လို့ ရေစကြိုသတင်းအချက်အလက်ကော်မတီ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

အုတ်ဖိုမှာ စစ်ကြောင်းထွက်လာတဲ့ စစ်အုပ်စုကို မိုင်းဆွဲတိုက်ခိုက်

ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်၊ ဝိုင်းကျေးရွာအုပ်စုရဲစခန်းကနေ စစ်ကြောင်းထွက်လာတဲ့ စစ်ကောင်စီတပ်သားတွေကို မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ တပ်ရင်း ၃၈၀၁၊ တပ်ခွဲ (၅) Gyo Bin Gauk Hero ပြောက်ကျားတပ်ဖွဲ့ထံက သိရပါတယ်။
Read More

အမျိုးသမီးတစ်ယောက်ကို ပစ်သတ်ခဲ့တဲ့ PDF ဒုတပ်ခွဲမှူးကို ထောင်ဒဏ် (၁၀) နှစ်ချမှတ်

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ဟံလင်းတိုက်နယ်၊ သခွတ္တောကျေးရွာက အမျိုးသမီးတစ်ယောက်ကို အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ရွှေဘိုခရိုင်တပ်ရင်း (၂)၊ တပ်ခွဲ(၁) - ဒုတပ်ခွဲမှူး ရဲဘော် ပြည့်ထွန်းနိုင် (ခ) လင်းစေ က ပစ်သတ်ခဲ့တယ်လို့ အကျဉ်းစစ်တရားရုံးချုပ် အမှတ် (၂/၂၀၂၄) ဖွဲ့စည်းစစ်ဆေးမှုအရ ​ပေါ်​ပေါက်ခဲ့တာကြောင့် ကျူးလွန်သူကို အလုပ်ကြမ်းနဲ့ ထောင်ဒဏ် (၁၀) နှစ် ချမှတ်လိုက်တယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
Read More

စဉ့်ကူးမှာ မူးယစ်ဆေးဝါး ရောင်းဝယ်နေသူ ၁ ဦးကို WY ဆေးပြား ၅၂၀၀ ပြားနှင့်အတူ ပကဖ ဖမ်းဆီး

မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်မှာ မူးယစ်ဆေးဝါး ရောင်းဝယ်နေသူ ၁ ယောက်ကို WY ဆေးပြား ၅၂၀၀ ပြားနဲ့အတူ ဖမ်းဆီးရမိခဲ့တယ်လို့ စဉ့်ကူးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ - ပကဖ ဆီက သိရပါတယ်။
Read More

ပြည်သူ့ကာကွယ်ရေးတပ်မတော် “TRI” ဗျူဟာ၏ အခြေခံစစ်ပညာသင်တန်း အပတ်စဉ် (၂) သင်တန်းဆင်းပွဲ (ဓာတ်ပုံသတင်း)

ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ၊ "TRI"  ဗျူဟာ (ဗျူဟာအမှတ် ၉၃ ) ရဲ့ အခြေခံစစ်ပညာသင်တန်း အပတ်စဉ် (၂) သင်တန်းဆင်းပွဲ အခမ်းအနား ပုံရိပ်တွေကို "TRI" ဗျူဟာက ဒီနေ့မှာ ထုတ်ပြန်ဖော်ပြထားပါတယ်။
Read More

မြိတ်ကိုလာတဲ့ စစ်ယာဉ်တန်းနဲ့ လမ်းကင်းယူထားတဲ့ စစ်သားတွေကို မိုင်းဆွဲပြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့ကနေ မြိတ်မြို့ကို ပြန်လာတဲ့ အကြမ်းဖက်စစ်ကောင်စီယာဥ်တန်းနဲ့ လမ်းကင်းယူထားတဲ့ စစ်သားတွေကို မိုင်းဆွဲပြီး လက်နက်ငယ်နဲ့ ပစ်ခတ်တိုက်ခိုက်ရာ စစ်ကောင်စီတပ်က ၃ ယောက် ဒဏ်ရာရသွားတယ်လို့ မြိတ်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ​- ပကဖ မြိတ်က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။