တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်၊ လေးမိုင်ရွာအနီး အကြမ်းဖက်စစ်တပ် ခြေကုပ်ယူထားတဲ့ နေရာကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်တပ်အရာရှိ ၁ ယောက်အပါအဝင် အများအပြားသေဆုံးခဲ့တယ်လို့ တနင်္သာရီမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပ.က.ဖ) က ဒီနေ့ သတင်းထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၂၈ ရက် နေ့လယ်ပိုင်းက တနင်္သာရီမြို့နယ်၊ လေးမိုင်ရွာအနီး စစ်တပ်ခြေကုပ်ယူထားရာ နေရာကို တော်လှန်ရေးတပ်တွေ ပူးပေါင်းပြီး ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

နှစ်ဘက်အပြန်အလှန် ပစ်ခတ်တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်တပ်က အရာရှိ ၁ ယောက် အပါအဝင် အများအပြား ထိခိုက်သေဆုံးခဲ့ကာ တော်လှန်ရေးရဲဘော် ၁ ယောက်လည်း ကျဆုံးခဲ့တယ်လို့ သိရပါတယ်။

တနင်္သာရီမြို့နယ်အတွင်း ဖြစ်ပေါ်နေတဲ့ စစ်ရေးအခြေအနေတွေအရ ဒေသခံမိဘပြည်သူတွေ၊ ခရီးသွားပြည်သူတွေအနေနဲ့ သတိရှိစွာ သွားလာနေထိုင်ပေးကြဖို့နဲ့ မိဘပြည်သူတွေရဲ့ လုံခြုံရေးကိုရှေးရှုပြီး မေတ္တာရပ်ခံကြောင်း တနင်္သာရီ ပ.က.ဖ က ဆိုထားပါတယ်။

အထက်ပါတိုက်ခိုက်မှုကို တနင်္သာရီမြို့နယ် ပကဖ၊ ‌မြိတ်ခရိုင်တပ်ရင်း ၂ တပ်ခွဲ (၁)၊ တပ်ရင်း ၃ တပ်ခွဲ (၂)၊ KNDO တပ်ဖွဲ့၊ မြိတ်ခရိုင် ပကဖနဲ့ မြိတ်မြို့နယ် ပကဖ တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

Video – တနင်္သာရီမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပ.က.ဖ)

0 Shares:
You May Also Like
Read More

Defence Of Our Motherland ရဲဘော်တွေအတွက် ဝယ်ယူထားတဲ့ ဝတ်စုံဖိုး ပေးချေနိုင်ဖို့ ကမ့်ပိန်းမဲလက်မှတ်ဝယ်ယူပေးဖို့ မေတ္တာရပ်ခံ (ရုပ်/သံ)

အမှတ် (၁) စစ်ဒေသ ယင်းမာပင်ခရိုင်တပ်ရင်းအမှတ် (၃,၄,၅)၊ ဗျူဟာ အမှတ် (၄၈) တပ်ရင်း (၃) တပ်ခွဲ (၃) Defence Of Our Motherland ရဲဘော်တွေအတွက် ဝယ်ယူထားတဲ့ ဝတ်စုံဖိုးပေးချေနိုင်ဖို့ ကမ့်ပိန်းမဲလက်မှတ်တွေ ရောင်းချနေတယ်လို့ သိရပါတယ်။
Read More

အောင်ဇေယျစစ်ဆင်ရေးမှ ထွက်ပြေး လွတ်မြောက်လာသည့် တပ်မ(၅၅) လက်အောက်ခံ ခလရ-၉၄ ကိုယ်ပိုင်အမှတ်- တ/၄၁၄၉၁ တပ်ကြပ်- ခင်မြင့်၏ ပြောကြားချက် (ရုပ်/သံ)

''တပ်ထဲရောက်မယ့် ရဲဘော်တွေကို ပြန်ပြီး မောင်းထုတ်ချင်ပါတယ်.. မဝင်ဖို့အတွက်ကို။ ကိုယ့်တူ ကိုယ်သားအရွယ်သာဆိုလိုရှိရင် တစ်ခါတည်းမောင်းထုတ်ပြီးတော့ သတ်ပစ်လိုက်ချင်တယ်။ ကိုယ့် ကိုယ်တိုင်လည်း ဒီမှာ ကြုံတွေ့နေရတဲ့အတွက်ကြောင့်မလို့ သူတို့လည်း ဒုက္ခမပေးချင်ဘူး။ ကိုယ်တောင်မှာ ဒုက္ခခံစားလို့ ဝဋ်ကြွေးမကုန်သေးသ၍ ဝဋ်ကြွေးမကုန်သေးလို့ ဝဋ်ခံနေရတာ"
Read More

ပုသိမ်-မုံရွာလမ်းမှာ စစ်ကြောင်းထိုးနေတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေနဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်ပွား (ရုပ်/သံ)

ဖေဖော်ဝါရီ ၁ ရက်က မဲဇလီတံတားတိုက်ပွဲအတွင်း အထိနာသွားတဲ့ အကြမ်းဖက်စစ်ကောင်စီတပ် ဟာ ဖေဖော်ဝါရီ ၃ ရက်က ပုသိမ်-မုံရွာလမ်း ၃ မိုင်ပေါက်ကို အင်အား ၁၅၀ ဝန်းကျင်နဲ့ စစ်ကြောင်း ထိုးဝင်ရောက်လာတဲ့အတွက် တော်လှန်ရေးပူးပေါင်းတပ်တွေက စတင်တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
Read More

နမခ ကနေ တပ်သားသစ်တွေ တင်ဆောင်လာတဲ့ စစ်ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) ကနေ စစ်ကိုင်းတပ်မ ၃၃ ဆီ တပ်သားသစ်တွေ တင်ဆောင်ပြီး ထွက်လာတဲ့ အကြမ်းဖက်စစ်တပ်ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ Area 71 peoples defense force အဖွဲ့ထံက သိရပါတယ်။
Read More

တန့်ဆည်မြို့နယ် ကျီးကုန်းရွာအတွင်းရှိ စစ်အုပ်စု ထောင်သွားသည့် မိုင်းများကို ဖယ်ရှားရှင်းလင်း (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ် ကျီးကုန်းရွာအတွင်း စစ်တပ် ထောင်ထားတဲ့ မိုင်းတွေကို ပြည်သူတွေ အန္တရာယ်မဖြစ်စေဖို့ ဖယ်ရှားရှင်းလင်းပေးခဲ့တယ်လို့ Chaung U People's Defence Force က ဒီဇင်ဘာ ၃၀ ရက်မှာ သတင်းထုတ်ပြန်ထားပါတယ်။