စစ်ကိုင်းတိုင်း ဆားတောင်မြို့အနောက်ဘက်ကို အင်အား ၆၀ ခန့်နဲ့ စစ်ကြောင်းထိုးလာတဲ့ အကြမ်း ဖက်စစ်ကော်မရှင်တပ်သားတွေကို တိုက်ခိုက်ခဲ့ရာ ၅ ဦးထက်မနည်း သေဆုံးပြီး‌ သေနတ် ၁ လက် သိမ်းဆည်းရရှိခဲ့တယ်လို့ ဆားတောင်မိုးကြိုးပြည်သူကာကွယ်ရေးတပ်ဖွဲ့မှ သတင်းထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၃၁ ရက်က ဆားတောင်မြို့ကနေ အနောက်ဘက်သို့ စစ်ကြောင်းထိုးလာတဲ့ ရဲ၊ စစ်သားနဲ့ ပျူစောထီး အင်အား ၆၀ ခန့်ကို လမ်းတစ်နေရာမှာ စစ်ကိုင်းခရိုင်ကွပ်ကဲရေးစစ်ဌာနရဲ့ လမ်းညွတ်ချက်နဲ့ ဆားတောင်မိုးကြိုးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

တိုက်ပွဲ ၂ နာရီကြာ ဖြစ်ပွားခဲ့ပြီး စစ်ကော်မရှင်တပ်သား ၅ ဦးထက်မနည်းသေဆုံးပြီး ၁၀ ဦးခန့် ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ သိရပါတယ်။

တိုက်ခိုက်မှုအတွင်း Ma1 ၁ လက်၊ ၆၀ မမ ၂ လုံး၊ ကျဥ်အိမ် ၃ ခုနှင့် ဆက်စပ်ပစ္စည်းတွေ သိမ်းဆည်း ရရှိခဲ့တယ်လို့ သိရပါတယ်။

Video – ဆားတောင်မိုးကြိုးပြည်သူကာကွယ်ရေးတပ်ဖွဲ့

0 Shares:
You May Also Like
Read More

ကနီမြို့နယ် ဆူးလေကုန်းကျေးရွာကို အကြမ်းဖက်စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှု အရပ်သား ၁ ယောက် သေဆုံး (ရုပ်/သံ)

စစ်ကိုင်းတိုင်း ကနီမြို့နယ် ဆူးလေကုန်းကျေးရွာကို အကြမ်းဖက်စစ်တပ်က လေကြောင်းကနေ ဗုံးကြဲချတိုက်ခိုက်မှုကြောင့် အရပ်သား ၁ ယောက်သေဆုံးခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်ထံက သိရပါတယ်။
Read More

လားရှိုးမြို့သို့ စစ်ကောင်စီတပ်ယာဉ်တန်း ရာချီဝင်ရောက် (ရုပ်/သံ)

ရှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့ကို ဒီနေ့ဧပြီ ၂၂ ရက် မနက်ပိုင်းမှာ စစ်‌ကောင်စီတပ်ယာဉ်တန်း ရာချီဝင်ရောက်လာပြီဖြစ်တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

နွားထိုးကြီးမြို့နယ် ပြင်စည်လျှပ်စစ်ဓာတ်အားပေးခွဲရုံနဲ့ ကနားနယ်မြေရဲစခန်းရှိ စစ်ကောင်စီလက်အောက်ခံတပ်သားတွေကို ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက် (ရုပ်/သံ)

မန္တလေးတိုင်း နွားထိုးကြီးမြို့နယ် ပြင်စည်လျှပ်စစ်ဓာတ်အားပေးခွဲရုံနဲ့ ကနားနယ်မြေရဲစခန်းကို နိုဝင်ဘာ ၂၇ ရက် နေ့လယ်ပိုင်းက ဒရုန်းနဲ့ ဗုံးသီး ၄ လုံးစီ ကြဲချတိုက်ခိုက်ခဲ့တယ်လို့ Natogyi People Defence Force ထံက သိရပါတယ်။
Read More

ဖားကန့်တွင် စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးပူးပေါင်းတပ်များ တိုက်ပွဲပြင်းထန်နေ (ရုပ်/သံ)

ကချင်ပြည်နယ် ဖားကန့်မှာ ဒီနေ့ ဇူလိုင်လ ၁၅ ရက် နေ့လယ်ပိုင်းက စစ်ကောင်စီတပ်နဲ့ KIA ပူးပေါင်းတပ်တွေ တိုက်ပွဲအပြင်းအထန်ဖြစ်ပွားနေပြီး စစ်ကောင်စီက လေကြောင်းကနေ ဆက်တိုက်ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

မန္တလေး PDF အခြေခံစစ်ပညာသင်တန်း အပတ်စဉ် ၁၅ သင်တန်း မှတ်တမ်းပုံရိပ်များ (ရုပ်/သံ)

ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) အခြေခံစစ်ပညာသင်တန်း အပတ်စဉ် ၁၅ သင်တန်းသား သင်တန်းသူတွေရဲ့ လေ့ကျင့်ရေးပုံရိပ်တွေနဲ့ သင်တန်းဆင်းပုံရိပ်တွေကို မန္တလေး PDF က ရုပ်သံနဲ့တကွ ထုတ်ပြန်လိုက်ပါတယ်။
Read More

မုံရွာမြို့နယ် MRTV အသံလွှင့်တာဝါတိုင်ကုန်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်စခန်းကို တော်လှန်ရေးတပ်များ တိုက်ခိုက်သိမ်းပိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ခတက္ကန်ရွာအရှေ့ဘက်ရှိ MRTV အသံလွှင့်တာဝါတိုင်ကုန်း (ဗောဓိတစ်ထောင်) တပ်စခန်းကို ဖေဖော်ဝါရီ ၂၆ ရက် မနေ့က မနက်ပိုင်းမှာ တော်လှန်ရေးတပ်တွေ တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ မုံရွာခရိုင် အမှတ် - ၁ တပ်ရင်းထံက သိရပါတယ်။