စစ်ကိုင်းတိုင်း ဆားတောင်မြို့အနောက်ဘက်ကို အင်အား ၆၀ ခန့်နဲ့ စစ်ကြောင်းထိုးလာတဲ့ အကြမ်း ဖက်စစ်ကော်မရှင်တပ်သားတွေကို တိုက်ခိုက်ခဲ့ရာ ၅ ဦးထက်မနည်း သေဆုံးပြီး‌ သေနတ် ၁ လက် သိမ်းဆည်းရရှိခဲ့တယ်လို့ ဆားတောင်မိုးကြိုးပြည်သူကာကွယ်ရေးတပ်ဖွဲ့မှ သတင်းထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၃၁ ရက်က ဆားတောင်မြို့ကနေ အနောက်ဘက်သို့ စစ်ကြောင်းထိုးလာတဲ့ ရဲ၊ စစ်သားနဲ့ ပျူစောထီး အင်အား ၆၀ ခန့်ကို လမ်းတစ်နေရာမှာ စစ်ကိုင်းခရိုင်ကွပ်ကဲရေးစစ်ဌာနရဲ့ လမ်းညွတ်ချက်နဲ့ ဆားတောင်မိုးကြိုးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

တိုက်ပွဲ ၂ နာရီကြာ ဖြစ်ပွားခဲ့ပြီး စစ်ကော်မရှင်တပ်သား ၅ ဦးထက်မနည်းသေဆုံးပြီး ၁၀ ဦးခန့် ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ သိရပါတယ်။

တိုက်ခိုက်မှုအတွင်း Ma1 ၁ လက်၊ ၆၀ မမ ၂ လုံး၊ ကျဥ်အိမ် ၃ ခုနှင့် ဆက်စပ်ပစ္စည်းတွေ သိမ်းဆည်း ရရှိခဲ့တယ်လို့ သိရပါတယ်။

Video – ဆားတောင်မိုးကြိုးပြည်သူကာကွယ်ရေးတပ်ဖွဲ့

0 Shares:
You May Also Like
Read More

မြိုင်တွင် ပြည်သူပိုင်ပစ္စည်း ခိုးယူနေသည့် စစ်အုပ်စု အလစ်တိုက်ခိုက်ခံရပြီး ၃ ဦးသေ၊ သေနတ် ၁ လက် ရရှိ (ရုပ်/သံ)

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ တွင်းမရွာအတွင်း ပြည်သူပိုင်ပစ္စည်းတွေ ခိုးယူနေတဲ့ စစ်ကော်မရှင်တပ်သားတွေကို တိုက်ခိုက်ခဲ့တယ်လို့ မြိုင်ပကဖက သတင်းထုတ်ပြန်ထားပါတယ်။
Read More

ချင်းတွင်းမြစ်ကြောင်းအတိုင်း ဆန်တက်လာသည့် စစ်ရေယာဉ်ကို ကြားဖြတ်တိုက်ခိုက်မှု ဒုတပ်ကြပ် ၁ ဦး သေဆုံး (ရုပ်/သံ)

ချင်းတွင်းမြစ်ကြောင်းအတိုင်း ဆန်တက်လာတဲ့ စစ်ရေယာဉ်ကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ  ဒုတပ်ကြပ် ၁ ယောက် သေဆုံးခဲ့တယ်လို့ ရေစကြိုပကဖ ကထုတ်ပြန်ထားပါတယ်။
Read More

PDF ပုလဲမြို့နယ် စစ်ကြောင်း စစ်ရေးပြ အခမ်းအနား ကျင်းပပြီးစီး (ရုပ်/သံ)

ပြည်သူ့ကာကွယ်ရေး တပ်မတော် စစ်ကိုင်းတိုင်းစစ်ဌာန၊ ယင်းမာပင် ခရိုင်စစ်ဌာန၊  ပုလဲမြို့နယ်စစ်ကြောင်းရဲ့ (Unity Column) စစ်ရေးပြ အခမ်းအနားကို ဇန်ဝါရီ ၁၅ ရက်က ကျင်းပပြီးစီးခဲ့တယ်လို့ သိရပါတယ်။
Read More

ယူကရိန်း၏ ဒရုန်းစစ်ဆင်ရေးကြောင့် ရုရှား ဗုံးကြဲလေယာဉ်များအပါအဝင် လေယာဉ် ၄၁ စင်း ပျက်စီး (ရုပ်/သံ)

ရုရှားနိုင်ငံရဲ့ လေတပ်နဲ့ လေဆိပ်တွေအနီးမှာ ယူကရိန်းက ကြိုတင်စီစဉ်ထားတဲ့ ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တာကြောင့် ရုရှားရဲ့ ဗုံးကြဲလေယာဉ်တွေအပါအဝင် လေယာဉ် ၄၁ စင်းကို ဖျက်ဆီးနိုင်ခဲ့တယ်လို့ နိုင်ငံတကာသတင်းတွေရဲ့ ဖော်ပြချက်အရ သိရပါတယ်။
Read More

ရေဦးမြို့နယ်မှာ လေကြောင်းအန္တရာယ်ရှောင်ရှားနိုင်‌ရေး လေ့ကျင့်သရုပ်ပြ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်အတွင်းမှာ ကျောင်းသားကလေးငယ်တွေ လေကြောင်းအန္တရာယ် ရှောင်ရှားနိုင်ရေး လေ့ကျင့်သရုပ်ပြမှု ပြုလုပ်ပေးခဲ့တယ်လို့ ပကဖအသံရဲ့ ဖော်ပြချက်အရ သိရပါတယ်။
Read More

ချောင်းမကျေးရွာမှာ အင်အား ၁၀၀ ခန့်ရှိ စစ်ကော်မရှင်စစ်ကြောင်း တိုက်ခိုက်ခံရပြီး ၇ ယောက်သေ တပ်ကြပ်ကြီး ၂ ယောက်အပါအဝင် ၄ ယောက်ဖမ်းဆီးမိ (ရုပ်/သံ)

စစ်ကိုင်းတိုင်း ကနီမြို့နယ် ချောင်းမကျေးရွာမှာ အင်အား ၁၀၀ ခန့်ရှိ စစ်ကော်မရှင်စစ်ကြောင်းကို တိုက်ခိုက်ခဲ့ရာ စစ်သား ၇ ယောက်သေဆုံးပြီး တပ်ကြပ်ကြီး ၂ ယောက်အပါအဝင် ၄ ယောက် ဖမ်းဆီးမိခဲ့တယ်လို့ ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် - BNRAမှ သတင်းထုတ်ပြန်ထားပါ တယ်။