စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်မှာ ငွေကြေးအလွဲသုံးစားလုပ်မှုအပါအဝင် အကြမ်းဖက်စစ်တပ် ထောက်တိုင်တွေနဲ့ ဆက်သွယ်မှုကြောင့် အခွန်တော်အရာရှိအပါ ၇ ယောက်ကို အရပ်ဘက်တရားစီရင်ရေးအတိုင်း စစ်ဆေးအရေးယူသွားဖို့ရှိတယ်လို့ ကန့်ဘလူမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

ကန့်ဘလူမြို့နယ်၊ အခွန်တော်အရာရှိဖြစ်သူ ဦးမြင့်ကျော် (ခ) အာခိုင်နဲ့ အခွန်တော်အဖွဲ့ဝင် ၆ ယောက်ကို ငွေကြေးအလွဲသုံးစားလုပ်ဆောင်မှု အပါအဝင် အချက် ၅ ချက်နဲ့ ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၂ ရက်နေ့က ကန့်ဘလူမြို့နယ် တော်လှန်ရေးအင်အားစုတွေက ဖမ်းဆီးခဲ့ပါတယ်။

ငွေကြေးအလွဲသုံးစားလုပ်မှုအပါအဝင် လုပ်ပိုင်ခွင့်အာဏာအသုံးချ မလျော်ဩဇာပြုလုပ်မှု၊ မြို့နယ်ပအဖတံဆိပ်စည်း အတုပြုလုပ်မှု၊ သက်သေခံပစ္စည်းတွေ ဖျောက်ဖျက်မှုနဲ့ အကြမ်းဖက်စစ်ကောင်စီ ထောက်တိုင်တွေဆီ ဆက်သွယ်မှုစတဲ့ အချက် (၅) ချက်နဲ့ အရေးယူသွားမှာဖြစ်တယ်လို့လည်း သိရပါတယ်။

အခွန်တော်အရာရှိ ဦးမြင့်ကျော်နဲ့ ပါဝင်သူတွေဟာ ပြီးခဲ့တဲ့ ကန့်ဘလူမြို့နယ် ပအဖ တာဝန်ခံ ရှိချိန်ကစလို့ ၂၀၂၅ ခုနှစ် စက်တင်ဘာလအထိ အခွန်ငွေကရရှိတဲ့ ငွေကြေးတွေကို နည်းလမ်းမျိုးစုံနဲ့ ကိုယ်ကျိုးအတွက် အသုံးချခဲ့တယ်လို့လည်း ကန့်ဘလူပအဖ တာဝန်ရှိသူကပြောပါတယ်။

” ငွေကြေးအလွဲသုံးစားလုပ်တဲ့ အမောင့်က ခန့်မှန်းရခက်တယ်ဗျ။ ပြီးခဲ့တဲ့ ကန့်ဘလူပအဖ တာဝန်ခံ လက်ထက်ကတည်းကနေ ဒီနှစ် ပြီးခဲ့တဲ့လအထိ လုပ်ခဲ့တာပါ။ သစ်ကားသမားတွေကို အခွန်မဆောင်ခိုင်းဘဲ သူ့အိတ် (ထဲ) ထည့်တယ်။ မြို့ပေါ်လုပ်ငန်းရှင်တွေဆီက ပိုက်ဆံတောင်းတယ်။ အဲ့ငွေတွေက မြို့နယ် အခွန်ငွေထဲမဝင်ဘူးပေါ့။ ဘယ်လောက်လုပ်ထားလလဲဆိုတာလည်း မှန်းဆရခက်တယ်။ နောက်ပြီး အခွန်ရတဲ့ ချလံဖြတ်ပိုင်းတွေကို စည်းတံဆိပ်အတုလုပ်ပြီး သူ့စိတ်ကြိုက်အမောင့်ပြန်ပြင်ရေးတယ်။ ပြီးမှ မြို့နယ်ပအဖ ဘဏ္ဍာတာဝန်ခံအထိ အပ်တယ်။ အစစ်တွေကို မီးရှို့တယ်။ ဝင်ဖမ်းတော့ သူ့စာရေးမက အိမ်သာထဲပစ်ချတာ ရဲဘော်တွေက လိုက်ကောက်ရတယ်။ သက်သေခံပစ္စည်းအနေနဲ့ ပလဖအထိ အပ်ထားလိုက်ပါပြီ” လို့ ကန့်ဘလူမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

ဒီဖမ်းဆီးမှုကို မြေပြင်အခြေအနေတွေအရ စစ်ဘက်ဆိုင်ရာခရိုင်ကွပ်ကဲရေး တာ၀န်ရှိသူတွေ၊ တပ်ရင်းတပ်ဖွဲ့တွေနဲ့ ညှိနှိုင်းဆောင်ရွက်ခဲ့တာဖြစ်ပြီး လက်ရှိ ကန့်ဘလူပလဖ အချုပ်ခန်းမှာ ချုပ်နှောင်ဖမ်းဆီးထားကာ စစ်ဆေးပေါ်ပေါက်ချက်တွေအရ အရပ်ဖက်တရားစီရင်ရေးကို လွှဲပြောင်းအရေးယူသွားမယ်လို့လည်း သိရပါတယ်။

အခွန်တော်အရာရှိအနေနဲ့ အလွဲသုံးစားလုပ်ထားတဲ့ငွေတွေထဲကနေ အိမ်ဆောက်တာ၊ ကား ၄စီးထက်မနည်း ဝယ်တာတွေအပြင် အကြမ်းဖက်စစ်တပ်အရာရှိဗိုလ်ကတော်တွေ၊ Non CDM ရဲတွေနဲ့ပေါင်းပြီး စီးပွားရေးလုပ်တာမျိုးတွေလည်း ရှိခဲ့တယ်လို့ ကန့်ဘလူမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။

“လက်ရှိကတော့ အရပ်ဘက်တရားစီရင်ရေးကို လွှဲပြောင်းထားတယ်။ အရပ်ဖက်တရားစီရင်ရေးက သက်သေခံအနေနဲ့သူတို့ အလွဲသုံးစားလုပ်တဲ့ ပေါ်ပေါက်ချက်တွေနဲ့ တရားစွဲဖို့လုပ်နေတယ်ပေါ့။ ပေါ်ပေါက်ချက်အတိုင်း ပြစ်မှုပြစ်ဒဏ်ကိုကျခံရမှာပါ” လို့ ကန့်ဘလူမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူက မောင်းကိုပြောပါတယ်။

လက်ရှိဆောင်ရွက်ထားတဲ့ အခြေအနေအရပ်ရပ်ကိုလည်း ပြည်ထဲရေး၀န်ကြီးဌာနအပါအဝင် သက်ဆိုင်ရာ၀န်ကြီးဌာတွေဆီ တင်ပြခဲ့ပြီးဖြစ်သလို အရပ်ဖက်တရားစီရင်ရေးစနစ်အတိုင်း မလိုက်နာခဲ့မှုအတွက် ကြားကာလဗဟိုကော်မတီရဲ့ သတိပေးစာကိုလည်း ကောင်းမွန်စွာလက်ခံရရှိကြောင်းနဲ့ နောက်နောင် ထပ်မဖြစ်စေဖို့ အထူးဂရုစိုက်ဆောင်ရွက်သွားမှာဖြစ်ကြောင်း ကန့်ဘလူမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

လက်ပံလှရွာထဲ ဒရုန်းဗုံးသီး ကျရောက်ပေါက်ကွဲမှုကြောင့် ဒေသခံ ၂ ဦး သေဆုံး၊ ၁ ဦး ဒဏ်ရာရ

မန္တလေးတိုင်း၊ စဥ့်ကူးမြို့နယ်၊ လက်ပံလှရွာထဲကို အကြမ်းဖက်စစ်တပ် ဒရုန်းနဲ့ ပစ်ခတ်တဲ့ ဗုံးသီးကျရောက် ပေါက်ကွဲမှုကြောင့် ထိခိုက်သေဆုံးမှုတွေ ရှိခဲ့ကြောင်း Wetlet Informational Network ထံက သိရပါတယ်။
Read More

အုတ်ဖိုတွင် ကျေးရွာများကို မီးရှို့နေသည့် အကြမ်းဖက်စစ်ကြောင်း တိုက်ခိုက်ခံရပြီး အယောက် ၂၀ ကျော် သေ

ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်၊ ကြို့ကိုးပင်ရွာမှာ တပ်စွဲကာ ကျေးရွာတွေကို စစ်ကြောင်းထိုး မီးရှို့ဖျက်ဆီးနေတဲ့ စစ်ကောင်စီတပ်သားတွေကို တိုက်ခိုက်ရာမှာ စစ်အုပ်စုဘက်က အယောက် ၂၀ ကျော် သေဆုံးသွားတယ်လို့ သာယာဝတီခရိုင်၊ အမှတ် (၁) တိုက်ခိုက်ရေးအဖွဲ့က သတင်းထုတ်ပြန်ပါတယ်။
Read More

အင်းတကော်နဲ့ ဝေါမှာ စစ်ကောင်စီတပ်ရင်းစခန်းတွေကို ဒရုန်း၊ ၆၀ မမ တွေနဲ့ ပစ်ခတ်တိုက်ခိုက်

ပဲခူးတိုင်း၊ အင်းတကော်မြို့နယ်နဲ့ ဝေါမြို့နယ်တွေမှာ စစ်ကောင်စီတပ်ရင်းစခန်းတွေကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ပဲခူးခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ - ပကဖ က ထုတ်ပြန်ထားပါတယ်။
Read More

MNDAA က ဆက်လက်ထိုးစစ်ဆင်မှုတွေ လုံး၀ပြုလုပ်မှာမဟုတ်ဘဲ စစ်မှန်တဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်အတွက်သာ လုပ်ဆောင်မယ်လို့ ပြော

ရှမ်းမြောက်ဒေသမှာ လားရှိုးအပါအဝင် မြို့တွေကို သိမ်းပိုက်ထိန်းချုပ်ထားတဲ့ MNDAA က မန္တလေးနဲ့တောင်ကြီးကို ဆက်လက်ထိုးစစ်ဆင်မှုတွေ လုပ်ဆောင်မှာမဟုတ်ဘဲ စစ်မှန်တဲ့ကိုယ်ပိုင်အုပ်ချုပ်ရေးအတွက်သာ လုပ်ဆောင်သွားမယ်လို့ စက်တင်ဘာ ၁၈ ရက်နေ့ညပိုင်းမှာ MNDAA က ထုတ်ပြန်ပါတယ်။ ဒါ့အပြင် MNDAA က NUG နဲ့စစ်ရေး၊ နိုင်ငံရေးအရ ပူးပေါင်းခြင်း၊ စစ်မြေပြင်ချဲ့ထွင်ခြင်းတွေလည်း ပြုလုပ်ခြင်းမရှိဘူးလို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
Read More

ဆီမီးခုံဆေးရုံကို အကာအကွယ်ယူ တပ်စွဲထားသည့် စစ်ကောင်စီတပ် လက်ပစ်ဗုံးစာမိလို့ ၃ ဦး သေ

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ ဆီမီးခုံမြို့ပေါ်က ဆေးရုံအတွင်းတပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေ တိုက်ခိုက်ခံရပြီးတဲ့နောက် လုံခြုံရေး အထူးတင်းကြပ်ထားကြောင်း Myingyan Black Tiger (MBT) ခေါင်းဆောင် ဗိုလ်မိုက်ခဲက မောင်းကို ပြောပါတယ်။
Read More

ဒီပဲယင်းမြို့နယ်မှာ စစ်ဘေးရှောင်မိသားစုဝင်တွေကို PDF ရဲဘော်တွေက ဟင်းချက်စရာအသီးအနှံတွေ ထောက်ပံ့… (ဓာတ်ပုံသတင်း)

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်က စစ်ဘေးရှောင်စခန်းတစ်ခုရှိ စစ်ဘေးရှောင်မိသားစု ၃၃ စုကို 'ဖွယ်ဖွယ်ရာရာ ဟင်းချက်စရာ ထောက်ပို့ကူညီပါ' အစီအစဥ်နဲ့ နွေဦးတော်လှန်ရေးမှာ အသက်ပေးလှူခဲ့ရတဲ့ ကျဆုံးရဲဘော်ညီနောင်အပေါင်းကို ရည်စူးကာ ဟင်းချက်စရာအသီးအနှံတွေကို မြို့နယ် PDF ၊ ပင်မ ပြန်ကြားရေးဌာနရဲ့ တပ်ခွဲ ရေခဲမြစ်ငယ်နွေက နိုဝင်ဘာလ ၂၄ ရက် ​ဒီနေ့မှာ သွားရောက် ထောက်ပံ့ကူညီခဲ့တယ်လို့ သိရပါတယ်။