ပြီးခဲ့တဲ့ အောက်တိုဘာလအတွင်း တအာင်းတပ်မတော် TNLA ထိန်းချုပ်နယ်မြေတွေမှာ အကြမ်းဖက်စစ်တပ်ရဲ့ လေကြောင်းနဲ့ ဒရုန်း ဗုံးကြဲတိုက်ခိုက်မှုတွေကြောင့် သံဃာတော်တွေအပါအဝင် ပြည်သူ ၄၉ ယောက် သေဆုံးခဲ့ပြီး ၇၁ ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ TNLA က မနေ့က နိုဝင်ဘာ ၁ ရက်မှာ ထုတ်ပြန်ပါတယ်။

သေဆုံးခဲ့တဲ့ ပြည်သူ ၄၉ ယောက်ထဲမှာ သံဃာတော် ၂ ပါးနဲ့ ကလေး ၁၀ ယောက် ပါဝင်ပြီး ဒဏ်ရာရသူ ၇၁ ယောက်ထဲမှာ သံဃာတော် ၆ ပါးနဲ့ ကလေး ၂၆ ယောက် ပါဝင်ခဲ့ပါတယ်။ ဒါ့အပြင် နေအိမ် ၁၇၅ လုံး၊ စာသင်ကျောင်း ၅ ကျောင်း၊ ဘုန်းကြီးကျောင်း ၇ ကျောင်း၊ ကျောင်းဆောင် ၉ ဆောင်၊ အဆောက်အဦး ၆ ခု၊ မွေးမြူရေးခြံ ၂ ခြံ၊ ဆိုင်ခန်း ၅ ခန်း၊ လက်ဖက်စက်ရုံ ၁ ရုံ၊ ဆိုင်ကယ် ၄ စီးနဲ့ ကား ၁၀ စီး ဗုံးထိမှန်ပျက်စီးခဲ့ပါတယ်။

စစ်ကော်မရှင်တပ်က ကျောက်မဲမြို့နယ်ကို ဂျက်ဖိုက်တာနဲ့ ၃ ကြိမ် လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် သံဃာ ၂ ပါး ဒဏ်ရာရကာ ဘုန်းကြီးကျောင်း ၁ ကျောင်း၊ ဆွမ်းစားဆောင် ၁ ဆောင်နဲ့ အဆောက်အဦး ၃ ခု ထိမှန်ပျက်စီးခဲ့ပါတယ်။

နမ္မတူမြို့နယ်ကိုလည်း ဒရုန်းက ၇ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့မှုကြောင့် ပြည်သူ ၄ယောက် သေဆုံးပြီး ကလေး ၂ ယောက်အပါ ၁၂ ယောက် ဒဏ်ရာရခဲ့သလို နေအိမ် ၂၁ လုံး၊ စာသင်ကျောင်း ၁ ကျောင်း၊ ဘုန်းကြီးကျောင်း ၁ကျောင်းနဲ့ ကျောင်းဆောင် ၆ ဆောင် ပျက်စီးခဲ့ရပါတယ်။

ဒါ့အပြင် မန်တုံမှာ ၂ ကြိမ် လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် အိမ် ၆ လုံး ပျက်စီးခဲ့သလို သီပေါမြို့မှာလည်း ဗုံးကြဲတိုက်ခိုက်မှုတွေကြောင့် အမျိုးသား ၂ ယောက် သေဆုံးကာ နေအိမ် ၂၄ လုံး၊ စာသင်ကျောင်း ၂ကျောင်း၊ ဘုန်းကြီးကျောင်း ၂ ကျောင်းနဲ့ အဆောက်အဦး ၁ ခု ထိမှန်ပျက်စီးသွားခဲ့တယ်လို့ သိရပါတယ်။

မိုင်းလုံမြို့နယ်မှာလည်း စစ်တပ် ဂျက်ဖိုက်တာနဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် သံဃာ ၂ ပါးနဲ့ ကလေး ၃ယောက် အပါအဝင် ပြည်သူ ၁၅ ယောက် သေဆုံးခဲ့ပြီး နေအိမ် ၁၈ လုံး၊ ဘုန်းကြီးကျောင်း ၂ ကျောင်းနဲ့ ကျောင်းဆောင် ၁ ဆောင် ထိမှန်ပျက်စီးခဲ့ပါတယ်။

အလားတူ မိုင်းငေါ့မြို့နယ်မှာလည်း ဂျက်ဖိုက်တာနဲ့ ၃ ကြိမ် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပြည်သူ ၄ ယောက် သေဆုံးခဲ့ပြီး နေအိမ် ၁၈ လုံး၊ ဘုန်းကြီးကျောင်း ၁ ကျောင်း၊ ကျောင်းဆောင် ၁ ဆောင်နဲ့ ဆိုင်ခန်း ၅ ခန်း ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။

နမ့်ဆန်မြို့နယ်မှာ အကြမ်းဖက်စစ်တပ်က ၆ ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ကလေး ၂ ယောက် အပါအဝင် ပြည်သူ ၁၃ ယောက် သေဆုံးခဲ့ကာ နေအိမ် ၆၂ လုံး၊ အဆောက်အဦး ၂ ခု၊ စာသင်ကျောင်း ၂ ကျောင်း၊ လက်ဖက်စက်ရုံ ၁ ရုံ၊ ဆိုင်ကယ် ၄ စီးနဲ့ ကား ၉ စီး ထိမှန်ပျက်စီးသွားခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် စစ်ကော်မရှင်ရဲ့ ဗုံးကြဲတိုက်ခိုက်မှုတွေကြောင့် မိုးကုတ်မြို့နယ်မှာ ကလေး ၃ ယောက်နဲ့ အမျိုးသား ၁ယောက် သေဆုံးခဲ့ပြီး မိုးမိတ်မြို့နယ်မှာလည်း ကလေး ၂ ယောက် အပါအဝင် ၇ ယောက် သေဆုံးခဲ့တယ်လို့ ဆိုထားပါတယ်။

အထက်ဖော်ပြပါ စာရင်းတွေဟာ တအာင်းတပ်မတော် TNLA နဲ့ အကြမ်းဖက်စစ်တပ်တို့ အပစ်အခတ်ရပ်စဲခြင်း မပြုလုပ်ခင် နောက်ဆုံး အောက်တိုဘာလအတွင်း အရပ်သားပစ်မှတ်ထားတဲ့ စစ်တပ်ရဲ့ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုတွေ ဖြစ်ပါတယ်။

TNLA နဲ့ စစ်ကော်မရှင်ဟာ တရုတ်နိုင်ငံရဲ့ ကြားဝင်မှုနဲ့အတူ ၉ကြိမ်မြောက် တွေ့ဆုံဆွေးနွေးမှုကို တရုတ်နိုင်ငံ၊ ကူမင်းမြို့မှာ အောက်တိုဘာ ၂၇ ရက်နဲ့ ၂၈ ရက်မှာ ပြုလုပ်ပြီးတဲ့နောက် မိုးကုတ်မြို့နဲ့ မိုးမိတ်မြို့က TNLA တပ်တွေ ပြန်လည်ဆုတ်ခွာရမှာဖြစ်သလို စစ်တပ်ကလည်း TNLA ထိန်းချုပ်နယ်မြေတွေကို လေကြောင်းဗုံးကြဲခြင်း၊ ထိုးစစ်ဆင်ခြင်း အပါအဝင် အပစ်အခတ်ရပ်စဲဖို့ သဘောတူညီခဲ့တာ ဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

လှည်းကူးတွင် မဲရုံလုပ်မည့် ကျောက်အိုင်ရွာ အုပ်ချုပ်ရေးမှူးရုံးကို အဝေးထိန်းမိုင်းများဖြင့် ဖောက်ခွဲတိုက်ခိုက်

ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်က ရွေးကောက်ပွဲအတုလုပ်ဆောင်မယ့် ကျောက်အိုင်ရွာအုပ်ချုပ်ရေးမှူးရုံးကို အဝေးထိန်းမိုင်းတွေနဲ့ သွားရောက်ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း Yangon Army အဖွဲ့တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

တောင်သာမြို့မှာ စစ်ကြောင်းနှစ်ကြောင်းထိုးပြီး ပြန်လာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ကို လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ တောင်သာမြို့ အနောက်ဘက်က ရွာတွေကို စစ်ကြောင်းနှစ်ကြောင်းထိုးပြီး ပြန်လာတဲ့ စစ်ကောင်စီတပ်ကို နိုဝင်ဘာ ၁၀ ရက်မှာ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ မြင်းခြံခရိုင်အမှတ် (၃) တပ်ရင်းက ဒီနေ့မနက် ထုတ်ပြန်ပါတယ်။
Read More

တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ စိုက်ပျိုးထားတဲ့ ဟင်းသီးဟင်းရွက်တွေကို စစ်ရှောင်ပြည်သူတွေနဲ့ CDM တွေအတွက် ပေးဝေ

တော်လှန်ရေးအတွက် တိုက်ပွဲဝင်ရင်း လွတ်မြောက်နေရာဒေသတွေမှာ ဥယျာဉ်ခြံစိုက်ပျိုးကာ ထွက်ရှိလာတဲ့ ဟင်းသီးဟင်းရွက်တွေကို စစ်ဏာရှင်လက်အောက်ကနေ စွန့်ခွါလာတဲ့ CDM တွေနဲ့ စစ်ရှောင်ပြည်သူတချို့အတွက်ပေးဝေခဲ့တယ်လို့ Dictatorship Revolution and People’s Defence Network (DRPDN) တာဝန်ရှိသူတွေထံက သိရပါတယ်။
Read More

ပဲခူးကို စစ်ကြောင်းထိုးလာသည့် စစ်အုပ်စု တိုက်ခိုက်ခံရပြီး ဗိုလ်ကြီး(၁) ဦးအပါ (၆) ဦး သေဆုံး၊ ငါးဦး အရှင်ဖမ်းဆီးရမိ

ပဲခူးတိုင်း၊ ပဲခူးမြို့နယ်ထဲကို စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်အုပ်စုတပ်သားတွေကို တိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးသူတွေရှိတယ်လို့ ပဲခူးရိုးမ PDF - ဗျူဟာ ၂၂ က ထုတ်ပြန်ထားပါတယ်။
Read More

ပေါက်ခေါင်းမှာ စစ်မှုထမ်းစုဆောင်းနေတဲ့ အုပ်ကြီးကို ပစ်ခတ်ရှင်းလင်း

ပဲခူးတိုင်း၊ ပေါက်ခေါင်းမြို့နယ်၊ ကင်မွန်းခြုံအုပ်စု၊ ဒွကျေးရွာရဲ့အုပ်ချုပ်ရေးမှူးဟာ စစ်ကောင်စီအတွက် စစ်မှုထမ်းစုဆောင်းတာတွေ၊ ပေါ်တာဆွဲတာတွေကို လုပ်ဆောင်ပေးနေတာကြောင့် ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ ၃၆၀၁ PPDF တပ်ရင်းထံက သိရပါတယ်။
Read More

သီတင်းကျွတ်လပြည့်နေ့မှာ မြေပြင်တော်လှန်ရေးရဲဘော်တွေဆီ NUG ပြည်ထောင်စုဝန်ကြီးချုပ် သွားရောက်တွေ့ဆုံ (ဓာတ်ပုံသတင်း)

အောက်တိုဘာ ၁၇ ရက် မနေ့က ကျရောက်တဲ့ သီတင်းကျွတ်လပြည့်နေ့ (အဘိဓမ္မာအခါတော်နေ့) မှာ မြေပြင်တော်လှန်ရေးရဲဘော်တွေဆီကို အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက သွားရောက်တွေ့ဆုံခဲ့ပြီး ရဲဘော်တွေကလည်း ပြည်ထောင်စုဝန်ကြီးချုပ်ကို အလေးပြုခြင်းနဲ့ ဂါရဝပြုကန်တော့ခြင်းတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။