အာဏာသိမ်းစစ်တပ်က ကျင်းပဖို့ စီစဥ်နေတဲ့ အတုအယောင် ရွေးကောက်ပွဲအပေါ် ဆန့်ကျင်သူ ဝေဖန်မိသူတွေကို ထိထိရောက်ရောက် အရေးယူသွားမယ့်အကြောင်းနဲ့ လက်ရှိမှာ စစ်တပ်ရဲ့ “ရွေးကောက်ပွဲ ကာကွယ်ရေးဥပဒေ” ကို အသုံးချပြီး ဖမ်းဆီးထားသူ ၈၈ ယောက် ရှိကြောင်း စစ်ကော်မရှင်က ထုတ်ပြောပါတယ်။

အောက်တိုဘာ ၃၁ ရက်က ပြုလုပ်တဲ့ ရွေးကောက်ပွဲကာလ လုံခြုံရေးဆိုင်ရာ ကြီးကြပ်မှု ဗဟိုကော်မတီအစည်းအဝေးမှာ စစ်ကော်မရှင် ပြည်ထဲရေးဝန်ကြီး ဒုဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်က အခုလို ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

“ရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေ” ဖြင့် အောက်တိုဘာလ ၂၉ ရက်နေ့အထိ အရေးယူဆောင်ရွက်မှု ၄၀ ရှိခဲ့ပြီး အမျိုးသား ၈၃ ဦး၊ အမျိုးသမီး ၅ ဦး၊ စုစုပေါင်း ၈၈ ဦးအထိ အရေးယူထားပြီး ဖြစ်ကြောင်း ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်က ဆိုပါတယ်။

စစ်ကော်မရှင် ပြဋ္ဌာန်းထားတဲ့ “ရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေ” ဟာ သူတို့ရဲ့ အတုအယောင် ရွေးကောက်ပွဲကို ဟန့်တားနှောင့်ယှက်ဖျက်ဆီးရင် အနည်းဆုံး ထောင်ဒဏ် သုံးနှစ်ကနေ အများဆုံး ထောင်ဒဏ်တစ်သက်တစ်ကျွန်းနဲ့ သေဒဏ်အထိ ချမှတ်နိုင်တဲ့ ဥပဒေ ဖြစ်ပါတယ်။

ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်

ဒါ့အပြင် စစ်တပ်ဟာ ရွေးကောက်ပွဲအတွက် ဝါဒဖြန့်ရိုက်ကူးထားတဲ့ “ခေတ်သမိုင်းကို ဒုန်းစိုင်းမည့်သူများ” ဇာတ်လမ်းကို ဝေဖန်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ဒါရိုက်တာမိုက်တီး၊ ဒါရိုက်တာဇဗ္ဗူထွန်းသက်လွင်၊ ဒါရိုက်တာအောင်ချမ်းလူ၊ သရုပ်ဆောင် ကျော်ဝင်းထွဋ်၊ ဟာသသရုပ်ဆောင် အုန်းဒိုင်းတို့ကိုလည်း ဖမ်းဆီး အရေးယူထားတာ ဖြစ်ပါတယ်။

NUG အပါအဝင် ဒီမိုကရေစီအင်အားစုတွေကတော့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဖျက်သိမ်းထားတဲ့ စစ်ကော်မရှင်အနေနဲ့ ရွေးကောက်ပွဲကို ကျင်းပခွင့်မရှိကြောင်းနဲ့ ပြည်သူလူထု ထောက်ခံမှုမရှိတဲ့ အတုအယောင် ရွေးကောက်ပွဲကို ဆက်လက်ကျင်းပတာဟာ နိုင်ငံ့အာဏာကို မတရားတဲ့ နည်းလမ်းနဲ့ ရယူဖို့ ကြိုးပမ်းခြင်းသာ ဖြစ်တယ်လို့ ပြောဆိုထားပါတယ်။

 

0 Shares:
You May Also Like
Read More

အစိုးရအဖွဲ့တွင် ချန်လှပ်ခံခဲ့ရသည့် ဦးမိုးဇော်ဦးအား နိုင်ငံခြားရေးဝန်ကြီးဌာန အကြံပေးအဖြစ် NUG ခန့်အပ်

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အစိုးရအဖွဲ့သစ် ပြန်လည်ဖွဲ့စည်းရာမှာ ပြန်လည်မပါဝင်ခဲ့တဲ့ နိုင်ငံခြားရေး ဒုတိယဝန်ကြီး ဦးမိုးဇော်ဦးကို နိုင်ငံခြားရေးဝန်ကြီးဌာန အကြံပေးအဖြစ် ခန့်အပ်လိုက်ကြောင်း NUG က ဒီဇင်ဘာလ ၁၅ ရက် ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

စဉ့်ကူးတွင် ပြည်သူနှင့် ဆက်ဆံရေး အားနည်းချက်ရှိခဲ့သည့် PDF ရဲဘော်များကို ထိရောက်စွာ သတိပေး အရေးယူမည်၊ စည်းကမ်းချိုးဖောက်သည့် Starlink Internet စက်ပိုင်ရှင်ကိုလည်း အရေးယူမည်

မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်အတွင်း လူမှုကွန်ရက်ပေါ် ပျံ့နှံ့နေတဲ့ Starlink အင်တာနက်ကိစ္စ ရုပ်သံမှတ်တမ်းနဲ့ ပတ်သက်ပြီး ပြည်သူလူထုအပေါ် ဆက်ဆံရာမှာ အပြုအမူပိုင်းဆိုင်ရာ လျော့ရဲ၊ အားနည်းခဲ့တဲ့ တာဝန်ကျ ရဲဘော်တွေကို သတိပေးအရေးယူမှုတွေ လုပ်ဆောင်သွားမယ်လို့ စဉ့်ကူးမြို့နယ် အရေးပေါ်အုပ်ချုပ်ရေးအဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

စစ်ကောင်စီ လက်အောက်ခံ SNA တပ်နှင့် KIA ပူးပေါင်းတပ်များ ထိတွေ့မှုဖြစ်၊ ထိခိုက်သေဆုံးမှုများရှိသည့် SNA တပ်က ရွာသား ၃၀ ကျော်ကို လူသားဒိုင်းအဖြစ် ဖမ်းခေါ်သွား

ဗန်းမောက်နဲ့ ကချင်ပြည်နယ်အစပ်ရှိ ခေါင်းတုန်းရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီလက်အောက်ခံ ရှမ်းနီအမျိုးသားများတပ်မတော် SNA နဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် KIA ပူးပေါင်းတပ်တို့ ထိတွေ့မှုဖြစ်ပွားခဲ့တယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ နီးစပ်သူထံက သိရပါတယ်။
Read More

ဇန်နဝါရီလအတွင်း စစ်ကောင်စီတပ်က အရာရှိအဆင့် ဗိုလ်မှူး (၁) ဦးအပါအဝင် စစ်သားနဲ့ရဲ (၁၃၆) ဦး ပြည်သူ့ရင်ခွင် ခိုလှုံ…

အမျိုးသားညီညွတ်ရေးအစိုးရ - NUG ၊ ပြည်သူ့ရင်ခွင်အကောင်အထည်ဖော်ဆောင်မှု ဗဟိုကော်မတီနဲ့ ကာကွယ်ရေးဝန်ကြီးဌာန ကွပ်ကဲမှုအောက်ရှိ PDF တပ်ရင်းတွေနဲ့ ပကဖတွေကို ဆက်သွယ်ပြီး ဇန်နဝါရီလအတွင်း စစ်သားနဲ့ ရဲ (၁၃၆) ယောက် ပြည်သူ့ရင်ခွင် ခိုလှုံလာတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
Read More

ပေါက်ခေါင်းတွင် ရွာမီးရှို့နေသည့် စစ်ကောင်စီ စစ်ကြောင်းကို တိုက်ခိုက်၊ စစ်ကောင်စီတပ်သား ၁ ဦး သေဆုံးပြီး ၇ ဦး ဒဏ်ရာရရှိ

ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်က သိုက်ချောင်းကျွေးရွာကို မီးရှို့ဖို့လာတဲ့ စစ်ကောင်စီတပ်သားတွေကို တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၁ယောက် သေဆုံးကာ ၇ယောက် ထိခိုက်ဒဏ်ရာ ရရှိသွားတယ်လို့ ပြည်ခရိုင် ၃၆၀၁ တပ်ရင်းက သတင်းထုတ်ပြန်လာပါတယ်။
Read More

နွေဦးတော်လှန်ရေး၏ အခြေအနေကြောင့် လူထုတိုက်ပွဲ၊ လူထုလှုပ်ရှားမှု အရှိန်အဟုန်မြှင့်ရန်လိုအပ်ဟု ကိုနန်းလင်း တိုက်တွန်း

နွေဦးတော်လှန်ရေးရဲ့အခြေအနေတွေကြောင့် လူထုတိုက်ပွဲ၊ လူထုလှုပ်ရှားမှုကို အရှိန်အဟုန်မြှင့်ဖို့ လိုအပ်တယ်လို့ သပိတ်ခေါင်းဆောင်တစ်ယောက်ဖြစ်တဲ့ ကိုနန်းလင်းက သူ့ရဲ့လူမှုကွန်ရက်မှာ ရေးသားဆိုလိုက်ပါတယ်။ လာမယ့် ဒီဇင်ဘာ ၁၀ ရက် အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့မှာ အပြင်မထွက်၊ အသံတိတ်သပိတ်ပြုလုပ်ပြီး လူထုလှုပ်ရှားမှုတစ်ရပ် ဆင်နွှဲကြဖို့ရှိပါတယ်။