ရန်ကုန်တိုင်း၊ သာကေတမြို့နယ်က အကြမ်းဖက်စစ်အုပ်စုရဲ့ သာကေတနယ်မြေ ရဲစခန်းကို သွားရောက်ဖောက်ခွဲတိုက်ခိုက်မှုမှာ စခန်းအတွင်းရှိနေတဲ့ ရဲ ၁ ယောက် အပြင်းအထန် ဒဏ်ရာရရှိခဲ့တယ်လို့ မြို့ပြကြွက်ကွန်ယက် တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

နိုဝင်ဘာလ ၁ ရက်၊ မနေ့ညပိုင်းမှာ မြို့ပြကြွက်ကွန်ယက်ရဲ့ မြို့ပြပြောက်ကျားတပ်ဖွဲ့ဝင်တွေက သာကေတမြို့နယ်ရဲစခန်းကို လက်ပစ်ဗုံးတွေပစ်ခတ်ရင်း ပြင်းအားမြင့်မိုင်းတွေနဲ့ ဖောက်ခွဲခဲ့တာလို့ သိရပါတယ်။

ဒီဖောက်ခွဲတိုက်ခိုက်မှုကြောင့် စခန်းအတွင်းရှိနေတဲ့ ရဲတွေ ထိခိုက်သွားပြီး ရဲ ၁ယောက်ကတော့ အပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း မြို့ပြကြွက်ကွန်ယက် တာဝန်ရှိသူက ပြောပါတယ်။

” ဗုံး ၂လုံး ပစ်တယ်။ လက်လုပ်မိုင်း ၂လုံးနဲ့ ဖောက်ခွဲတယ်။ ပစ်တဲ့ဗုံးတွေက စခန်းဝင်းအထဲ ထိရောက်ပါတယ်။ အဲ့ဒါကြောင့် ရဲ ၃ကောင်ထိပြီး ၁ကောင် ဒဏ်ရာပြင်းထန်တယ်” လို့ မြို့ပြကြွက်ကွန်ယက် တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

တိုက်ခိုက်မှုအပြီး ပြောက်ကျားတပ်ဖွဲ့ဝင်တွေ အထိအခိုက်မရှိ ဆုတ်ခွာလာနိုင်ခဲ့သလို ရဲစခန်းဝန်းထဲကနေ ရမ်းကားပစ်ခတ်တာတွေ ဆက်တိုက်ရှိခဲ့တယ်လို့လည်း သိရပါတယ်။

မြန်မာနိုင်ငံရဲ့ ပြဿနာအရင်းမြစ်တွေအားလုံးဟာ အကြမ်းဖက်စစ်တပ်အာဏာရှင်တွေရဲ့ ကိုယ်ကျိုးရှာမှုကြောင့်ဖြစ်တဲ့အတွက် ပြဿနာတွေပြေလည်ဖို့ စစ်အုပ်စုထောက်တိုင်တွေအနေနဲ့ အာဏာရှင်တွေရဲ့ အကျိုးရှာမှုအောက် အသုံးချခံလို မနေထိုင်ပဲ တော်လှန်ရေးအင်အားစုတွေ ပြည်သူ့အင်အားစုတွေနဲ့ ပူးပေါင်းသင့်ကြောင်း၊ ဆက်လက်ပြီး ပြည်သူအပေါ် ဖိနှိပ်ခေါင်းမာနေမယ်ဆိုရင် တိုက်ခိုက်သွားမယ့်အကြောင်း မြို့ပြကြွက်ကွန်ယက်က ဆိုထားပါတယ်။

ဒီတိုက်ခိုက်မှုမတိုင်ခင် တစ််ရက်အလို အောက်တိုဘာလ ၃၁ ရက်နေ့ညပိုင်းကလည်း မြောက်ဥက္ကလာပမြို့နယ်၊ ရွှေပေါက္ကံနယ်မြေရဲစခန်းကို ပြောက်ကျားတပ်ဖွဲ့ဝင်တွေက အလားတူ လက်ပစ်ဗုံးတွေ၊ ပြင်းအားမြင့်မိုင်းတွေနဲ့ သွားရောက်တိုက်ခိုက်ခဲ့ပါသေးတယ်။

အကြမ်းဖက်စစ်တပ်လုပ်ဆောင်မယ့် အတုအယောင်ရွေးကောက်ပွဲ ရက်နီးကပ်လာမှုနဲ့အမျှ ရန်ကုန်ပြောက်ကျားတပ်ဖွဲ့ဝင်တွေရဲ့ စစ်ရေးဖော်ဆောင်မှုတွေခပ်စိပ်စိပ်ရှိလာတာဖြစ်ပြီး ပြင်းပြင်းထန်ထန် တိုက်ခိုက်သွားမယ်လို့ ပြောက်ကျားအဖွဲ့တွေက ထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလကစလို့ အကြမ်းဖက်စစ်တပ်လက်ပါးစေ အုပ်ချုပ်ရေးမှူးရုံးတွေ၊ ရဲစခန်းတွေနဲ့ အတုယောင်ရွေးကောက်ပွဲဝင်ပြိုင်မယ့် ပါတီရုံးတွေကို ဆက်တိုက် တိုက်ခိုက်ခံလာရတာလည်း ဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

လောင်းလုံးမြို့တော်ခန်းမရှေ့က စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှု (ဓာတ်ပုံသတင်း)

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့ပေါ်က မြို့တော်ခန်းမနဲ့ ဆေးရုံရှေ့မှာ စစ်အုပ်စုဆန့်ကျင်ရေး ဆန္ဒပြခဲ့တယ်လို့ဒီမိုကရေစီအရေးလှုပ်ရှားမှုသပိတ်ကော်မတီ (DDMSC) ဘက်က သတင်းထုတ်ပြန်ထားပါတယ်။
Read More

၂၀၂၅ ခုနှစ်အတွင်း PDF တပ်ရင်းထောက်ပံ့မှု ကျပ်သိန်းပေါင်း ၃ သိန်းကျော် သုံးစွဲခဲ့ဟု NUG ဆို

“ ယခင် အမှတ်(၁) စစ်ဒေသ၊ တောင်ပိုင်းစစ်ဒေသ၊ အလယ်ပိုင်းစစ်ဒေသဟူ၍ စစ်ဒေသ(၃)ခု ဖြင့် စုဖွဲ့ခဲ့ပြီး မဟာမိတ် ERO များ၏ စစ်ဆင်ရေးကွပ်ကဲမှုနှင့်ဆောင်ရွက်ခဲ့သည့် ကွပ်ကဲမှုပုံစံအား အမှတ် (၁) စစ်ဒေသ၏ ကွပ်ကဲမှုအောက်ရှိ စစ်ကိုင်းတိုင်း အောက်ပိုင်း (၅) ခရိုင်၊ မကွေးတိုင်း နှင့် မန္တလေးတိုင်းတို့ကို ပြည်သူ့ ကာ ကွယ်ရေးတပ်မတော်၊ စစ်ရုံးချုပ်က လွှဲပြောင်းရယူခဲ့ပြီး အုပ်ချုပ်ထောက်ပံ့မှုနှင့်အတူ စစ်ဆင်ရေး ကွပ်ကဲမှုကိုပါ ကောင်းစွာလည်ပတ်ဆောင်ရွက်နိုင်ခဲ့ပြီ ဖြစ်ပါသည်။ အလားတူ တောင်ပိုင်းစစ်ဒေသ၊ အလယ်ပိုင်း စစ်ဒေသများ ကိုလည်း ပြည်သူ့ ကာကွယ်ရေးတပ်မတော်၊ စစ်ရုံးချုပ်က တိုက်ရိုက်ကွပ်ကဲသော တိုင်းစစ်ဌာနများအဖြစ် ပြင်ဆင် စုဖွဲ့ကွပ်ကဲမှုရယူခဲ့သည်” လို့ NUG_MOD ရဲ့ အစီရင်ခံစာက ဆိုပါတယ်။
Read More

“လဲ့ဇင်ဘုန်းကြီးကျောင်းက ကားကိုယူပြီး သူတို့က ဆင်ပေါင်ဝဲမြို့​ပေါ်မှာ လချုပ်ချုပ်ဖို့သွားကြတာပါ။ အဲ့ဒါစခန်းကိုအပြန်မှာ ကျနော်တို့က ကြားထဲကဖြတ်တိုက်တာပေါ့။ စခန်းမှူးကတော့ ပစ္စတိုကအစ သိမ်းမိ​ပေမယ့် လူကတော့လွတ်မြောက်သွားပါတယ်”

မကွေးတိုင်း၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်မှာ ဘုန်းကြီးကားကို အသုံးပြု စီးနင်းပြီး ပြန်လာတဲ့ ရဲတွေ ကြားဖြတ်တိုက်ခိုက်ခံရကာ ၃ ယောက် သေဆုံး၊ ၂ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
Read More

ဆင်ပေါင်ဝဲတွင် အလောင်းသယ်သည့် စစ်ကားနှင့်ရှေ့ပြေးရဲကား မိုင်းခွဲခံရ၊ စစ်သားနှင့်ရဲ ၁၉ ဦးထက်မနည်း သေဆုံး

မကွေးတိုင်း၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်မှာ ပဲခူးရိုးမပေါ် အလောင်းလာသယ်တဲ့ စစ်ကောင်စီကားအပါအဝင် ရှေ့ပြေး ရဲကားကို ဖြတ်တောက်တိုက်ခိုက်ရာ စစ်သားနဲ့ရဲ ၁၉ယောက်ထက်မနည်းသေဆုံးကြောင်း ပြည်သူ့ကာကွယ်ရေးတပ်-ပုဏ္ဏဝတီ တာဝန်ရှိသူက မောင်းကိုပြောပါတယ်။
Read More

ရေဦးမြို့ အနောက်ဘက် စစ်အုပ်စုဂိတ် တိုက်ခိုက်ခံရပြီး ဗိုလ်တစ်ဦးပါ ၁၃ ဦး သေဆုံး

စစ်ကိုင်းတိုင်း၊ ရေဦးမြို့အနောက်ဘက် အထွက်က စစ်အုပ်စုဂိတ် တိုက်ခိုက်ခံရတဲ့အတွက် ထိခိုက်သေ ဆုံးသူတွေရှိတယ်လို့ ရေဦးကော်လံ စစ်ကြောင်းဆီက သိရပါတယ်။
Read More

အကြမ်းဖက်စစ်တပ်၏ ထိုးစစ်ကို မနားတမ်း ခုခံနေသည့် KNDF ရဲဘော်များ (ဓာတ်ပုံသတင်း)

အကြမ်းဖက် စစ်ကော်မရှင်တပ်ဟာ ကရင်နီပြည်နယ် ဖရူဆိုမြို့နယ်ကို သာလွန်အင်အား၊ လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုကို အသုံးပြုကာ အပြင်းအထန် ထိုးစစ်ဆင်နေတယ်လို့ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် KNDF တပ်ရင်းအမှတ် - ၁၅ က ထုတ်ပြန်ထားပါတယ်။