ကရင်ပြည်နယ်၊ လေးကေ့ကော်မြို့သစ်အနီး တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကော်မရှင်ရဲ့ တပ်မ (၂၂) လက်အောက်ခံ ခမရ (၂၀၉) ထံက ခဲယမ်းအများအပြား သိမ်းဆည်းရရှိခဲ့ကြောင်း တော်လှန်ရေး စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

အဆိုပါ စစ်ကော်မရှင်တပ်ဟာ အောက်တိုဘာ ၃၁ ရက်နေ့မှာ ရသေ့ဂူကနေ တက်လာချိန် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) မဟာမိတ် တပ်ပေါင်းစုတွေနဲ့ အပြန်အလှန် ပစ်ခတ်တိုက်ပွဲ ဖြစ်ပွားခဲ့တာပါ။

တိုက်ပွဲအတွင်း အထိနာသွားတဲ့ စစ်ကော်မရှင်တပ်ဟာ သူတို့ရဲ့ သေဆုံးတပ်သားအလောင်းတွေကို ပြန်လည်သယ်ယူနိုင်ခြင်း မရှိတဲ့အပြင် ခဲယမ်းများစွာကိုလည်း ကောက်ယူနိုင်ခြင်းမရှိဘဲ ဆုတ်ခွာထွက်ပြေးသွားတယ်လို့ ဆိုပါတယ်။

“သူတို့ ရသေ့ဂူကနေ တက်လာတယ်။ ကိုယ့်လူတွေက ပစ်တယ်။ ပစ်တော့ ဖရိုဖရဲတွေဖြစ်တော့ စစ်ကြောင်းရဲ့ ဖွဲ့စည်းပုံပျက်ပြီးတော့ ထွက်ပြေးသွားတယ်။ အလောင်းတွေ ကျန်ခဲ့တယ်။ ပစ္စည်းတွေ မကောက်နိုင်တော့ဘူး” လို့ စစ်ရေးသတင်းရင်းမြစ်က မောင်းကို ပြောပါတယ်။

အကြမ်းဖက်စစ်တပ်ထံမှ သိမ်းဆည်းရရှိသည့် ခဲယမ်းများ

ပြီးခဲ့တဲ့ စက်တင်ဘာ ၂၂ ရက်က စလို့ အကြမ်းဖက်စစ်အုပ်စုဟာ လေးကေ့ကော်ကို အင်အားအလုံးအရင်းနဲ့ တက်လာပြီး လက်နက်ကြီးပစ်ကူမှုတွေ အဆက်မပြတ်လုပ်ကာ KNLA ပူးပေါင်းတပ်တွေနဲ့ တိုက်ပွဲတွေဖြစ်ပွားခဲ့ပါသေးတယ်။ စစ်ရေးအခြေအနေကတော့ လက်ရှိအချိန်ထိ တင်းမာနေဆဲ ဖြစ်တယ်လို့ သိရပါတယ်။

“ထိတွေ့ဖြစ်တာက တော်လှန်ရေးတပ်ပေါင်းစုအဖွဲ့နဲ့ ဖြစ်တာပါ။ ဒဏ်ရာရကတော့ ၂ ယောက် ရတယ်။ ကျတာတော့ မရှိဘူး။ စစ်ရေးက မငြိမ်ဘူး။ နေ့တိုင်းပဲ နေ့တိုင်းကိုမှ တော်တော်ဆိုးဆိုး” လို့ အထက်ပါ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

နှစ်ဖက်ပစ်ခတ်တိုက်ပွဲတွေအတွင်း ပြီးခဲ့တဲ့ အောက်တိုဘာ ၃၁ရက်နေ့မှာပဲ ဖူးကြီးကျေးရွာအနီးရှိ တရုတ်မီးပန်းဂိုထောင်ကို စစ်ကော်မရှင်တပ် ပစ်ခတ်လိုက်တဲ့ လက်နက်ကြီး ကျရောက်ပေါက်ကွဲပြီး ဒေသခံတွေ ထိခိုက်သေဆုံးမှု ရှိခဲ့သေးတယ်လို့ သိရပါတယ်။

အကြမ်းဖက်စစ်တပ်ထံမှ သိမ်းဆည်းရရှိသည့် ခဲယမ်းများ
အကြမ်းဖက်စစ်တပ်ထံမှ သိမ်းဆည်းရရှိသည့် ခဲယမ်းများ
0 Shares:
You May Also Like
Read More

ကျောက်ကြီးနှင့် မူးမြို့နယ်တွင် (၇၈)ကြိမ်မြောက် ကရင်အမျိုးသား ကာကွယ်ရေးတပ်ဖွဲ့ (KNDO) နေ့ အခမ်းအနား ပြုလုပ်

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ်နဲ့ မူးမြို့နယ်မှာ (၇၈)ကြိမ်မြောက် ကရင်အမျိုးသား ကာကွယ်ရေးတပ်ဖွဲ့နေ့ ဂုဏ်ပြုပွဲအခမ်းအနားကျင်းပခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး(KNU) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ဘုတ်ပြင်းမှာ နယ်စပ်ဖြတ်ကျော်ဖို့ ကြိုးစားသူတွေကို စစ်ကောင််စီတပ်နှင့်ရဲ ပစ်ခတ်ဖမ်းဆီး၊ အမျိုးသား ၁ ယောက် သေဆုံး၊ ၆ ယောက်ထိခိုက်ကာ အယောက် ၆၀ နီးပါး ဖမ်းဆီးခံထားရ

တနင်္သာရီတိုင်း၊ ကော့သောင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ်မှာ နယ်စပ်ဖြတ်ကျော်ဖို့ကြိုးစားတဲ့ အမျိုးသားတွေ ပစ်ခတ်ဖမ်းဆီးခံရပြီး ၁ယောက်သေဆုံးကာ ၆ယောက် ထိခိုက်ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။
Read More

တိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေနဲ့ NUG ကြား အသွင်ကူးပြောင်းရေး ဖွဲ့စည်းပုံဥပဒေအတွက် သဘောတူညီမှု ရရှိထားပြီဖြစ်

ကြားကာလ အသွင်ကူး‌ပြောင်းရေး ဖွဲ့စည်းပုံဥပဒေမှာ ပါဝင်မယ့် သဘောထားတွေကို တိုင်းရင်းသားတော်လှန်ရေး အဖွဲ့တွေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရတို့ကြား သဘောတူညီမှု ရရှိထားပြီဖြစ်တယ်လို့ NUG ရဲ့ သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇော်က ပြောပါတယ်။
Read More

ကလေးဒေသမှာ စစ်မှုထမ်းစုဆောင်းခံရသည့် လူငယ်အများစု ချင်းနှင့်ရခိုင် စစ်မျက်နှာတွေဆီ ပို့ဆောင်ခံခဲ့ရ

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်မှာ စစ်မှုထမ်းအပတ်စဥ် ၄ ခုအတွက် လူငယ်ပေါင်း ၁၈၀ ကျော် ဖမ်းဆီးခံရပြီး ချင်းနဲ့ရခိုင် စစ်မျက်နှာတွေဆီအတင်းအကျပ် ပို့ဆောင်ခံခဲ့ရတယ်လို့ သိရပါတယ်။
Read More

တော်လှန်ရေးတပ်ဖွဲ့တွေ ဈေးလာဝယ်တယ်ဆိုပြီး အကြမ်းဖက်စစ်တပ်က ပုသိမ်မြို့မဈေးကို ဝင်ရောက်စစ်ဆေးကာ ဈေးရောင်းချိန် ကန့်သတ်

ဧရာဝတီတိုင်း၊ ပုသိမ်မြို့ မြို့မဈေးမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ ဈေးလာဝယ်တယ်ဆိုပြီး စစ်ကောင်စီတပ်က ဈေးကို ရှောင်တခင် ဝင်ရောက်စစ်ဆေးကာ ဈေးခေါင်းကိုခေါ်ပြီး ညနေ ၅ နာရီ ဈေးပိတ်ရမယ်လို့ အချိန်ကန့်သတ်လိုက်ကြောင်း သိရပါတယ်။
Read More

တိတ်ရှိန်ရွှေဆိုင် ဓားပြတိုက်မှုမှာ ပါဝင်သူတွေကို ဖမ်းမိထားပြီဟု ဆို

အာဏာသိမ်းစစ်တပ်က ကျင်းပမယ့် ရွေးကောက်ပွဲကို မဟာဗျူဟာ ၅ ရပ်နဲ့ တိုက်ဖျက်ဆောင်ရွက်သွားမယ်လို့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) က ဖေဖော်ဝါရီလ ၅ ရက်နေ့မှာ အသိပေးထုတ်ပြန်ပါတယ်။