မြန်မာစစ်တပ်နဲ့ ကရင်နယ်ခြားစောင့်တပ် (BGF) အဖွဲ့တွေဟာ ထိုင်း-မြန်မာနယ်စပ်မှာ ရှိတဲ့ KK Park က အဆောက်အဦးတွေကို နိုဝင်ဘာလ ၂ ရက်အထိ ဆက်လက် ဖောက်ခွဲဖျက်ဆီးနေဆဲဖြစ်ကြောင်း ထိုင်းသတင်း Khaosod မှာ ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့‌ အောက်တိုဘာလ တတိယအပတ်မှာ KK Park က ကျားဖြန့်နေရာတွေကို မြန်မာစစ်တပ်က ဝင်ရောက်စီးနင်းကြောင်း သတင်းထုတ်ပြန်ပြီးနောက်ပိုင်း KK Park ကနေ တရုတ်၊ ထိုင်း အပါအဝင် နိုင်ငံခြားသားတွေနဲ့ မြန်မာနိုင်ငံသားတွေဟာ မြဝတီ၊ ဘုရားသုံးဆူနဲ့ ထိုင်းနိုင်ငံဘက်ခြမ်းတွေကို ထွက်ပြေးတိမ်းရှောင်ခဲ့ကြပါတယ်။

အဲဒီနောက်ပိုင်း KK Park အတွင်းက အဆောက်အဦးတွေကို ဖောက်ခွဲဖျက်ဆီးနေတဲ့ အသံတွေကို ထိုင်းနိုင်ငံဘက်ကမ်းကနေ ကြားနေခဲ့ရပြီး နိုဝင်ဘာလ ၂ ရက်အထိ ကိုးရက်မြောက်နေ့အဖြစ် ဆက်တိုက် ဖောက်ခွဲတာတွေ ပြုလုပ်ခဲ့ရာမှာ အဆောက်အအုံအများအပြား ပျက်စီးခဲ့ရကြောင်း သိရပါတယ်။

စစ်တပ်နဲ့ BGF အဖွဲ့တွေဟာ အဆိုပါ KK Park စီမံကိန်းကို တရက်အတွင်း လေးကြိမ်အထိ ပြင်းထန်တဲ့ ဖောက်ခွဲမှုတွေ နေ့ညမပြတ် လုပ်ဆောင်ခဲ့တယ်လို့ ထိုင်းသတင်းမှာ‌ ဆိုပါတယ်။

ပေါက်ကွဲမှုတွေကနေ ဖိတ်စင်ထွက်လာတဲ့ အပိုင်းအစငယ်တွေဟာလည်း နယ်စပ်ကိုကျော်လွန်ပြီး ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်၊ မဲဆောက်မြို့ထဲက Mae Ku Tha Sung ရွာထဲ အမြဲလိုလို ကျရောက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

KK Park မှာ လုပ်ကိုင်နေခဲ့တဲ့ နိုင်ငံပေါင်း ၂၈ ခုက နိုင်ငံခြားသားတွေဟာ ထိုင်း-မြန်မာနယ်စပ်ကိုဖြတ်ပြီး မဲဆောက်မြို့ဘက် အသည်းအသန်ထွက်ပြေးတိမ်းရှောင်နေကြကြောင်း၊ နောက်ဆုံးအခြေအနေ စာရင်းတွေအရ ထိုင်းနိုင်ငံထဲကို စုစုပေါင်း ၁,၅၉၇ ယောက် ဝင်ရောက်ခိုလှုံနေကြောင်း ထိုင်းသတင်းမှာ ဖော်ပြထားပါတယ်။

News – KhaosodEnglish

0 Shares:
You May Also Like
Read More

အခွင့်အရေးဆိုတာ တိုက်ယူမှရမယ်ဆိုပြီး လမ်းမှားရောက်နေတဲ့ လူငယ်တွေကို နှမျောတယ်လို့ အာဏာသိမ်းစစ်တပ် လက်ပါးစေ ကြံ့ခိုင်‌ရေးမှ သောင်းအေး ပြော

မတရားသဖြင့် စစ်တပ်အာဏာသိမ်းထားတဲ့ မြန်မာနိုင်ငံမှာ နိုင်ငံတကာရဲ့ ဖိအားတွေ၊ အခွင့်အရေးဆိုတာ တိုက်ယူရမယ်ဆိုတဲ့ အတွေးအခေါ်တွေနဲ့အတူ လူငယ်တွေကို လမ်းမှားရောက်အောင် တွန်းပို့နေတယ်လို့ စစ်တပ် လက်ဝေခံ ကြံ့ခိုင်ရေးပါတီ အထွေထွေအတွင်းရေးမှူး သောင်းအေးက ပြောပါတယ်။
Read More

ချောင်းဦးမြို့နယ်ကို စစ်အုပ်စု Gyrocopter ၂ စီးဖြင့် ဗုံးကြဲ၊ ပြည်သူ ၂ ဦး သေဆုံးပြီး ၉ ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်ကို အကြမ်းဖက်စစ်တပ်က Gyrocopter ၂ စီးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ပြည်သူ ၂ ယောက် သေဆုံးပြီး ၉ ယောက် ဒဏ်ရာရခဲ့တယ်လို့ နယ်မြေခံတပ်ဖွဲ့တွေဆီက သိရပါတယ်။
Read More

မြင်းခြံ – နဘူးအိုင်လမ်းပိုင်းမှာ စစ်ကြောင်းဆုတ်လာတဲ့စစ်သားတွေ မိုင်းဆွဲခံရပြီး စစ်ကြောင်းမှူးအပါ ၁၃ယောက်သေ

မန္တလေးတိုင်း၊ မြင်းခြံ-နဘူးအိုင်လမ်းပိုင်းမှာ စစ်ကြောင်းပြန်ဆုတ်လာတဲ့ အကြမ်းဖက်စစ်သားတွေ မိုင်းဆွဲတိုက်ခိုက်ခံရပြီး စစ်ကြောင်းမှူးအပါအဝင် စစ်သား ၁၃ယောက် သေဆုံးကြောင်း ရွှေခြံသားပြောက်ကျားတပ်ဖွဲ့ ထံက သိရပါတယ်။
Read More

အရှေ့ဒဂုံ ၁၂၄ ရပ်ကွက်ရုံးကို လက်ပစ်ဗုံး ပစ်သွင်းတိုက်ခိုက်၊ အတုအယောင် ရွေးကောက်ပွဲကို ဆက်လက်အရှိန်မြှင့် ချေမှုန်းမည်ဟု ဆို

ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ်က အကြမ်းဖက်စစ်တပ်ရဲ့ အတုယောင်ရွေးကောက်ပွဲအတွက် ပါဝင်လှုပ်ရှားပေးနေတဲ့ ၁၂၄ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးကို လက်ပစ်ဗုံးတွေ ပစ်သွင်းတိုက်ခိုက်မှုမှာ အုပ်ချုပ်ရေးမှူးနဲ့ ပျူစောထီးတွေ ထိခိုက်ခဲ့ကြောင်း Operation Flame သတင်းနှင့်ပြန်ကြားရေး တာဝန်ခံက မောင်းကို ပြောပါတယ်။
Read More

နတ်တလင်း၊ ဒမငယ်ရွာ တိုက်ပွဲအတွင်း စစ်တပ်ဘက်မှ တစ်ပွင့်ဗိုလ်အပါအဝင် ၁၂ ဦး သေဆုံး

ပဲခူးတိုင်းအနောက်ခြမ်း၊ နတ်တလင်းမြို့နယ်၊ ဒမငယ်ကျေးရွာထဲကို ဝင်ရောက်လာတဲ့ စစ်အုပ်စုနဲ့ ကာကွယ်ရေးပူးပေါင်းတပ်တွေ တိုက်ပွဲဖြစ်ပြီး စစ်တပ်ဘက် ထိခိုက်သေဆုံးမှုများခဲ့တယ်လို့ ဗျူဟာ (၂၂) တာဝန်ခံက မောင်းကို ပြောပါတယ်။
Read More

MOD ၏ နှုတ်မိန့်လို့ အကြောင်းပြကာ ဆေးတာဝန်ခံ အမျိုးသမီးရဲဘော်ကို လူ့အခွင့်အရေး ချိုးဖောက်မှုအပေါ် Shield အဖွဲ့မှ MOD ထံ တိုင်ကြားစာပေးပို့ 

အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန (MOD) ထံကို Shield Women Organization အဖွဲ့ကနေ ဆေးတာဝန်ခံရဲမေ ရိုက်နှက်နှိပ်စက်ခံရပြီး လူ့အခွင့်အရေးချိုးဖောက်ခံရမှုအပေါ် ကျူးလွန်သူတွေကို အရေးယူပေးဖို့ အိတ်ဖွင့်ပေးစာ ပေးပို့ခဲ့တယ်လို့ သိရပါတယ်။