မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်မှာ ၂ ရင်းအတွင်း အကြမ်းဖက်စစ်တပ်ရဲ့ ပေါ်တာဆွဲ ဖမ်းဆီးခြင်းခံရသူ အယောက် ၃၀ နီးပါး ရှိနေပြီလို့ မြင်းခြံလူထုလှုပ်ရှားမှုကော်မတီထံက သိရပါတယ်။

အောက်တိုဘာ ၃၁ ရက် ည ၈ နာရီလောက်မှာ မြင်းခြံမြို့နဲ့ ကပ်လျက်ရှိတဲ့ အေးရွာက ဒေသခံ ၁၀ ယောက်ကျော်ကို စစ်တပ်နဲ့ ပျူစောထီး ပူးပေါင်းတပ်တွေက ပေါ်တာဆွဲ ဖမ်းဆီးခဲ့ပြီး ဖမ်းခံရတဲ့အထဲမှာ အသက်မပြည့်သေးတဲ့ ကလေးငယ်တစ်ယောက်လည်း ပါဝင်တယ်လို့ ဆိုပါတယ်။

အဲဒီနောက် သူတို့ ဖမ်းဆီးထားတဲ့ ဒေသခံတွေနဲ့ အတူပြန်လာချိန် အမှတ် ၁၂ ရပ်ကွက်က ပြည်သူ ၄ ယောက် ချောင်းကြည့်နေတာကို တွေ့သွားတဲ့အတွက် အဆိုပါ ၄ ယောက်ကို ထပ်မံဖမ်းဆီးလိုက်တယ်လို့ သိရပါတယ်။

ဒါ့အပြင် နိုဝင်ဘာ ၁ ရက်နေ့မှာလည်း စစ်ကော်မရှင်တပ်သားတွေက ဂျုပ်ပင်ရွာက ပြည်သူ ၄ ယောက်နဲ့ တောင်ပို့သာရွာက ၃ ယောက်ကို ဖမ်းဆီးခဲ့သလို လမ်းမှာတွေ့တဲ့ ပြည်သူတွေကိုလည်း ဖမ်းဆီးမှုတွေ လုပ်ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။

ဖမ်းခံရတဲ့ ပြည်သူတွေဟာ အသက်မပြည့်သေးတဲ့ လူငယ်တချို့နဲ့ အသက် ၂၀ ဝန်းကျင် လူငယ်ပိုင်းတွေဖြစ်ပြီး အများစုက အမှတ် (၁)၊ (၃)၊ (၁၂)၊ (၁၃)၊ (၁၅)၊ (၁၈) ရပ်ကွက်နဲ့ အေးရွာက ဒေသခံတွေဖြစ်တယ်လို့ သိရပါတယ်။

“အဖမ်းခံရတဲ့သူတွေ အခုထိ မလွတ်သေးဘူး။ ဘယ်ကိုဖမ်းသွားတယ်ဆိုတာလည်း မသိသေးဘူး။ အဖမ်းခံရတဲ့အထဲ ၁၀ နှစ်ကျော် ၁ယောက်ပါသွားတယ်။ ၁၀ နှစ်ကျော် ဆိုပေမယ့် ရွာသားဆိုတော့ လူကောင်ထွားတာပေါ့” လို့ မြင်းခြံလူထုလှုပ်ရှားမှုကော်မတီ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

ဖမ်းဆီးခံရသူတွေ နေထိုင်ရာ ကျေးရွာတွေဟာ စစ်ကော်မရှင်တပ် စိုးမိုးတဲ့ နေရာတွေဖြစ်ပြီး အေးရွာကလည်း မြင်းခြံမြို့နဲ့ လမ်းသာခြားတယ်လို့ သိရပါတယ်။ ပြည်သူတွေအနေနဲ့ ဘာမှမဖြစ်ပါဘူးလို့ မသတ်မှတ်ကြဖို့လည်း ပြောဆိုခဲ့ပါတယ်။

“အခုဖမ်းခံရတဲ့ရွာတွေက မြင်းခြံမြို့နားက ရွာတွေ။ အခု ပေါ်တာဆွဲတယ်ဆိုတဲ့နေရာက စကမ စိုးမိုးနေရာတွေ၊ အဲ့နေရာတွေကတော့ ထွက်ပြေး၊ ရှောင်ကြတာ မကြားမိသေးဘူး။ ငါတို့တော့ ပေါ်တာအဆွဲမခံရလောက်ပါဘူး ထင်ပြီး သွားလာနေကြတာတွေ” လို့ အထက်ပါ တာဝန်ခံက ဆက်ပြောပါတယ်။

ပေါ်တာဆွဲနေတဲ့ စစ်အုပ်စုဟာ အောက်တိုဘာ ၂၉ ရက်နေ့မှာ ညောင်ဦးဘက်ကနေ မြင်းခြံမြို့ထဲကို အင်အား ၃၀၀ ဝန်းကျင်နဲ့ ဝင်ရောက်လာတဲ့ စစ်ကြောင်းဖြစ်ပြီး အဆိုပါ စစ်အုပ်စုဟာ စစ်ကြောင်းထိုးတာမျိုး မလုပ်တော့ဘဲ ဒေသခံတွေကို ပေါ်တာဆွဲ ဖမ်းဆီးတာတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ကျိုက်ထိုမြို့နယ်အတွင်း တပ်မ ၂ ခုနဲ့ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်တပ် ကြားဖြတ်တိုက်ခိုက်ခံရလို့ ပြန်လည်ဆုတ်ခွာထွက်ပြေး

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်အတွင်းကို အကြမ်းဖက်စစ်တပ်ရဲ့ တပ်မ နှစ်ခု ဖြစ်တဲ့ တပ်မ ၇၇ နဲ့ တပ်မ ၄၄ တို့ စစ်ကြောင်းထိုး ဝင်ရောက်လာခဲ့ပြီး တော်လှန်ရေးတပ်တွေရဲ့ ကြားဖြတ်တိုက်ခိုက်မှုကြောင့် ပြန်လည်ဆုတ်ခွာသွားတယ်လို့ သိရပါတယ်။
Read More

ဖားကန့်တွင် အမည်မသိအမျိုးသား ၃ ဦးကို SNA တပ်ဖွဲ့က ရက်ရက်စက်စက် သတ်ဖြတ်သွား

" ဒီနေရာမှာ ပြောစရာရှိတာက ဖားကန့်ကို မိန်းလမ်းမကြီးကနေသွားလို့ရပေမယ့် မှော်စီစာကနေ ဖားကန့်ကိုဝင်ဖို့ အမှိုက်ပုံလမ်းလည်း ရှိပါတယ်၊ ကုမ္ပဏီလုပ်ကွက်တွေ ရွာတွေကနေ ဖြတ်သွားရတာပါ။ စကစ စစ်ကြောင်း ညအိပ် ထွက်သွားတဲ့ တောင်ယာကုန်းမှာ အစောနက အမျိုးသားသုံးဦးကို တွေ့ရတာ ဖြစ်ပါတယ်" လို့ ဖားကန့်ဒေသခံက ဆက်ပြောပါတယ်။
Read More

ကရင်နီမှာ စစ်ကောင်စီရဲ့ တိုက်ခိုက်မှုကြောင့် ၃ လအတွင်း အရပ်သားပြည်သူ ၂၀ ကျော် သေဆုံးခဲ့ရ

ကရင်နီပြည်နယ်မှာ ၃ လတာအတွင်း စစ်ကောင်စီရဲ့ တိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ ၂၃ ယောက် သေဆုံးခဲ့ရကြောင်း ကရင်နီလူ့အခွင့်အရေးအဖွဲ့ (KnHRG) က အသိပေးထုတ်ပြန်လိုက်ပါတယ်။
Read More

လမ်းပေါ်မှာ နာမည်ဆိုးနဲ့ကျော်ကြားတဲ့ ယာဉ်ထိန်းရဲမေတစ်ယောက် မိုင်းခွဲခံရပြီး စိုးရိမ်လူနာအဖြစ် ဆေးရုံရောက်

မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်မှာ ငွေတောင်းကြမ်းတဲ့ ယာဥ်ထိန်းရဲမေ သဲသဲ ဆိုသူ မိုင်းခွဲတိုက်ခံရပြီး ထိခိုက်ဒဏ်ရာ​ပြင်းထန်တာကြောင့် နေပြည်တော် စစ်ဆေးရုံမှာ တက်ရောက်ကုသနေရကြောင်း မင်းဘူးခရိုင်၊ အမှတ် ၄ တပ်ရင်းတာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

မြင်းခြံမြို့နယ်၊ စွန်းလွန်းစစ်တပ်ဂိတ်ကို တော်လှန်ရေးတပ်တွေ ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်မှာ အကြမ်းဖက်စစ်သားတွေရှိနေတဲ့ စွန်းလွန်းဂိတ်ကို ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်ရာ စစ်သား ၂ယောက် အပြင်းအထန် ထိခိုက်ဒဏ်ရာရခဲ့ကြောင်း Natogyi Regional Defence Force- NRDF က သတင်းထုတ်ပြန်ပါတယ်။
Read More

ဧရာဝတီတိုင်းနဲ့ ထိစပ်နေတဲ့ ဂွမြို့တစ်ခုလုံးကို AA စတင်သိမ်းပိုက်ထိန်းချုပ်

ရခိုင်ပြည်နယ် ဂွမြို့က စစ်ကောင်စီတပ်ရဲ့ နောက်ဆုံးလက်ကျန် တပ်စခန်း နှစ်ခုကို သိမ်းပိုက်လိုက်ကာ ဂွမြို့တစ်ခုလုံးကို သိမ်းပိုက်ထိန်းချုပ်ထားနိုင်ပြီလို့ AA ရဲ့ စစ်ရေးသတင်းရင်းမြစ်တွေထံက သိရပါတယ်။