တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ် မောင်းမကန်ကျေးရွာကနေ အင်အား ၇၄ ယောက်ခန့်နဲ့ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်တပ်ကို ၂ ရက်ဆက် တိုက်ခိုက်ခဲ့ရာ စစ်သား ၈ ယောက်  သေဆုံးခဲ့တယ်လို့ ထား၀ယ်ခရိုင်တပ်ပေါင်းစုက ဒီနေ့ညပိုင်းမှာ သတင်းထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၂၁ ရက်က မောင်းမကန်ကျေးရွာကနေ ကရင်ကြီးကျေးရွာဘက် စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်တပ်ကို တော်လှန်ရေးတပ်တွေက တိုက်ခိုက်ခဲ့ရာ တိုက်ပွဲ ၂ နာရီကြာ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

တိုက်ပွဲအတွင်း တော်လှန်ရေးရဲဘော် ၁ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

အဲဒီနောက် အောက်တိုဘာ ၂၂ ရက်က ကရင်ကြီးကျေးရွာကနေ ကမ်းပနီကျေးရွာကို ရောက်ရှိလာတဲ့ အကြမ်းဖက်စစ်တပ်ကို ထပ်မံတိုက်ခိုက်ခဲ့ပြီး စစ်သားတွေ ထိခိုက်သေဆုံးမှုရှိခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ ၂ ရက်ဆက်တိုက်ပွဲအတွင်း အကြမ်းဖက်စစ်သား ၈ ယောက် သေဆုံးခဲ့ကာ ထိခိုက်ဒဏ်ရာရရှိသူတွေလည်း ရှိတယ်လို့ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုကို ဒေါနစစ်ကြောင်း-၃ (KBDF)၊ ဒေါနတပ်ခွဲ-၇ (LPF)၊ ထားဝယ်ခရိုင်တပ်ပေါင်းစု၊ D.N.L.A ဒူရကစစ်ကြောင်း၊ ရာမညမွန်တပ်တော် (R.M.A) နဲ့ လောင်းလုံး ပကဖတို့ ပူးပေါင်း လုပ်ဆောင်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

Video – ထား၀ယ်ခရိုင်တပ်ပေါင်းစု

0 Shares:
You May Also Like
Read More

ထုတ်လုပ်ထားတဲ့ AR-15 သေနတ်များ ကရင်နီရှေ့တန်းစစ်မျက်နှာပြင်မှာ အသုံးပြုနေပြီဖြစ်ကြောင်း Hornet PDF ထုတ်ပြန် (ရုပ်/သံ)

Hornet PDF မှာ ထုတ်လုပ်ထားတဲ့ AR-15 သေနတ်များ ကရင်နီရှေ့တန်းစစ်မျက်နှာပြင်မှာ အသုံးပြုနေပြီဖြစ်တယ်လို့ တိုက်ပွဲဝင်နေတဲ့ ရဲဘော်တွေရဲ့ မှတ်တမ်းရုပ်သံဖိုင်နဲ့ တကွ ထုတ်ပြန်လိုက်ပါတယ်။
Read More

လေရှီးမြို့မှာ မိုးအဆက်မပြတ်ရွာသွန်မှုကြောင့် လူနေရပ်ကွက်အတွင်း မြေပြိုမှုဖြစ်ပွား (ရုပ်/သံ)

စစ်ကိုင်းတိုင်း နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လေရှီးမြို့မှာ မိုးအဆက်မပြတ်ရွာသွန်းမှု ကြောင့် လူနေရပ်ကွက်အတွင်း မြေပြိုမှုဖြစ်ပွားခဲ့တယ်လို့ ဒေသတွင်း သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရပါတယ်။
Read More

အမှတ် (၁) စစ်ဒေသ မုံရွာခရိုင်အမှတ် (၃) တပ်ရင်း တပ်ရင်းမှူးမှ မင်းတပ်မြို့သိမ်းစစ်ဆင်ရေးမှာ ပါဝင်တိုက်ခိုက်ခဲ့တဲ့ ရဲဘော်တွေအား ဂုဏ်ပြုမှတ်တမ်းပေးအပ်ခြင်းနဲ့ မြေပြင်တပ်မှူးငယ်သင် တန်းအပတ်စဉ် (၁/၂၀၂၅) သင်တန်းဆင်းဂုဏ်ပြုလွှာနဲ့ လက်နက်တပ်ဆင်းခြင်းအခမ်းအနားမှာ ပြောကြားခဲ့တဲ့ မိန့်ခွန်း (ရုပ်/သံ)

''ခင်ဗျားတို့ ကိုယ်တိုင်လည်း မြေပြင်မှာ တိုက်ပွဲတွေ ကြုံခဲ့ပြီးပြီ။ အမိန့်နာခံမှုရှိကို ရှိရမယ်။ ကျွန် တော်တို့ လိုချင်တဲ့ ပန်းတိုင်ရောက်ဖို့ စစ်ကို စစ်နဲ့ တူအောင် တိုက်ရလိမ့်မယ်။ ကျွန်တော်တို့ ရည် ရွယ်ထားတဲ့ ပန်းတိုင်ထိ မရောက်ရောက်အောင် သွားရလိမ့်မယ်''
Read More

စလင်းမြို့နယ် စမ်းကလေးကျေးရွာကို အကြမ်းဖက်စစ်ကောင်စီတပ် ဝင်ရောက်မီးရှို့ဖျက်ဆီး (ရုပ်/သံ)

မကွေးတိုင်း စလင်းမြို့နယ် စည်ဆွဲကျေးရွာအုပ်စု စမ်းကလေးကျေးရွာကို ဒီဇင်ဘာ ၁၆ ရက် မနေ့မှာ အကြမ်းဖက် စစ်ကောင်စီတပ်သားတွေက ဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်တွေဆီက သိရပါတယ်။
Read More

နာမည်ဆိုးဖြင့် ကျော်ကြားသည့် ပေါက်ကိုယ်တော်အား အရှင်ဆေကိန္ဒ သိန်း ၁၀၀ ပေးအပ်လှူဒါန်း (ရုပ်/သံ)

မန္တလေးနဲ့ မကွေးတိုင်းအတွင်း ပျူစောထီးတွေ မွေးထုတ်ပြီး အကြမ်းဖက်စစ်ကောင်စီ အာဏာတည်မြဲဖို့ လုပ်ဆောင်ပေးနေတဲ့ ပေါက်ကိုယ်တော်ကို အရှင်ဆေကိန္ဒက သိန်း ၁၀၀ လှူဒါန်းခဲ့တဲ့ ရုပ်သံဖိုင်ကို ပေါက်ကိုယ်တော်က TikTok အကောင့်ကနေ မျှဝေခဲ့ပါတယ်။
Read More

ပုလဲမြို့သိမ်းတိုက်ပွဲမှာ ပါဝင်တိုက်ခိုက်ခဲ့တဲ့ Southern YSO PDF ရဲဘော်တွေရဲ့ မှတ်တမ်းရုပ်သံ

စစ်ကိုင်းတိုင်း ပုလဲမြို့သိမ်းတိုက်ပွဲမှာ ပါဝင်တိုက်ခိုက်ခဲ့တဲ့ ရဲဘော်တွေရဲ့ မှတ်တမ်းရုပ်သံကို Southern YSO PDF မှ ထုတ်ပြန်လိုက်ပါတယ်။