မကွေးတိုင်း၊ ပေါက်မြို့နယ်မှာ စစ်ဘေးရှောင်တွေ နေထိုင်ရာနေရာကို အကြမ်းဖက်စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ၂ နှစ်ကျော်အရွယ် ကလေးငယ်တစ်ယောက်အပါအဝင် လူ ၅ ယောက် ဒဏ်ရာရခဲ့တယ်လို့ နယ်ခံတွေဆီက သိရပါတယ်။

နိုဝင်ဘာ ၂ ရက် ဒီမနက် ၈ နာရီကျော်လောက်မှာ လယ်ဘဲ့ကျေးရွာအနီးတဝိုက်ရှိ စစ်ဘေးရှောင်တွေ နေထိုင်တဲ့နေရာကို မိတ္ထီလာ ရှမ်းတဲလေတပ်က တက်လာတဲ့ ဂျက်ဖိုက်တာက လေကြောင်းတိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။

အဆိုပါ လေကြောင်းတိုက်ခိုက်မှုကြောင့် လယ်ဘဲ့ရွာက ဒေါ်ကြည်ဆန်း (၅၅ နှစ်)၊ ဦးအောင်ထူး (၇၁ နှစ်)၊ မောင်ဟိန်းမင်းသူ (၂ နှစ်) မောင်မျိုးဇင်ကို (၁၂ နှစ်) နဲ့ ကျအိုးရွာက မောင်ဟိန်းပြည့်ထက်တို့ ထိမှန်ဒဏ်ရာရခဲ့တာ ဖြစ်ပါတယ်။

“တစ်နေ့က ပေါက်တောင်ပိုင်းက ပျူရွာ ၂ရွာသိမ်းထားတာ၊ အခု မြောက်ပိုင်းကြဲသွားတာ၊ စစ်ရှောင်နေရာ၊ မြောက်ခမ်းမှာ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘူး။ စစ်ရှောင်တဲတွေ ထိမှန်သွားတယ်။ ထိမှန်တဲ့သူတွေက မိသားစုဝင် မဟုတ်လောက်ဘူး။ အခု စိစစ်ဆဲပဲ” လို့ ပေါက်နယ်ခံတစ်ယောက်က မောင်းကို ပြောပါတယ်။

လက်ရှိမှာတော့ စစ်ရှောင်ပြည်သူတွေ ထပ်မံထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။ အောက်တိုဘာ ၂၂ရက်နေ့ကလည်း ပေါက်မြို့နယ် အနောက်ခြမ်း ကျောက်ထစ်ကျေးရွာ အနောက်ဘက်တစ်နေရာကို တံတားဦး လေတပ်ကလာတဲ့ ဂျက်ဖိုက်တာက လေကြောင်းတိုက်ခိုက်ခဲ့ပါသေးတယ်။

“သူတို့စစ်ကြောင်းထိုးလို့ လေကြောင်းလာကြဲတာတော့ မဟုတ်ဘူး။ အခု စစ်ကြောင်းဖြန့်ဝင်နေတယ်။ မြိုင်နယ် ပေါက်နယ်ဘက် ပျူရွာတွေ စစ်ကြောင်းရောက်နေတယ်။ အခု လေကြောင်းက မနားတမ်း ပစ်နေတာ၊ ၃ရက်လောက်ရှိပြီ” လို့ အထက်ပါ ဒေသခံက ပြောခဲ့ပါတယ်။

စစ်ဘေးရှောင်များရှိရာကို စစ်အုပ်စု လေကြောင်းတိုက်ခိုက်မှုအပြီး မြင်ကွင်း (ဓာတ်ပုံ ဒေသခံ)

0 Shares:
You May Also Like
Read More

ထီးလင်းမြို့နယ်တွင် ဒေသခံများနှင့် တော်လှန်ရေးရဲဘော်များအတွက်ပါ အသိပညာများစွာ ရစေခဲ့သည့် အမျိုးသမီးနှင့် ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေး (WCP) သင်တန်း ပြုလုပ်ခဲ့

မကွေးတိုင်း၊ ထီးလင်မြို့နယ်မှာ ပြုလုပ်ခဲ့တဲ့ ပဋိပက္ခကာလအတွင်း အမျိုးသမီးနဲ့ကလေးသူငယ်များ ကာကွယ်စောင့်ရှောက်ရေး(WCP) သင်တန်းကို ပြီးခဲ့တဲ့ စက်တင်ဘာလနဲ့ အောက်တိုဘာလတွေမှာ ပြုလုပ်ခဲ့ပြီး ဒေသခံတွေနဲ့ တော်လှန်ရေးရဲဘော်တွေအတွက် အသိပညာများစွာရရှိခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ချင်းနှင့် စစ်ကိုင်း စစ်မျက်နှာများတွင် စစ်တပ်ကို အဆင့်မြင့်နည်းပညာသုံး ဒရုန်းများဖြင့် တိုက်ခိုက်နေသည့် AIF Myanmar 

အကြမ်းဖက်စစ်တပ်ရဲ့ ရှေ့တန်းစခန်းနဲ့ ဒရုန်း Jammer တွေကို အသေခံဒရုန်းတွေနဲ့ တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့တဲ့ ရုပ်သံမှတ်တမ်းတစ်ခုကို ဖက်ဆစ်ဆန့်ကျင်ရေး နိုင်ငံတကာတပ်ဦး (AIF Myanmar) က မနေ့က ဒီဇင်ဘာ ၂၀ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။
Read More

ရေစကြိုတွင် အင်အား ၉၀ ပါ အကြမ်းဖက်စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်၊ စစ်သား ၂ ဦး အပြင်းအထန် ဒဏ်ရာရ

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ အင်အား ၉၀ ပါ အကြမ်းဖက်စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ရာ စစ်သား ၂ ယောက် အပြင်းအထန် ဒဏ်ရာရရှိသွားတယ်လို့ ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

တပ်အတွက် ရိက္ခာသယ်ရင်း ကားမတော်တဆမှုကြောင့် ကျဆုံးခဲ့ရတဲ့ ရဲဘော် TK

ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်မှာ တိုက်ပွဲဝင်ရင်း ထောက်ပို့လုပ်နေတဲ့ စစ်ဒေသအမှတ် ၃ ကျားဖြူစစ်ကြောင်းက ရဲဘော်တစ်ယောက်ဟာ လိုအပ်တဲ့ စားနပ်ရိက္ခာ သယ်ဆောင်ရင်း ကားမတော်တဆမှုကြောင့် သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။
Read More

ထားဝယ်က စစ်တပ်ရဲ့ မဲချောင်း ၈ မိုင် တပ်စခန်းကုန်းနဲ့ စစ်ဆေးရေးဂိတ်တို့ကို စီးနင်းတိုက်ခိုက်၊ စစ်ကောင်စီ တပ်သား ၅ ယောက် သေပြီး တော်လှန်ရေးရဲဘော် ၃ ယောက် ကျဆုံး

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်ရှိ အကြမ်းဖက် စစ်ကောင်စီတပ်ရဲ့ မဲချောင်း ၈ မိုင်စခန်းကုန်းနဲ့ စစ်ဆေးရေးဂိတ်တို့ကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ တပ်သား ၅ ယောက်ထက်မနည်း သေဆုံးခဲ့တယ်လို့ ဒူရက စစ်ကြောင်းက ဒီနေ့ ထုတ်ပြန်ထားပါတယ်။
Read More

ဂုတ်ထိပ်တံတား ဖျက်ဆီးခံရမှု ပြင်းထန်စွာ လက်တုံ့ပြန်မည်ဟု တစ်နိုင်ငံလုံးကို ဖျက်ဆီးနေသည့် အကြမ်းဖက်စစ်တပ် ပြောခွင့်ရ ဇော်မင်းထွန်း ပြော

သက်တမ်း ၁၂၀ ကျော်ရှိ ကမ္ဘာကျော် ဂုတ်ထိပ်တံတား မိုင်းခွဲဖျက်ဆီးခံရမှုနဲ့ ပတ်သက်ပြီး ပြင်းထန်စွာ လက်တုံ့ပြန်သွားမယ်လို့ အကြမ်းဖက်မင်းအောင်လှိုင်ရဲ့ အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဇော်မင်းထွန်းက ပြောဆိုခဲ့ပါတယ်။