မကွေးနဲ့ ရခိုင်အစပ်၊ အမ်း-ပဒါန်းလမ်းပိုင်းရှိ နတ်ရေကန်ဗျူဟာကုန်းတိုက်ပွဲတွေကနေ ၂ လအတွင်း စစ်မှုထမ်းတပ်သား ၂၆ ယောက် အရှင်ဖမ်းဆီးရမိခဲ့သလို လက်နက် ၄ လက်နဲ့ ခဲယမ်းတွေသိမ်းဆည်းရရှိထားကြောင်း CDF- Asho သတင်းတာဝန်ရှိသူ ဆလိုင်းရိုးချင်းက မောင်းကို ပြောပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလနဲ့ အောက်တိုဘာလတွေထဲ ငဖဲမြို့နယ်၊ အမ်း-ပဒါန်းလမ်းပိုင်းက အာရက္ခတပ်တော် AA ဦးဆောင်တဲ့ တော်လှန်ရေးတပ်တွေနဲ့ အကြမ်းဖက်စစ်ကော်မရှင်တို့ရဲ့ နတ်ရေကန်ဗျူဟာကုန်းစခန်းတိုက်ပွဲတွေ၊ အကြမ်းဖက် စစ်ကူစစ်ကြောင်းတွေကနေ စစ်မှုထမ်းတပ်သားတွေကို ဖမ်းဆီးရမိခဲ့တာလို့ သိရပါတယ်။

ဖမ်းဆီးရမိသူတွေဟာ အကြမ်းဖက်စစ်အုပ်စုရဲ့ မတရား စစ်မှုထမ်းစုဆောင်းခံခဲ့ရသူတွေဖြစ်တယ်လို့လည်း ပြောပါတယ်။

ဒါ့အပြင် နတ်ရေကန်လမ်းဟောင်းတလျှောက်ကို နယ်မြေရှင်းလင်းရေးလုပ်ဆောင်ရာမှာလည်း သေနတ် ၄ လက်နဲ့ ခဲယမ်းအများအပြားကို CDF-Asho တို့ သိမ်းဆည်းရရှိခဲ့ပါတယ်။

“စစ်ကြောင်းတွေကရော နတ်ရေကန် ဗျူဟာကုန်းပေါ်ကရောပါ အစုံပါပဲ။ ပြေးလာကြသူတွေပါ” လို့ CDF- Asho သတင်းတာဝန်ရှိသူ ဆလိုင်းရိုးချင်းက မောင်းကိုပြောပါတယ်။

အကြမ်းဖက်စစ်တပ်အနေနဲ့ နတ်ရေကန် ဗျူဟာကုန်း မကျစေရေးအတွက် လေကြောင်းပစ်ကူတွေအဆက်မပြတ်အသုံးပြုခဲ့သလို စစ်ကူတွေလည်း တောက်လျှောက်ပို့နေခဲ့ရာမှာ Chin Defense Force -Ashoနဲ့ အခြားတပ်ဖွဲ့တွေက လမ်းပိုင်းတလျှောက် ဖြတ်တောက်တိုက်ခိုက်တာတွေအပါအဝင် ထိုးစစ်တိုက်ခိုက်တာမျိုးတွေပါ ရှိခဲ့ပါတယ်။

ဒီအတွက် ၂လတာအတွင်း CDF -Asho တပ်သား၂ယောက် ကျဆုံးပြီး ကိုယ်လက်ခြေအင်္ဂါဆုံးရှုံးရသူ ၂ယောက်နဲ့ အခြားထိခိုက်ဒဏ်ရာရသူ ၇ယောက်ရှိခဲ့တယ်လို့ CDF -Asho က ထုတ်ပြန်ထားပါသေးတယ်။

မကွေးတိုင်းနဲ့ ရခိုင်ပြည်နယ်ကို ဆက်သွယ်ထားတဲ့ အမ်း-ပဒါန်းလမ်းပေါ်က နတ်ရေကန် ဗျူဟာကုန်းကို အာရက္ခတပ်တော်(AA) နဲ့မဟာမိတ်တပ်တွေက ပြီးခဲ့တဲ့ဖေဖော်ဝါရီလကတည်းက ထိုးစစ်ဆင်တိုက်ခိုက်နေခဲ့တာ ဖြစ်ပါတယ်။

လက်ရှိမှာလည်း အာရက္ခတပ်တော် (AA) က နတ်ရေကန် ဗျူဟာကုန်းနဲ့ ပတ်သက်ပြီး လက်ကျန်အကြမ်းဖက်စစ်စခန်းတချို့ကို အပြီးသတ် တိုက်ခိုက်သိမ်းပိုက်နေတာကြောင့် ထိတွေ့တိုက်ပွဲတွေ ရှိနေတယ်လို့ ပြောထားပါတယ်။

နတ်ရေကန်ကာကင်းစခန်းတိုက်ပွဲတွေ၊ လေကြောင်းရန်ကာကွယ်ရေးတပ်စခန်း တိုက်ပွဲတွေကနေ မကြာခဏဆိုသလို စစ်ကော်မရှင်တပ်သားတွေ ထွက်ပြေးတာတွေရှိနေရာမှာ ထွက်ပြေးလာတဲ့ စစ်သားတွေကို CDF-Asho ၊ PRA -Magway စတဲ့ ငဖဲအခြေစိုက် တော်လှန်ရေးတပ်တွေက ဖမ်းဆီးရမိတာမျိုးတွေ ရှိနေတာဖြစ်ပါတယ်။

ကျားဖြန့်လုပ်ငန်းတွေ လုပ်ကိုင်နေတဲ့ KK Park စီမံကိန်းမှာ ကရင်အမျိုးသားအစည်းအရုံး (KNU) ခေါင်းဆောင်တွေလည်း ပါဝင်ပတ်သက်နေတယ်လို့ အကြမ်းဖက်စစ်တပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဇော်မင်းထွန်းက ပြောဆိုလာတဲ့အပေါ် KNU ဗဟိုအလုပ်အမှုဆောင် ပဒိုစောတောနီးက အခုလို စွပ်စွဲမှုတွေကို တုံ့ပြန်သွားမယ်လို့ မောင်းကို ပြောပါတယ်။

0 Shares:
You May Also Like
Read More

ဧရာဝတီတိုင်းက စစ်သင်တန်းဆင်းတွေကို တိုက်ပွဲပြင်းထန်နေတဲ့ ရခိုင်ဒေသဆီ စစ်ကောင်စီ အလောတကြီး ပို့ဆောင်နေ

အာဏာသိမ်းစစ်ကောင်စီရဲ့ တရားမဝင် စစ်မှုထမ်းဥပဒေကြောင့် စစ်သင်တန်းတက်ရောက်ရတဲ့ ဧရာဝတီတိုင်း မြို့နယ်တွေထဲက စစ်သားသစ်တွေကို ရခိုင်ပြည်နယ် စစ်ဆင်ရေးဒေသတွေဆီ ပို့ဆောင်နေတယ်လို့ စစ်တပ်နဲ့ နီးစပ်သူတွေထံက သိရပါတယ်။
Read More

ကန့်ဘလူမြို့နယ်အတွင်း စစ်အုပ်စုစစ်ကြောင်း ရွာ ၆ ရွာမှ နေအိမ် ၄၃၀ ကျော်ကို မီးရှို့ဖျက်ဆီးကာ ပြည်သူ ၉ ဦးကို မီးရှို့သတ်ခဲ့

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်အတွင်း စစ်တပ်နဲ့ ပျူစောထီးတွေပေါင်းပြီး စစ်ကြောင်းထိုးနေရာ ကျေးရွာ ၆ ရွာက နေအိမ် ၄၃၀ ကျော် ဖျက်ဆီးခံခဲ့ရပြီး ပြည်သူ ၉ ယောက်ကိုလည်း မီးရှို့သတ်ခဲ့တယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေထံက သိရပါတယ်။
Read More

NUG ၏ အထူးတိုင်းစစ်ဌာနဆိုတာ ဘာလဲ

အမျိုးသားညီညွတ်ရေးအစိုးရ NUG၊ ကာကွယ်ရေးဝန်ကြီးဌာနက ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်မှာ အခြေပြု ဖွဲ့စည်းထားတဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် - PDF နည်းဗျူဟာတွေ၊ တပ်ရင်း/တပ်ဖွဲ့တွေ၊ ဒရုန်းလက်ရုံးတပ်ဖွဲ့တွေ၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တွေနဲ့ အထူးတိုင်းစစ်ဌာနကို ဖွဲ့စည်းလိုက်ပါတယ်။
Read More

ဘုတလင်မှာ အင်အား ၁၀၀ ကျော်တဲ့ အကြမ်းဖက်စစ်ကြောင်းကို တိုက်ခိုက်ရာ ၅၀ ကျော်သေဆုံးပြီး ၄၀ ခန့် အရှင်ဖမ်းမိကာ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိ

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်မှာ အင်အား ၁၀၀ ကျော်ရှိတဲ့ အကြမ်းဖက်စစ်ကောင်စီ စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ရာ စစ်ကောင်စီတပ်က ၅၀ ကျော်သေဆုံးပြီး ၄၀ ခန့် အရှင်ဖမ်းမိခဲ့တယ်လို့ 96 Solider PDF (အညာဒေသ) ဆီက သိရပါတယ်။
Read More

စစ်ကိုင်းငလျင်အပြီး ဧပြီလအတွင်း စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုများကြောင့် ၁၈ နှစ်အောက် ကလေး ၁၇ ဦးအပါ အရပ်သား ၅၅ ဦး သေဆုံး

တစ်နိုင်ငံလုံး တုန်လှုပ်ခဲ့ရတဲ့ စစ်ကိုင်းငလျင်အပြီး ဧပြီလအတွင်း နိုင်ငံတစ်ဝန်းမှာ အကြမ်းဖက်စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ၁၈ နှစ်အောက် ကလေးငယ် ၁၇ ယောက်အပါအဝင် အရပ်သား ၅၅ ယောက် သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က မနေ့က ညပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

ဒီပဲယင်းမှာ စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုကြောင့် ၁၃ နှစ်အရွယ် ကလေးအပါ ၅ ဦးသေဆုံးပြီး ၇ ဦးထက်မနည်း ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ဒီပဲယင်းမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုကြောင့် ၁၃ နှစ်အရွယ်ကလေးငယ်အပါအဝင် ၅ ယောက် သေဆုံးခဲ့တယ်လို့ ဒီပဲယင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။