ပြည်သူ့ရှေ့ဆောင်ပါတီ ဥက္ကဋ္ဌ သက်သက်ခိုင်ဟာ အတုအယောင် ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်နိုင်ဖို့  စစ်တပ်လက်အောက်ခံ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) ကို အသနားခံစာ ၂ စောင် တင်သွင်းထားပေမယ့် အကြောင်းမပြန်လာသေးဘူးလို့ ထုတ်ပြောခဲ့ပါတယ်။ 

နိုဝင်ဘာလ ၁ ရက် မနေ့က ရန်ကုန်မြို့ Sky Star Hotel မှာ ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဒေါ် သက်သက်ခိုင်က အခုလို ပြောဆိုခဲ့တာ ဖြစ်ပါတယ်။ 

“UEC ကို ကျမ အသနားခံစာတင်ထားတယ်။ UEC က ဒီအသနားခံစာကို လက်ခံလားမခံလားကတော့ ဒီနေ့အထိ အကြောင်းမပြန်သေးဘူး” လို့ ဒေါ်သက်သက်ခိုင်က ဆိုပါတယ်။ 

UEC က ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၉ ရက်နေ့မှာ ဒေါ်သက်သက်ခိုင်ကို ကိုယ်စားလှယ်လောင်း သက်သေခံကတ်ပြား ထုတ်ပေးခဲ့ပေမယ့် အောက်တိုဘာလ ၂၁ ရက်နေ့မှာတော့ ကိုယ်စားလှယ်လောင်းစာရင်းကနေ ပယ်ဖျက်ကြောင်း အကြောင်းကြားစာ ရရှိခဲ့တယ်လို့ သိရပါတယ်။ 

ဒေါ်သက်သက်ခိုင်ဟာ စစ်တပ်ရဲ့ ထောက်တိုင်အကြီးစားဖြစ်သလို စစ်တပ် အာဏာသိမ်းပြီး နောက်ပိုင်းကလည်းက စစ်တပ်ရဲ့ လုပ်ရပ်မှန်သမျှကို ထောက်ခံလာသူလည်း ဖြစ်ပါတယ်။ 

ဒါကြောင့် သူဟာ စစ်တပ်က ကျင်းပမယ့် အတုအယောင် ရွေးကောက်ပွဲမှာ ရန်ကုန်တိုင်းဒေသကြီး အမျိုးသားလွှတ်တော် FPTP မဲဆန္ဒနယ် အမှတ် (၂) ကနေ ဝင်ရောက်ယှဉ်ပြိုင်ဖို့ အမည်စာရင်းတင်သွင်းခဲ့တာပဲ ဖြစ်ပါတယ်။ 

ဒါပေမယ့် စစ်အုပ်စုလက်အောက်ခံ UEC ကတော့ ဒေါ်သက်သက်ခိုင်ကို အောက်တိုဘာလ ၂၅ ရက်နေ့မှာ အကြွေးတွေ ပေးဆပ်ဖို့ ကျန်ရှိနေတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်းနေရာကနေ ပယ်ဖျက်ကြောင်း ကြေညာလာခဲ့တာ ဖြစ်ပါတယ်။ 

သူဟာ အဆိုပါ သတင်းစာရှင်းလင်းပွဲမှာ‌ “ကျမတို့ပါတီက တော်လှန်ရေးကို မယုံကြည်ဘူး တည်ဆောက်ရေးကို ယုံကြည်တယ်၊ ထိပ်တိုက်ရင်ဆိုင်တာတွေကို မယုံကြည်ဘူး” လို့လည်း ပြောဆိုသွားခဲ့ပါတယ်။

ရွှေနန်းတော် ရွှေဆိုင်ပိုင်ရှင်ဖြစ်တဲ့ ဒေါ်သက်သက်ခိုင်ဟာ 68 Residence ဆိုခေါ်တဲ့ အိမ်ရာစီမံကိန်းအတွက်  စစ်အုပ်စု ထောက်တိုင် အကြီးစားဖြစ်တဲ့ ကမ္ဘောဇဘဏ်ကနေ ငွေကျပ် ဘီလီယံ ၁၀၀ ကျော် ချေးယူထားပြီး အဆိုပါအကြွေးတွေကို ပြန်မဆပ်နိုင်တာကြောင့် ရွေးကောက်ပွဲဝင်ခွင့် ပယ်ဖျက်ခံရတာ ဖြစ်တယ်လို့လည်း ပြည်သူတွေက ယုံကြည်ကြပါတယ်။ 

CDM ဗိုလ်ကြီးဇင်ယော်ကတော့ “ရှင်းရှင်းပြောရရင်တော့ သူတို့ချည်းပဲ ကိုယ်စားလှယ်လောင်း ဖြစ်ချင်တဲ့ သဘောပါပဲ။ လွှတ်တော်မှာတော့ ရာနှုန်းပြည့် ကြံဖွံ့ သူတို့ စစ်ဗိုလ်ချုပ်တွေပဲဖြစ်မှာ… အယောင်ပြ ၁ယောက် ၂ယောက်လောက်ကလည်း အလကားနေ NLD ကို ဆဲနေတဲ့ သူမျိုးကိုပဲ လက်ခံမယ့် အနေအထားမျိုးပေါ့နော်။ ဒေါ်သက်သက်ခိုင်ကျတော့လည်း လွှတ်တော်ထဲ ရောက်တာနဲ့ လေသံပြောင်းတာကို ကြုံခဲ့ဖူးတော့ ဒီလို အတိုက်အခံတွေကို ကြိုရှင်းနေတဲ့ အခြေအနေပါ” လို့ မှတ်ချက်ပြုခဲ့ပါတယ်။

0 Shares:
You May Also Like
Read More

ပုလောအခြေစိုက် အကြမ်းဖက်စစ်တပ် ခလရ ၁၀၁ တပ်ရင်းမှ တပ်ဖွဲ့ဝင်တပ်သား(၁)ဦး K.N.L.A တပ်မဟာ(၄) ထံ လက်နက်ဖြင့် အလင်းဝင်ဘက်ပြောင်းခိုလှုံ

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်အခြေစိုက် အကြမ်းဖက်စစ်တပ်ရဲ့ ခလရ ၁၀၁ တပ်ရင်းမှ တပ်ဖွဲ့ဝင်တပ်သား (၁) ယောက် လက်နက်နဲ့အတူ အလင်းဝင်ဘက်ပြောင်းခိုလှုံလာတယ်လို့ ကရင်အမျိုးသားအစည်းအရုံး၊ မြိတ်ထားဝယ်ခရိုင်က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

အရာတော်မှာ ကင်းလှည့်နေတဲ့ ပျူစောထီးတွေကို သွားရောက်ပစ်ခတ်တိုက်ခိုက်၊ ပျူစောထီး ၁ ဦး သေဆုံး…

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်၊ ငွေတွင်းကျေးရွာ ပျူစောထီးစခန်းတစ်ဝိုက် ကင်းလှည့်နေတဲ့ ပျူစောထီးတွေကို သွားရောက်ပစ်ခတ်တိုက်ခိုက်ရာ ပျူစောထီး ၁ ယောက် သေဆုံးခဲ့တယ်လို့ မုံရွာခရိုင် တပ်ရင်းအမှတ် ၁၉ - ရောင်နီဦးစစ်ကြောင်းက ထုတ်ပြန်ထားပါတယ်။
Read More

Unity GenerationZ PDF က အခြေခံ စစ်ပညာ ရက်တိုသင်တန်းပေး

ကရင်နီပြည်အခြေစိုက် Unity GenerationZ PDF က စစ်စည်းကမ်းသေဝပ်မှုနဲ့ Chain of Command - COC တည်ဆောက်မှု မြင့်မားလာစေဖို့အတွက် အခြေခံစစ်ပညာ ရက်တိုသင်တန်းပေးခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
Read More

ထီးလင်းက စစ်ကောင်စီတပ်သား ၁ ယောက် ဂန့်ဂေါခရိုင် တပ်ရင်း ၁၈ ဆီ လက်နက်ခဲယမ်းနဲ့ အလင်းဝင်လာလို့ ကျပ်သိန်း ၅၀ ဆုချီးမြင့်

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် ၁ စစ်ဒေသ၊ ဂန့်ဂေါခရိုင်အမှတ် (၁၈) တပ်ရင်း - Yaw National Revolution Force ဆီကို ထီးလင်းမြို့က စစ်ကောင်စီတပ်သား ၁ ယောက် လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်လာတယ်လို့ သိရပါတယ်။
Read More

စစ်ကောင်စီ၏ အကြမ်းဖက်လုပ်ရပ်များကို အရေးယူနိုင်ဖို့ အစွမ်းကုန်ကြိုးပမ်းမည်ဟု NUG ထုတ်ပြန်

မန္တလေးတိုင်း၊ သပိတ်ကျင်း၊ လိပ်ကျရွာကို စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်မှုနဲ့အတူ နိုင်ငံတစ်ဝန်း စစ်ကောင်စီရဲ့ အကြမ်းဖက်ကျူးလွန်မှုတွေကို အရေးယူနိုင်ဖို့ အစွမ်းကုန်တာဝန်ယူ ဆောင်ရွက်သွားမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
Read More

ဧရာ၀တီ PDF စစ်ဗျူဟာ ဖွဲ့စည်းနိုင်မှုအပေါ် ပြည်သူ့လွတ်မြောက်ရေးတပ်ဖွဲ့ ဝမ်းမြောက်ကြောင်း သဝဏ်လွှာပေးပို့

တောင်ပိုင်းတိုင်းစစ်ဒေသမှာ ဧရာ၀တီ PDF စစ်ဗျူဟာ အမှတ် ၂၉ ကို ဖွဲ့စည်းနိုင်ခဲ့မှုအပေါ် ဝမ်းမြောက်ဂုဏ်ယူကြောင်း ပြည်သူ့လွတ်မြောက်ရေးတပ်ဖွဲ့ (People’s Liberation Force)က သဝဏ်လွှာတစ်ရပ် ပေးပို့လိုက်ပါတယ်။