တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်၊ လေးမိုင်ရွာအနီး အကြမ်းဖက်စစ်တပ် ခြေကုပ်ယူထားတဲ့ နေရာကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်တပ်အရာရှိ ၁ ယောက်အပါအဝင် အများအပြားသေဆုံးခဲ့တယ်လို့ တနင်္သာရီမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပ.က.ဖ) က ဒီနေ့ သတင်းထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၂၈ ရက် နေ့လယ်ပိုင်းက တနင်္သာရီမြို့နယ်၊ လေးမိုင်ရွာအနီး စစ်တပ်ခြေကုပ်ယူထားရာ နေရာကို တော်လှန်ရေးတပ်တွေ ပူးပေါင်းပြီး ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

နှစ်ဘက်အပြန်အလှန် ပစ်ခတ်တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်တပ်က အရာရှိ ၁ ယောက် အပါအဝင် အများအပြား ထိခိုက်သေဆုံးခဲ့ကာ တော်လှန်ရေးရဲဘော် ၁ ယောက်လည်း ကျဆုံးခဲ့တယ်လို့ သိရပါတယ်။

တနင်္သာရီမြို့နယ်အတွင်း ဖြစ်ပေါ်နေတဲ့ စစ်ရေးအခြေအနေတွေအရ ဒေသခံမိဘပြည်သူတွေ၊ ခရီးသွားပြည်သူတွေအနေနဲ့ သတိရှိစွာ သွားလာနေထိုင်ပေးကြဖို့နဲ့ မိဘပြည်သူတွေရဲ့ လုံခြုံရေးကိုရှေးရှုပြီး မေတ္တာရပ်ခံကြောင်း တနင်္သာရီ ပ.က.ဖ က ဆိုထားပါတယ်။

အထက်ပါတိုက်ခိုက်မှုကို တနင်္သာရီမြို့နယ် ပကဖ၊ ‌မြိတ်ခရိုင်တပ်ရင်း ၂ တပ်ခွဲ (၁)၊ တပ်ရင်း ၃ တပ်ခွဲ (၂)၊ KNDO တပ်ဖွဲ့၊ မြိတ်ခရိုင် ပကဖနဲ့ မြိတ်မြို့နယ် ပကဖ တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

Video – တနင်္သာရီမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပ.က.ဖ)

0 Shares:
You May Also Like
Read More

အတင်းအဓမ္မ တပ်သားစုဆောင်းခံထားရသည့် စစ်သား ၇ ယောက် ဆားလင်းကြီးပအဖထံ အလင်းဝင် (ရုပ်/သံ)

အကြမ်းဖက်စစ်ကော်မရှင်ရဲ့ အတင်းအဓမ္မ တပ်သားစုဆောင်းခံထားရတဲ့ စစ်သား ၇ ယောက် အလင်းဝင်ရောက်လာခဲ့တယ်လို့ ဆားလင်းကြီးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က သတင်းထုတ်ပြန်ပါတယ်။
Read More

မုံရွာ-မန္တလေးလမ်းပိုင်းမှာ အကြမ်းဖက်စစ်တပ်ယာဉ် ၂ စီးကို မိုင်းဆွဲတိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း မုံရွာ-မန္တလေးလမ်းပိုင်းမှာ ဖေဖော်ဝါရီ ၃ ရက်က အကြမ်းဖက်စစ်တပ်ယာဉ် ၂ စီးကို ငါးယှဉ်ရွာအရှေ့ဘက်မှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ BLDF တပ်ခွဲ အညာမိုင်းအဖွဲ့ထံက သိရပါတယ်။
Read More

စက်တပ်လေထီး ကြဲချပြီး မပေါက်ကွဲသေးသည့် ဗုံးသီးကို ပြည်သူများ မထိခိုက်စေရန် ဖယ်ရှားရှင်းလင်း (ရုပ်/သံ)

အကြမ်းဖက်စစ်တပ်ရဲ့ စက်တပ်လေထီးကနေ ကြဲချထားပြီး မပေါက်ကွဲသေးတဲ့ ဗုံးသီးကို ပြည်သူတွေ ထိခိုက်မှုမရှိစေဖို့ ဖယ်ရှားရှင်းလင်းပေးခဲ့တယ်လို့ JOKER ပြောက်ကျားတပ်ဖွဲ့က ရုပ်သံမှတ်တမ်းဖိုင်နဲ့တကွ လူမှုကွန်ရက်မှာ မျှဝေခဲ့ပါတယ်။
Read More

ကင်မ် ကီလို ၈၀ ပြေးသည့် Challenge တွင် ယူကေရောက်မြန်မာများ ပါဝင်အားဖြည့် (ရုပ်/သံ)

ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၀) ပြည့်မွေးနေ့ အထိမ်းအမှတ် Challenge အနေနဲ့ သားဖြစ်သူ ကင်မ်က ကီလို ၈၀ ပြည့်အောင် ပြေးနေပါတယ်။
Read More

မြိုင်ပကဖ ရဲ့ NCO အကြပ်သင်တန်း ဆင်းပွဲကျင်းပ (ရုပ်/သံ)

မြိုင်-ပကဖက ပကဖစုဖွဲ့မှုတပ် NCO အကြပ်သင်တန်း၊ အပတ်စဉ် (၁/၂၀၂၄) သင်တန်းဆင်းပွဲကို မတ်လ ၂၇ ရက်နေ့က ဒေသတွင်းတစ်နေရာမှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ 
Read More

နမ့်ဆန်မြို့နယ်အတွင်း လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၃ ဦး သေဆုံး (ရုပ်/သံ)

ရှမ်းပြည်မြောက်ပိုင်းရှိ TNLA ထိန်းချုပ်ထားတဲ့ နမ့်ဆန်မြို့နယ်အတွင်း စစ်ကော်မရှင်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၃ ဦး သေဆုံးခဲ့ရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။