စစ်ကိုင်းတိုင်း ဆားတောင်မြို့အနောက်ဘက်ကို အင်အား ၆၀ ခန့်နဲ့ စစ်ကြောင်းထိုးလာတဲ့ အကြမ်း ဖက်စစ်ကော်မရှင်တပ်သားတွေကို တိုက်ခိုက်ခဲ့ရာ ၅ ဦးထက်မနည်း သေဆုံးပြီး‌ သေနတ် ၁ လက် သိမ်းဆည်းရရှိခဲ့တယ်လို့ ဆားတောင်မိုးကြိုးပြည်သူကာကွယ်ရေးတပ်ဖွဲ့မှ သတင်းထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၃၁ ရက်က ဆားတောင်မြို့ကနေ အနောက်ဘက်သို့ စစ်ကြောင်းထိုးလာတဲ့ ရဲ၊ စစ်သားနဲ့ ပျူစောထီး အင်အား ၆၀ ခန့်ကို လမ်းတစ်နေရာမှာ စစ်ကိုင်းခရိုင်ကွပ်ကဲရေးစစ်ဌာနရဲ့ လမ်းညွတ်ချက်နဲ့ ဆားတောင်မိုးကြိုးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

တိုက်ပွဲ ၂ နာရီကြာ ဖြစ်ပွားခဲ့ပြီး စစ်ကော်မရှင်တပ်သား ၅ ဦးထက်မနည်းသေဆုံးပြီး ၁၀ ဦးခန့် ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ သိရပါတယ်။

တိုက်ခိုက်မှုအတွင်း Ma1 ၁ လက်၊ ၆၀ မမ ၂ လုံး၊ ကျဥ်အိမ် ၃ ခုနှင့် ဆက်စပ်ပစ္စည်းတွေ သိမ်းဆည်း ရရှိခဲ့တယ်လို့ သိရပါတယ်။

Video – ဆားတောင်မိုးကြိုးပြည်သူကာကွယ်ရေးတပ်ဖွဲ့

0 Shares:
You May Also Like
Read More

စစ်ရှောင်တွေရဲ့ တန်ဖိုးရှိပစ္စည်းတွေ ခိုးယူနေတဲ့ အကြမ်းဖက်စစ်တပ် ကာကင်းစခန်းကို တော်လှန်ရေးတပ်တွေ ဝင်ရောက်တိုက်ခိုက် (ရုပ်/သံ)

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ ဘုရားမဲစစ်ဆေးရေးဂိတ်အနီး အခိုင်အမာတပ်စွဲပြီး စစ်ရှောင် ပြည်သူတွေရဲ့ တန်ဖိုးရှိပစ္စည်းတွေကို ခိုးယူနေတဲ့ အကြမ်းဖက်စစ်တပ် ကာကင်းစခန်းကို အောက်တိုဘာ ၂၉ ရက် မနက်ပိုင်းက တော်လှန်ရေးတပ်တွေ ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ ရေဖြူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPPDF)ထံက သိရပါတယ်။
Read More

မုံရွာမြို့နယ် ဗောဓိတာဝါတိုင်ကုန်းစခန်းသိမ်းတိုက်ပွဲကို စစ်ကူလာနိုင်တဲ့အကြမ်းဖက်စစ်ကောင်စီတပ်စခန်းတွေကို ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း မုံရွာမြို့နယ် ဗောဓိတာဝါတိုင်ကုန်းစခန်းသိမ်းတိုက်ပွဲကို စစ်ကူလာနိုင်တဲ့ အကြမ်း ဖက်စစ်ကောင်စီတပ်စခန်းတွေကို ဖေဖော်ဝါရီ ၂၆ ရက် နံနက်ပိုင်းက ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တယ်လို့ Chindwin Dynamite (Salingyi) ထံက သိရပါတယ်။
Read More

ဖားကန့်တွင် စစ်တပ်ပစ်ခတ်သည့် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲပြီး ပြည်သူ ၁ ဦး သေဆုံး၊ ၃ ဦး ဒဏ်ရာရ (ရုပ်/သံ)

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် လုံးခင်းကျေးရွာရှိ ကောင်းပြည့်ဆီဆိုင်အနီး အကြမ်းဖက်စစ်တပ် ပစ်ခတ်တဲ့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲပြီး ပြည်သူ ၁ ယောက် သေဆုံးကာ ၃ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

ကျေးရွာ မီးရှို့ဖျက်ဆီးနေသည့် သီးလုံးပျူစောထီးများ၏ ကင်းစခန်းဘန်ကာအား RPG ဖြင့် ပြန်ထု (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ် အနောက်ခြမ်း သီးလုံးပျူကင်းစခန်းဘန်ကာကို ဖေဖော်ဝါရီ ၂၇ ရက် ဒီနေ့ မနက်ပိုင်းမှာ RPG လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ရွှေဘိုမြို့နယ် ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ထံက သိရပါတယ်။
Read More

ငါ့သရောက်တိုက်ပွဲအတွင်း စစ်တပ်စစ်ကြောင်းတစ်ခုလုံး တပ်ပျက်သည်အထိ အများအပြားသေဆုံး၊ PDF ရဲဘော် ၁ ယောက် ကျဆုံး (ရုပ်/သံ)

မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်၊ ငါ့သရောက်မြို့နယ်ခွဲအတွင်း စစ်ကြောင်းထိုးလာတဲ့ အကြမ်း ဖက်စစ်ကောင်စီစစ်ကြောင်းကို တော်လှန်ရေးတပ်တွေက တိုက်ခိုက်ခဲ့ရာ အများအပြားသေပြီး စစ်ကြောင်းတစ်ခုလုံး တပ်ပျက်သွားခဲ့တယ်လို့ Bagan Ogre Force အဖွဲ့ထံက သိရပါတယ်။
Read More

အင်းတော်မြို့မဘုန်းကြီးကျောင်းကို အကြမ်းဖက်စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲမှု ပြည်သူ ၂ ယောက်သေဆုံး (ရုပ်/သံ)

စစ်ကိုင်းတိုင်း အင်းတော်မြို့နယ် မြို့မဘုန်းကြီးကျောင်းကို အကြမ်းဖက်စစ်ကောင်စီတပ်က ဧပြီ ၁ ရက် ‌လေကြောင်းဗုံးကြဲမှု လုပ်ဆောင်ခဲ့တယ်လို့ Indaw Revolution-IR အဖွဲ့ထံက သိရပါတယ်။