စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်မှာ ငွေကြေးအလွဲသုံးစားလုပ်မှုအပါအဝင် အကြမ်းဖက်စစ်တပ် ထောက်တိုင်တွေနဲ့ ဆက်သွယ်မှုကြောင့် အခွန်တော်အရာရှိအပါ ၇ ယောက်ကို အရပ်ဘက်တရားစီရင်ရေးအတိုင်း စစ်ဆေးအရေးယူသွားဖို့ရှိတယ်လို့ ကန့်ဘလူမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

ကန့်ဘလူမြို့နယ်၊ အခွန်တော်အရာရှိဖြစ်သူ ဦးမြင့်ကျော် (ခ) အာခိုင်နဲ့ အခွန်တော်အဖွဲ့ဝင် ၆ ယောက်ကို ငွေကြေးအလွဲသုံးစားလုပ်ဆောင်မှု အပါအဝင် အချက် ၅ ချက်နဲ့ ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၂ ရက်နေ့က ကန့်ဘလူမြို့နယ် တော်လှန်ရေးအင်အားစုတွေက ဖမ်းဆီးခဲ့ပါတယ်။

ငွေကြေးအလွဲသုံးစားလုပ်မှုအပါအဝင် လုပ်ပိုင်ခွင့်အာဏာအသုံးချ မလျော်ဩဇာပြုလုပ်မှု၊ မြို့နယ်ပအဖတံဆိပ်စည်း အတုပြုလုပ်မှု၊ သက်သေခံပစ္စည်းတွေ ဖျောက်ဖျက်မှုနဲ့ အကြမ်းဖက်စစ်ကောင်စီ ထောက်တိုင်တွေဆီ ဆက်သွယ်မှုစတဲ့ အချက် (၅) ချက်နဲ့ အရေးယူသွားမှာဖြစ်တယ်လို့လည်း သိရပါတယ်။

အခွန်တော်အရာရှိ ဦးမြင့်ကျော်နဲ့ ပါဝင်သူတွေဟာ ပြီးခဲ့တဲ့ ကန့်ဘလူမြို့နယ် ပအဖ တာဝန်ခံ ရှိချိန်ကစလို့ ၂၀၂၅ ခုနှစ် စက်တင်ဘာလအထိ အခွန်ငွေကရရှိတဲ့ ငွေကြေးတွေကို နည်းလမ်းမျိုးစုံနဲ့ ကိုယ်ကျိုးအတွက် အသုံးချခဲ့တယ်လို့လည်း ကန့်ဘလူပအဖ တာဝန်ရှိသူကပြောပါတယ်။

” ငွေကြေးအလွဲသုံးစားလုပ်တဲ့ အမောင့်က ခန့်မှန်းရခက်တယ်ဗျ။ ပြီးခဲ့တဲ့ ကန့်ဘလူပအဖ တာဝန်ခံ လက်ထက်ကတည်းကနေ ဒီနှစ် ပြီးခဲ့တဲ့လအထိ လုပ်ခဲ့တာပါ။ သစ်ကားသမားတွေကို အခွန်မဆောင်ခိုင်းဘဲ သူ့အိတ် (ထဲ) ထည့်တယ်။ မြို့ပေါ်လုပ်ငန်းရှင်တွေဆီက ပိုက်ဆံတောင်းတယ်။ အဲ့ငွေတွေက မြို့နယ် အခွန်ငွေထဲမဝင်ဘူးပေါ့။ ဘယ်လောက်လုပ်ထားလလဲဆိုတာလည်း မှန်းဆရခက်တယ်။ နောက်ပြီး အခွန်ရတဲ့ ချလံဖြတ်ပိုင်းတွေကို စည်းတံဆိပ်အတုလုပ်ပြီး သူ့စိတ်ကြိုက်အမောင့်ပြန်ပြင်ရေးတယ်။ ပြီးမှ မြို့နယ်ပအဖ ဘဏ္ဍာတာဝန်ခံအထိ အပ်တယ်။ အစစ်တွေကို မီးရှို့တယ်။ ဝင်ဖမ်းတော့ သူ့စာရေးမက အိမ်သာထဲပစ်ချတာ ရဲဘော်တွေက လိုက်ကောက်ရတယ်။ သက်သေခံပစ္စည်းအနေနဲ့ ပလဖအထိ အပ်ထားလိုက်ပါပြီ” လို့ ကန့်ဘလူမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

ဒီဖမ်းဆီးမှုကို မြေပြင်အခြေအနေတွေအရ စစ်ဘက်ဆိုင်ရာခရိုင်ကွပ်ကဲရေး တာ၀န်ရှိသူတွေ၊ တပ်ရင်းတပ်ဖွဲ့တွေနဲ့ ညှိနှိုင်းဆောင်ရွက်ခဲ့တာဖြစ်ပြီး လက်ရှိ ကန့်ဘလူပလဖ အချုပ်ခန်းမှာ ချုပ်နှောင်ဖမ်းဆီးထားကာ စစ်ဆေးပေါ်ပေါက်ချက်တွေအရ အရပ်ဖက်တရားစီရင်ရေးကို လွှဲပြောင်းအရေးယူသွားမယ်လို့လည်း သိရပါတယ်။

အခွန်တော်အရာရှိအနေနဲ့ အလွဲသုံးစားလုပ်ထားတဲ့ငွေတွေထဲကနေ အိမ်ဆောက်တာ၊ ကား ၄စီးထက်မနည်း ဝယ်တာတွေအပြင် အကြမ်းဖက်စစ်တပ်အရာရှိဗိုလ်ကတော်တွေ၊ Non CDM ရဲတွေနဲ့ပေါင်းပြီး စီးပွားရေးလုပ်တာမျိုးတွေလည်း ရှိခဲ့တယ်လို့ ကန့်ဘလူမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။

“လက်ရှိကတော့ အရပ်ဘက်တရားစီရင်ရေးကို လွှဲပြောင်းထားတယ်။ အရပ်ဖက်တရားစီရင်ရေးက သက်သေခံအနေနဲ့သူတို့ အလွဲသုံးစားလုပ်တဲ့ ပေါ်ပေါက်ချက်တွေနဲ့ တရားစွဲဖို့လုပ်နေတယ်ပေါ့။ ပေါ်ပေါက်ချက်အတိုင်း ပြစ်မှုပြစ်ဒဏ်ကိုကျခံရမှာပါ” လို့ ကန့်ဘလူမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူက မောင်းကိုပြောပါတယ်။

လက်ရှိဆောင်ရွက်ထားတဲ့ အခြေအနေအရပ်ရပ်ကိုလည်း ပြည်ထဲရေး၀န်ကြီးဌာနအပါအဝင် သက်ဆိုင်ရာ၀န်ကြီးဌာတွေဆီ တင်ပြခဲ့ပြီးဖြစ်သလို အရပ်ဖက်တရားစီရင်ရေးစနစ်အတိုင်း မလိုက်နာခဲ့မှုအတွက် ကြားကာလဗဟိုကော်မတီရဲ့ သတိပေးစာကိုလည်း ကောင်းမွန်စွာလက်ခံရရှိကြောင်းနဲ့ နောက်နောင် ထပ်မဖြစ်စေဖို့ အထူးဂရုစိုက်ဆောင်ရွက်သွားမှာဖြစ်ကြောင်း ကန့်ဘလူမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

မြဝတီမြို့မှာ BGF ကားနဲ့ ဆိုင်ကယ်တစ်စီး တိုက်မိပြီး ကလေးငယ်အပါဝင် ၂ ယောက် သေဆုံးကာ BGF ကား မောင်းပြေးသွား..

ကရင်ပြည်နယ်၊ မြဝတီမြို့ အာရှလမ်းပေါ်က ရတနာ ထမင်းဆိုင်အရှေ့မှာ စစ်ကောင်စီလက်အောက်ခံ BGF တပ်တွေ မောင်းလာတဲ့ကားနဲ့ ဆိုင်ကယ်တိုက်မိပြီး ဆိုင်ကယ်စီးနင်းသူအမျိုးသမီး နဲ့ ဆိုင်ကယ်ပေါ် ပါလာတဲ့ အသက် ၁၃ နှစ်ရှိတဲ့ ကလေးငယ်တို့ နေရာမှာပဲ ပွဲချင်းပြီးသေဆုံးကာ BGF ကားက ထွက်ပြေးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
Read More

နိုဝင်ဘာ (၁) လအတွင်း စစ်ကောင်စီတပ် လေကြောင်းဗုံးကြဲမှုကြောင့် TNLA ထိန်းချုပ်ရာ နယ်မြေတွေမှာ ဒေသခံ (၃၈) ယောက် သေဆုံး၊ အယောက် (၇၀) ဒဏ်ရာရ၊ နေအိမ် (၁၃၀)လုံး ပျက်စီးခဲ့

တအာင်းတပ်မတော် TNLA ထိန်းချုပ်စိုးမိုးရာ နယ်မြေမှာ နိုဝင်ဘာလ (၁)လအတွင်း စစ်ကောင်စီတပ်ရဲ့ လေကြောင်းက ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံ (၃၈) ယောက် သေဆုံးပြီး အယောက် (၇၀) ဒဏ်ရာရရှိကာ နေအိမ် (၁၃၀)လုံး ထိခိုက်ပျက်စီးခဲ့တယ်လို့ TNLA က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

ရန်ကုန်က ကန်တော်ကြီး ပြည်သူ့ဥယျာဥ်မှာ သံအမတ်ကြီး ဦး‌ကျော်မိုးထွန်းကို ထောက်ခံကြောင်း ဆန္ဒထုတ်ဖော် (ဓာတ်ပုံသတင်း)

ရန်ကုန်တိုင်း၊ ဗဟန်းမြို့နယ် ကန်တော်ကြီး ပြည်သူ့ ဥယျာဥ်မှာ သံအမတ်ကြီး ဦးကျော်မိုးထွန်းကိုသာ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ သံအမတ်ကြီးဖြစ်တယ်လို့ ထောက်ခံကြောင်း ဆန္ဒဖော်ထုတ်မှု တစ်ရပ်ကို ပြုလုပ်ခဲ့တယ်လို့ Sanchaung New Generation ဆီက သိရပါတယ်။
Read More

ရွှေကုက္ကိုလ်ရှိ ၁၂ ထပ် ကျားဖြန့် အဆောက်အအုံကို အကြမ်းဖက် စစ်ကော်မရှင် ဖြိုချပြ

ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့တစ်ဖက်ကမ်း ရွှေကုက္ကိုလ်နယ်မြေရှိ အွန်လိုင်းလိမ်လည်လုပ်ငန်းတွေ လုပ် ဆောင်ရာမှာ အသုံးပြုခဲ့တဲ့ ၁၂ ထပ်အဆောက်အအုံတစ်ခုကို အကြမ်းဖက်စစ်တပ်က ဒီနေ့မှာ ဖောက်ခွဲဖြိုချပြခဲ့ပါတယ်။
Read More

သီပေါမြို့တွင် စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ဗုံးများ လာရောက်ကြဲချတိုက်ခိုက်ဟု TNLA ထုတ်ပြန်

ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့မှာ အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်းနဲ့ ဗုံး (၃)လုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့တယ်လို့ တအာင်းတပ်မတော် (TNLA) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ဗန်းမော်က စစ်ကောင်စီရဲ့ အမှတ် (၅၀၁၄) တင့်ကားတပ်ရင်းကို KIA ဦးဆောင်တဲ့ တော်လှန်ရေးတပ်တွေ သိမ်းပိုက်

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်က အကြမ်းဖက်စစ်ကောင်စီရဲ့ အမှတ် (၅၀၁၄) တင့်ကားတပ်ရင်းကို ကချင်လွတ်လပ်ရေးတပ်မတော် KIA ဦးဆောင်တဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ အပြီးသတ် သိမ်းပိုက်လိုက်ပြီဖြစ်တယ်လို့ ရှေ့တန်းစစ်ရေးသတင်းရင်းမြစ်ဆီက သိရပါတယ်။