လာမည့် အာဆီယံအလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ယူမယ့် ဖိလစ်ပိုင်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံရဲ့ လက်ရှိအကြပ်အတည်းအတွက် ငြိမ်းချမ်းပြီး ရေရှည်တည်တံ့တဲ့ ဖြေရှင်းချက်တခုကို ရှာဖွေနိုင်ရေး အားထုတ်မှုတွေ ဆက်လက်လုပ်ဆောင်သွားမယ်လို့ သမ္မတ ဖာဒီနန် မားကို့စ် ဂျူနီယာက ပြောပါတယ်။

သမ္မတမားကို့စ်က မြန်မာ့အခြေအနေကို “အာဆီယံရဲ့ မပျောက်နိုင်သေးတဲ့ ဒဏ်ရာတရပ်” အဖြစ် ထောက်ပြပြောဆိုခဲ့ပြီး အာဆီယံအဖွဲ့အနေနဲ့ ဒီကိစ္စကို အနီးကပ် အာရုံစိုက်နေရမည်ဖြစ်ကြောင်း၊ အခြေခံချဉ်းကပ်မှုက ထိတွေ့ဆက်ဆံရေးသာ ဖြစ်သင့်ကြောင်း အလေးထားပြောကြားခဲ့တယ်လို့ မလေးရှားသတင်းဌာန Bernama က အောက်တိုဘာ ၃၀ ရက်မှာ ဖော်ပြပါတယ်။

Bernama နဲ့ အထူးသီးသန့်တွေ့ဆုံမေးမြန်းမှုအတွင်း ၎င်းက “ပြည်တွင်းစစ်ကြောင့် ဖြစ်လာရတဲ့ ဘေးဒုက္ခတွေကို ကျွန်တော်တို့ အိမ်နီးချင်းနိုင်ငံက ခံစားနေရတာကို ကြည့်ပြီး နာကျင်ရပါတယ်။ ဒါကြောင့်မို့ ကျွန်တော်တို့ဟာ သက်ဆိုင်သူအားလုံးနဲ့ ဆက်လက်ထိတွေ့ဆက်ဆံရပါမယ်၊ စကားဆက်ပြောရပါမယ်၊ ပြီးတော့ အခြေအနေကို ဖြေရှင်းဖို့ ရှေ့ဆက်မယ့် နည်းလမ်းသစ်တွေကို ရှာဖွေရပါမယ်။ ဒါဟာ ကျွန်တော်တို့ အာဆီယံဥက္ကဋ္ဌ တာဝန်ယူနေစဉ်အတွင်း လုပ်ဆောင်သွားဖို့ ရည်ရွယ်ထားတာပါ” လို့ ပြောကြားခဲ့ပါတယ်။

အာဏာသိမ်းပြီးနောက် နိုင်ငံရေးအကျပ်အတည်းတွေကြောင့် မြန်မာကိုကျော်ပြီး လာမည့်နှစ်မှာ အာဆီယံရဲ့ အလှည့်ကျဥက္ကဋ္ဌတာဝန်ကို ဖိလစ်ပိုင်က မလေးရှားဆီကနေ လက်လွှဲယူမှာဖြစ်ပါတယ်။

ဖိလစ်ပိုင်က ဥက္ကဋ္ဌအဖြစ် တာဝန်ယူချိန်မှာ မြန်မာ့နိုင်ငံရေးခေါင်းဆောင်တွေ အာဆီယံထိပ်သီးအစည်းအဝေးကို တက်ရောက်လာမှာလားလို့ မေးမြန်းရာမှာ သမ္မတမားကို့စ်က “ကျွန်တော် အဲဒါကို မြင်ချင်ပါတယ်။ ကျွန်တော်ဟာ စိတ်ရင်းအမှန်နဲ့ အကောင်းမြင်သူတယောက်ပါ၊ ကျွန်တော်တို့ အဲဒီအဆင့်ကို ရောက်နိုင်မယ်လို့ မျှော်လင့်ပါတယ်” လို့ ဆိုပါတယ်။

လက်ရှိ အာဆီယံဟာ ဘုံသဘောတူညီချက်တွေ လိုက်နာခြင်းမရှိတဲ့ စစ်အုပ်စုကို ၎င်းတို့ရဲ့ ထိပ်သီးအစည်းအဝေးတွေမှာ နိုင်ငံရေးကိုယ်စားလှယ်တွေ တက်ရောက်ခွင့် ပိတ်ပင်ထားတာကြောင့် ပြီးခဲ့တဲ့ အောက်တိုဘာ ၂၆ ကနေ ၂၈ ရက်အထိ ကွာလာလမ်ပူမှာ ကျင်းပခဲ့တဲ့ အာဆီယံအစည်းအဝေးတွေကို စစ်အုပ်စုခန့် မြန်မာနိုင်ငံခြားရေးအတွင်းဝန် ဦးဟောက်ခန့်ဆမ် ဆိုသူက တက်ရောက်ခဲ့ပါတယ်။

အာဆီယံအနေနဲ့ မြန်မာ့အရေးမှာ လုပ်ဆောင်နိုင်မှု အကန့်အသတ်တွေတွေ ရှိပေမဲ့ “မြန်မာနိုင်ငံမှာ ဘယ်သူပဲရှိနေ (အုပ်ချုပ်နေ)ပါစေ၊ ကျွန်တော်တို့က တံခါးပိတ်ပြီး နားမထောင်ဘူး လို့ ပြောလို့မရပါဘူး။ အစိုးရနဲ့ အုပ်ချုပ်ရေးယန္တရားတင်မကဘဲ အတိုက်အခံပါတီတွေ အပါအဝင် သက်ဆိုင်သူအားလုံးနဲ့ ဆက်လက်ထိတွေ့ရပါမယ်။ မြန်မာနိုင်ငံအတွက် အကောင်းဆုံးရလဒ်ကတော့ သူ့ရဲ့စီးပွားရေး၊ ပြည်သူလူထုနဲ့ ငြိမ်းချမ်းရေးတွေမှာ အကျိုးရှိစေဖို့ အာဆီယံအဖွဲ့ထဲကို အပြည့်အဝ ပြန်လည်ပေါင်းစည်းနိုင်ဖို့ပါပဲ” လို့ မားကို့စ်က ပြောပါတယ်။

မြန်မာ့အရေးဟာ မကြာသေးမီနှစ်တွေမှာ “အနည်းငယ် နှေးကွေးနေတယ်” လို့ သူက ဝန်ခံထားပြီး မကြာသေးမီက ဖြစ်ပေါ်တိုးတက်မှုတွေဟာ အားတက်စရာပဲ လို့၎င်းက ဆိုပါတယ်။

“ပြီးခဲ့တဲ့နှစ်အတွင်းမှာ တိုးတက်မှုရှိတဲ့ လှုပ်ရှားမှုအချို့ကို ကျွန်တော်တို့ မြင်တွေ့ခဲ့ရပါတယ်။ ဒါကြောင့်မို့ ဒီလမ်းကြောင်းအတိုင်း ဆက်သွားနေမယ်ဆိုရင် အခြေအနေ‌တွေ ဒီထက်ပိုကောင်းလာစေမှာ သေချာပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ ရပ်တန့်လို့မရပါဘူး” လို့ သူကပြောပါတယ်။
News-Bernama

0 Shares:
You May Also Like
Read More

နယ်စပ်က မြန်မာဒုက္ခသည်များ၏ ကျန်းမာရေးအတွက် ဘတ် သန်း ၁၆၀ အသုံးပြုရန် ထိုင်းအစိုးရလျာထား

ထိုင်း-မြန်မာနယ်စပ်တလျှောက်က ဒုက္ခသည်စခန်း ၇ ခုမှာ နေထိုင်ကြတဲ့ မြန်မာဒုက္ခသည် ၇ သိန်းအတွက် ကျန်းမာရေးစောင့်ရှောက်မှု ပိုမိုရရှိစေရေး ထိုင်းအစိုးရရဲ့ ပြည်သူ့ကျန်းမာရေးဝန်ကြီးဌာနအနေနဲ့ ဘတ် သန်း ၁၆၀ ခွဲဝေချထားဖို့ စီစဉ်နေကြောင်း ဘန်ကောက်ပို့စ်မှာ ဖော်ပြပါတယ်။
Read More

စစ်တပ်၏ အတုအယောင်ရွေးကောက်ပွဲကို လုံးဝပယ်ချရန် ကုလအစည်းအဝေးတွင် ဦးကျော်မိုးထွန်း တိုက်တွန်း

အကြမ်းဖက်စစ်တပ်ရဲ့ အတုအယောင် ရွေးကောက်ပွဲကို လုံးဝပယ်ချပြီး ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ဖို့ ကြိုးပမ်းဆောင်ရွက်နေတဲ့ မြန်မာပြည်သူတွေရဲ့ အားထုတ်မှုကို ထောက်ခံပေးဖို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက ကုလအစည်းအဝေးမှာ တိုက်တွန်း ပြောဆိုလိုက်ပါတယ်။
Read More

ဝိုင်းဝန်းကန့်ကွက်နေတဲ့ကြားက စစ်ကောင်စီ အာဆီယံအစည်းအဝေး ၅၀၀ ကျော် တက်ရောက်ခွင့်ရခဲ့

အာဆီယံအစည်းအဝေးတချို့မှာ စစ်အုပ်စု ပါ၀င်တက်ရောက်နေခြင်းကို အမြန်ဆုံး ရပ်တန့်ပေးဖို့ အရပ်ဘက်အဖွဲ့အစည်း ၂၃၇ ဖွဲ့က တောင်းဆိုလိုက်ပါတယ်။
Read More

မလေးရှား နိုင်ငံခြားရေးဝန်ကြီး အာဏာသိမ်းစစ်အုပ်စုနှင့် တွေ့ရန် နေပြည်တော်လာ

မလေးရှားနိုင်ငံခြားရေးဝန်ကြီးဟာ စစ်အုပ်စုရဲ့ လာမယ့်ရွေးကောက်ပွဲကိစ္စတွေနဲ့ ရပ်တန့်နေတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အခြေအနေတွေနဲ့ ပတ်သက်ပြီး တွန်းအားပေးပြောဆိုဖို့ ကြာသပတေးနေ့မှာ နေပြည်တော်ကို သွားရောက်မယ့်အကြောင်း မလေးရှားအစိုးရက ထုတ်ပြန်ထားပါတယ်။
Read More

မြန်မာပြည်သူများ၏ တော်လှန်ရေးအပေါ် ဝင်ရောက်စွက်ဖက်နေသည့် တရုတ်အစိုးရအား ဆန်ဖရန်စစ္စကို တရုတ်ကောင်စစ်ဝန်ရုံးရှေ့တွင် ဆန္ဒပြ

“China! Get out of Our Country, Burma” မြန်မာ့အချုပ်အခြာကို ထိပါးလာသော တရုတ်ကွန်မြူနစ်အစိုးရအား နည်းမျိုးစုံနဲ့ မောင်းထုတ်ကြခေါင်းစဉ်နဲ့ ဆန္ဒပြပွဲကို Free Burma Action Committee - Northern California က ဦးဆောင်ပြီး အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ်၊ ဆန်ဖရန်စ္စကိုမြို့က တရုတ်ကောင်စစ်ဝန်ရုံးရှေ့မှာ ပြုလုပ်ခဲ့ကြပါတယ်။
Read More

အီတလီလွှတ်တော်မှာ ကိုထိန်လင်းက မိခင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးနှင့် မြန်မာ့ဒီမိုကရေစီအရေး ကူညီရန် ပြောဆိုခဲ့

အီတလီနိုင်ငံအမျိုးသားလွှတ်တော်မှာ ကိုထိန်လင်း(ခေါ်) ကင်မ်အဲရစ်က မိခင်ဖြစ်သူ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးနဲ့ မြန်မာ့ဒီမိုုကရေစီအရေးအတွက် သွားရောက်ပြောဆိုခဲ့တယ်လို့ သူ့ရဲ့ လူမှုကွန်ရက်မှာ ရေးသားဖော်ပြထားပါတယ်။