ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့နယ်ရှိ ရွှေပေါက္ကံနယ်မြေရဲစခန်းကို သွားရောက်ဖောက်ခွဲတိုက်ခိုက်မှုမှာ လှည့်ကင်းထွက်ဖို့လုပ်နေတဲ့ ရဲတွေ ထိခိုက်သွားတယ်လို့ Yangon Army (YA) တာဝန်ရှိသူက မောင်းကိုပြောပါတယ်။

အောက်တိုဘာလ ၃၁ရက် မနေ့ညပိုင်းက အကြမ်းဖက်စစ်ကော်မရှင်လက်ပါးစေ ရွှေပေါက္ကံနယ်မြေရဲစခန်းကို ပြောက်ကျားတပ်ဖွဲ့ဝင်တွေက လက်ပစ်ဗုံး ၁လုံးပစ်ခတ်မှုနဲ့အတူ ပြင်းအားမြင့်မိုင်း ၂ခုနဲ့ဖောက်ခွဲတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

အဲ့ဒီတိုက်ခိုက်မှုကြောင့် ဆိုင်ကယ်တွေနဲ့ကင်းလှည့်ဖို့ လုပ်ဆောင်နေတဲ့ အကြမ်းဖက်ရဲတပ်ဖွဲ့ဝင်တွေ ထိခိုက်ခဲ့တာပါ။

“ယူနီဖောင်းအနက်ဝတ်ရဲတွေက ညဘက် ၁၀နာရီဝန်းကျင်ဆိုရင် ဆ်ိုင်ကယ်တွေနဲ့ ကင်းပတ်ထွက်နေကြပါ။ ဆိုင်ကယ်၄၊ ၅ စီးနဲ့ ထွက်တာ၊ ၁စီး ကို ၂ကောင်စီးတယ်။ အဲ့နေ့က ဒီကောင်တွေ ကင်းပတ်ထွက်မယ့်အချိန်ကို စောင့်ပြီးဆော်ထည့်လိုက်တာ ၊ အနည်းဆုံး ၂ ကောင်တော့ တိုက်ရိုက်ထိနိုင်တယ်။ ဆိုင်ကယ်နဲ့ ထွက်ထွက်ခြင်း ဆော်လိုက်တာဆိုတော့ အနည်းဆုံးကိုပြောပြတာပါ” လို့ Yangon Army (YA) တာဝန်ရှိသူက မောင်းကိုပြောပါတယ်။

ဒီတိုက်ခိုက်မှုကို Yangon Army (YA) နဲ့အတူ အနောက်ပိုင်းခရိုင် ပကဖတို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာလည်း ဖြစ်ပါတယ်။

ပုံစာ- ရွှေပေါက္ကံနယ်မြေရဲစခန်း (ပုံဟောင်း)

အကြမ်းဖက်စစ်တပ်ရဲ့ အတုအယောင်ရွေးကောက်ပွဲ နီးကပ်လာမှုနဲ့အတူ Yangon Army (YA) အပါအဝင် ရန်ကုန်ပြောက်ကျားတပ်ဖွဲ့ဝင်တွေရဲ့ စစ်ရေးဖော်ဆောင်မှုတွေ ခပ်စိပ်စိပ်ရှိလာတာဖြစ်ပြီး ပြီးခဲ့တဲ့ စက်တင်ဘာလကစလို့ အကြမ်းဖက်စစ်တပ်လက်ပါးစေ အုပ်ချုပ်ရေးမှူးရုံးတွေ၊ ရဲစခန်းတွေနဲ့အတုယောင်ရွေးကောက်ပွဲ ဝင်ပြိုင်မယ့် ပါတီရုံးတွေ ဆက်တိုက်တိုက်ခိုက်ခံလာရပါတယ်။

ဒါ့အပြင် အတုယောင်ရွေးကောက်အတွက် အကြမ်းဖက်စစ်တပ်ကို ထောက်ခံကူညီနေကြတဲ့ ဝါဒဖြန့်သရုပ်ဆောင်နဲ့ ထောက်တိုင်တွေကိုလည်း ပြင်းပြင်းထန်ထန် အရေးယူသွားမယ်လို့ Yangon Army (YA) နဲ့ ပြောက်ကျားတပ်ဖွဲ့တွေက ပြောထားပါသေးတယ်။

” ပြည်သူတွေအနေနဲ့ ရွေးကောက်ပွဲ မဲဆွယ်တဲ့ပွဲတွေ လုံးဝမသွားကြဖို့ အထူးမှာကြားချင်ပါတယ်။ ရွေးကောက်ပွဲနဲ့ဆိုင်တဲ့ ပစ်မှတ်တွေ ဆက်လက်တိုက်ခိုက်သွားမှာမလို့ပါ ” လို့ Yangon Army (YA) တာဝန်ရှိသူက မောင်းကိုပြောခဲ့ပါတယ်။

0 Shares:
You May Also Like
Read More

ဖယ်ခုံမှာ စစ်ကောင်စီတပ်က လက်နက်ကြီး ပစ်ခတ်မှုကြောင့် ၂ နှစ်အောက် ကလေး ၂ ယောက်အပါ ဒေသခံ ၇ ယောက် သေဆုံးခဲ့…

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီတပ်က တိုက်ပွဲမဖြစ်ပွားဘဲ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ၂ နှစ်အောက် ကလေး ၂ ယောက်အပါ ဒေသခံပြည်သူ ၇ ယောက် သေဆုံးခဲ့တယ်လို့ ဖယ်ခုံမြို့နယ်ပြည်သူ့ကာကွယ်ရေး တပ်ရင်း-၂ ( တပ်ရင်းအမှတ် - ၁၀၀၆ ) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

တောင်​ငူလေတပ်စခန်းဌာနချုပ်ကို ၆ကြိမ်မြောက် တိုက်ခိုက်မှုမှာ စစ်ကောင်စီအရာရှိများ ထိခိုက်သေဆုံး၊ လေယာဉ်များနှင့် အ​​ဆောက်အအုံများလည်း ထိခိုက်ပျက်စီး

ပဲခူးတိုင်း၊ တောင်ငူမြို့နယ်က တောင်ငူ(ကေတုမတီ) လေတပ်စခန်းဌာနချုပ်ကို ၆ကြိမ်မြောက် ရှော့တိုက်ဒုံး ပစ်ခတ်တိုက်ခိုက်မှုမှာ လေတပ်ဦးစီးအရာရှိ ၁ယောက်အပါအဝင် သေဆုံးသူ ၇ယောက် ရှိခဲ့ပြီး ထိခိုက်ဒဏ်ရာပြင်းထန်သူ ၁၀ယောက်အထိရှိခဲ့တယ်လို့ သိရပါတယ်။
Read More

ဝက်လူးနယ်မြေရဲစခန်းကို လာသည့် အကြမ်းဖက်စစ်ကြောင်းနဲ့ တိုက်ပွဲများ ဖြစ်ပွား၊ စစ်ကောင်စီတပ်က ၁၃ ဦးသေပြီး ဒုတပ်ကြပ်ကို အရှင်ဖမ်းမိ၊ ရဲ ၁ ဦးအလင်းဝင်ပြီး စစ်မှုထမ်းဆင်း စစ်သား ၂ ဦးကို ကယ်ထုတ်နိုင်ခဲ့

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊ ဝက်လူးနယ်မြေရဲစခန်းကို စစ်ကူလာတဲ့ အကြမ်းဖက်စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့ရာ  တိုက်ပွဲတွေအတွင်း စစ်တပ်က ၁၃ ယောက်သေဆုံးပြီး ဒုတပ်ကြပ် ၁ ယောက် အရှင်ဖမ်းဆီးရမိခဲ့တယ်လို့ မြင်းခြံခရိုင် အမှတ် (၄) တပ်ရင်းက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ရွှေဘိုမြို့နယ် ပကဖ မှ သီတင်းကျွတ်လပြည့်နေ့မှာ ကျဆုံးရဲဘော် ၁၂၃ ဦးကို ရည်စူးပြီး ကောင်းမှုကုသိုလ် ပြုလုပ်ပေးခဲ့

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)မှ နွေဦးတော်လှန်ရေးကာလအတွင်း စစ်အာဏာရှင်ကို ရွပ်ရွပ်ချွန်ချွန် တိုက်ပွဲဝင်ရင်း ကျဆုံးခဲ့ရတဲ့ ပကဖ ရဲဘော်တွေကို ရည်စူးပြီး ကောင်းမှုကုသိုလ် ပြုလုပ်ပေးခဲ့တယ်လို့ ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

စစ်အုပ်စု၏ အတုအယောင်ရွေးကောက်ပွဲကို ဆန့်ကျင်ကြောင်း ကြားကာလ ချင်းအမျိုးသား အတိုင်ပင်ခံကောင်စီ ထုတ်ပြန်၊ ဟန်ပြရွေးကောက်ပွဲတွင် ပူးပေါင်းသူများကို စစ်ရာဇဝတ်မှု ကိုယ်တိုင်ကျူးလွန်သူများအဖြစ် ပြည်သူများ သတ်မှတ်မည်ဟု သတိပေး

အကြမ်းဖက်စစ်အုပ်စုရဲ့ အတုအယောင်ရွေးကောက်ပွဲကို ဆန့်ကျင်ကန့်ကွက်ကြောင်း သဘောထားထုတ်ပြန်ချက်ကို ကြားကာလ ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ (ICNCC) က ဒီနေ့ရက်စွဲနဲ့ ထုတ်ပြန်ထားပါတယ်။
Read More

ပုလောမြို့နယ် လက်ပံ့ပြင်ကျေးရွာကို စစ်ကောင်စီတပ် ဗုံးကြဲမှုကြောင့် ဒေသခံ ၁ ဦး သေဆုံးပြီး ၃ ဦး ထိခိုက်ဒဏ်ရာရ၊ ဘာသာရေး အဆောက်အအုံတစ်လုံး ပျက်စီး

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုကြောင့် အမျိုးသား ၁ ယောက် သေဆုံးပြီး ၁၀ နှစ်အောက် ကလေးငယ် ၂ ယောက်အပါအဝင် ၃ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) မြိတ်ထားဝယ်ခရိုင် က ထုတ်ပြန်ပါတယ်။