ရှမ်းပြည်နယ်တောင်ပိုင်း ရွာငံမြို့နယ်အတွင်းမှာ စစ်တပ်နဲ့ ဒေသခံကာကွယ်ရေးတပ်တို့ အပြန်အလှန် ထိတွေ့ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး စစ်တပ်ဘက်မှ ထိခိုက်သေ‌ဆုံးသူတွေရှိတယ်လို့ DANU STATE NATIONAL DEFENCE ARMY တပ်ဖွဲ့က ဒီနေ့ နိုဝင်ဘာ ၁ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

‌အောက်တိုဘာ ၃၀ ရက် နေ့လယ် ၂ နာရီလောက်မှာ ရနဲကျေးရွာအနီး ရိက္ခာသယ်ပြီးပြန်လာတဲ့ စစ်ကော်မရှင်တပ်နဲ့ ကာကွယ်ရေးတပ်တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တာဖြစ်ပြီး၊ စစ်ကော်မရှင်တပ်ဘက်က ၂ ဦးသေဆုံး ၁ ဦးထိမှန်ဒဏ်ရာရကာ MA -1 တစ်လက်ကို သိမ်းဆည်းရရှိခဲ့တယ်လို့ ဆိုပါတယ်။

” ပွဲဖြစ်ချိန်က သိပ်မကြာလိုက်ဘူး ၅ မိနစ်လောက်ပဲ ပစ်ခတ်မှုကတော့၊ အင်အားတော့ အတိကျမသိရဘူးဗျ ၊ ရှေ့ကဆိုင်ကယ်သုံးစီးတော့ပါတယ်ဗျ၊ ကျန်တာတော့ခြေလျင်ပဲ” လို့ DSNA တပ်ဖွဲ့မှ သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ကိုကျားပျံက မောင်း သတင်းဌာနကို ပြောပါတယ်။

ပုံစာ – တိုက်ပွဲအတွင်းသိမ်းဆည်းရရှိသည့် လက်နက်

ပစ်ခတ်မှုအတွင်း စစ်ကော်မရှင်တပ်သားသေဆုံးတာနဲ့ ပတ်သက်ပြီး လက်နက်သွားရောက်ကောက်ယူတဲ့အချိန်မှာ သေဆုံးနေတဲ့ စစ်ကော်မရှင်တပ်သားရဲ့ ရုပ်အလောင်းကို တွေ့ရှိခဲ့တာဖြစ်တယ်လို့လည်း ဆိုပါတယ်။

ပစ်ခတ်မှုဖြစ်ပွားပြီးတဲ့နောက် စစ်ကော်မရှင်တပ်သားတွေဟာ မင်းပလောင်ဘက်ကို ပြန်လည်ဆုတ်ခွာသွားတယ်လို့ ဆိုပါတယ်။

“သတင်းရလို့ ကြိုစောင့်တာမျိုးတော့ မဟုတ်ဘူးဗျ၊ ကျနော်တို့ ခရီးတစ်ခုသွားရင်းနဲ့ အဲလိုမျိုး ထိပ်တိုက်တွေ့လိုက်တာ၊ ဒီစစ် **တွေ လာနေတာကို ကျနော်တို့ပွိုင့်က မြင်တာနဲ့ လမ်းဘေးကပ်ပြီးတော့ ပစ်ခတ်ခဲ့ကြတာ” လို့ သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ကိုကျားပျံက ဆက်ပြောပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၂၇ ရက်နေ့ကလည်း စစ်အင်အား ၂၀၀ ကျော်နဲ့ တောင်ဦးရွာကနေ ရနဲကျေးရွာဘက်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကော်မရှင်တပ်သားတွေကို DSNA တပ်ဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့သလို ၊ လက်နက်ငယ်များဖြင့်လည်း ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့လည်း ဆိုပါတယ်။

0 Shares:
You May Also Like
Read More

အာဏာရှင်သန်းရွှေ တည်ဆောက်ခဲ့သည့် နေပြည်တော်ကို အာဏာရှင် မင်းအောင်လှိုင်က အကွက်ချပြီး မြို့သစ်ပြန်တည်မည်…

စစ်ကိုင်းငလျင်ကြောင့် ပြိုကျပျက်စီးမှုတွေ ရှိခဲ့တဲ့ နေပြည်တော်ကို အကြမ်းဖက် မင်းအောင်လှိုင်က အကွက်ချပြီး မြို့သစ်ပြန်တည်မယ်လို့ မနေ့က ပြုလုပ်ခဲ့တဲ့ အကြမ်းဖက်စစ်ကောင်စီရဲ့ ပြည်ထောင်စုအစိုးရအဖွဲ့ လုပ်ငန်းညှိနှိုင်း အစည်းအဝေးမှာ ပြောဆိုလိုက်ပါတယ်။
Read More

မလှိုင်မြို့နယ်တွင် အသက်မပြည့်သေးသည့် ကလေးငယ်နှင့် မိခင်အပါ ၄ ဦးကို စစ်ကော်မရှင် သတ်ခဲ့၊ နွားထိုးကြီးနယ်ရှိ ဒေသခံ ၈ ဦးကိုလည်း ဓားစားခံအဖြစ် ဖမ်းဆီးကာ သတ်ဖြတ်သွား

မန္တလေးတိုင်း၊ မလှိုင်မြို့နယ်ထဲကို မိတ္ထီလာကနေထွက်လာတဲ့ စစ်ကော်မရှင်တပ်သားတွေဟာ စက်တင်ဘာ ၂၅ ရက်နေ့ ညပိုင်းလောက်မှာ အင်အား ၁၀၀ ကျော်နဲ့ စစ်ကြောင်းထိုးဝင်ရောက်လာခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
Read More

မွန်အားလုံးကို ကိုယ်စားမပြုနိုင်သည့် စစ်ကောင်စီ၏ လောင်းရိပ်မိ မွန်အမျိုးသားညီလာခံ

စစ်ကောင်စီနဲ့ အပစ်ခတ်ရပ်စဲရေး သဘောတူညီစာချုပ် (NCA) မှာ လက်မှတ်ရေးထိုးထားတဲ့ မွန်ပြည်သစ်ပါတီ (NMSP) နဲ့ စစ်ကောင်စီကျင်းပမယ့် ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်မယ်လို့ ကြေညာထားတဲ့ မွန်ညီညွတ်ရေးပါတီ (MUP) တို့ ဦးဆောင်ပြီး မွန်အမျိုးသားညီလာခံကို ကျင်းပခဲ့ပါတယ်။ 
Read More

စစ်ကိုင်းက ကြွယ်ပုံ ပျူရွာကို တော်လှန်ရေးတပ်ဖွဲ့တွေ ၃ ရက်ဆက် ဝင်ရောက် တိုက်ခိုက်

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ ကြွယ်ပုံ ပျူစောထီးရွာကို တော်လှန်ရေးတပ်ဖွဲ့တွေ ၃ ရက်ဆက် ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ YOUNG WOLF LOCAL PDF က ထုတ်ပြန်ထားပါတယ်။
Read More

ဒေါနတပ်ရင်းတွင် စစ်သားဘဝမှ PDF ရဲဘော်ဖြစ်လာသူ ၂၃ ဦးရှိပြီး စစ်ကောင်စီကို ပြန်လည်တိုက်ခိုက်နေ

မွန်ပြည်နယ်၊ ရေးမြို့နယ်အခြေစိုက် ခမရ ၅၉၁ က စစ်ကောင်စီတပ်သား ၂ ယောက် ဖေဖော်ဝါရီလ ၂၇ ရက်မှာ အလင်းဝင်ရောက်လာခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ဒေါနစစ်ကြောင်းက မနေ့က ထုတ်ပြန်ပါတယ်။
Read More

ရေကြီးမြေပြိုမှုကြောင့် သေဆုံးရသူတွေကို တစ်ဦးလျှင် ၁၀သိန်းအထိ ထောက်ပံ့နိုင်ခဲ့တယ်လို့ စစ်ကောင်စီဝါဒဖြန့်၊ မြေပြင်မှာ လူမှုကူညီရေးအဖွဲ့တွေရဲ့ လှူဒါန်းမှုတွေက အများဆုံးဖြစ်နေ

တစ်နိုင်ငံလုံးမှာ ရေကြီးမြေပြိုမှုတွေကြောင့် သေဆုံးပျောက်ဆုံးရသူ စုစုပေါင်း ၅၂၀ ကျော်သွားပြီဖြစ်ကြောင်း အာဏာသိမ်းစစ်တပ်ရဲ့ ဒုခေါင်းဆောင် စိုးဝင်းက ပြောပါတယ်။