ရှမ်းပြည်နယ်တောင်ပိုင်း ရွာငံမြို့နယ်အတွင်းမှာ စစ်တပ်နဲ့ ဒေသခံကာကွယ်ရေးတပ်တို့ အပြန်အလှန် ထိတွေ့ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး စစ်တပ်ဘက်မှ ထိခိုက်သေ‌ဆုံးသူတွေရှိတယ်လို့ DANU STATE NATIONAL DEFENCE ARMY တပ်ဖွဲ့က ဒီနေ့ နိုဝင်ဘာ ၁ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

‌အောက်တိုဘာ ၃၀ ရက် နေ့လယ် ၂ နာရီလောက်မှာ ရနဲကျေးရွာအနီး ရိက္ခာသယ်ပြီးပြန်လာတဲ့ စစ်ကော်မရှင်တပ်နဲ့ ကာကွယ်ရေးတပ်တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တာဖြစ်ပြီး၊ စစ်ကော်မရှင်တပ်ဘက်က ၂ ဦးသေဆုံး ၁ ဦးထိမှန်ဒဏ်ရာရကာ MA -1 တစ်လက်ကို သိမ်းဆည်းရရှိခဲ့တယ်လို့ ဆိုပါတယ်။

” ပွဲဖြစ်ချိန်က သိပ်မကြာလိုက်ဘူး ၅ မိနစ်လောက်ပဲ ပစ်ခတ်မှုကတော့၊ အင်အားတော့ အတိကျမသိရဘူးဗျ ၊ ရှေ့ကဆိုင်ကယ်သုံးစီးတော့ပါတယ်ဗျ၊ ကျန်တာတော့ခြေလျင်ပဲ” လို့ DSNA တပ်ဖွဲ့မှ သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ကိုကျားပျံက မောင်း သတင်းဌာနကို ပြောပါတယ်။

ပုံစာ – တိုက်ပွဲအတွင်းသိမ်းဆည်းရရှိသည့် လက်နက်

ပစ်ခတ်မှုအတွင်း စစ်ကော်မရှင်တပ်သားသေဆုံးတာနဲ့ ပတ်သက်ပြီး လက်နက်သွားရောက်ကောက်ယူတဲ့အချိန်မှာ သေဆုံးနေတဲ့ စစ်ကော်မရှင်တပ်သားရဲ့ ရုပ်အလောင်းကို တွေ့ရှိခဲ့တာဖြစ်တယ်လို့လည်း ဆိုပါတယ်။

ပစ်ခတ်မှုဖြစ်ပွားပြီးတဲ့နောက် စစ်ကော်မရှင်တပ်သားတွေဟာ မင်းပလောင်ဘက်ကို ပြန်လည်ဆုတ်ခွာသွားတယ်လို့ ဆိုပါတယ်။

“သတင်းရလို့ ကြိုစောင့်တာမျိုးတော့ မဟုတ်ဘူးဗျ၊ ကျနော်တို့ ခရီးတစ်ခုသွားရင်းနဲ့ အဲလိုမျိုး ထိပ်တိုက်တွေ့လိုက်တာ၊ ဒီစစ် **တွေ လာနေတာကို ကျနော်တို့ပွိုင့်က မြင်တာနဲ့ လမ်းဘေးကပ်ပြီးတော့ ပစ်ခတ်ခဲ့ကြတာ” လို့ သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ကိုကျားပျံက ဆက်ပြောပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၂၇ ရက်နေ့ကလည်း စစ်အင်အား ၂၀၀ ကျော်နဲ့ တောင်ဦးရွာကနေ ရနဲကျေးရွာဘက်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကော်မရှင်တပ်သားတွေကို DSNA တပ်ဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့သလို ၊ လက်နက်ငယ်များဖြင့်လည်း ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့လည်း ဆိုပါတယ်။

0 Shares:
You May Also Like
Read More

ညောင်လေးပင်ခရိုင်မှာ စစ်တပ် လက်နက်ကြီးကြောင့် အရပ်သား (၃) ယောက် ဒဏ်ရာရ၊ နေအိမ် (၃)လုံး၊ ထော်လာဂျီ (၁)စီးနဲ့ ဆိုင်ကယ် (၁) စီး ထိခိုက်ပျက်စီးခဲ့

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးငယ်(၁) ယောက်အပါအဝင် အရပ်သား (၃) ယောက် ဒဏ်ရာရရှိပြီး နေအိမ် (၃)လုံး၊ ထော်လာဂျီ (၁)စီးနဲ့ ဆိုင်ကယ်(၁)စီး ထိခိုက်ပျက်စီးခဲ့တယ်လို့  ကရင်အမျိုးသားအစည်အရုံး - KNU (ဗဟို) က ဒီနေ့ ထုတ်ပြန်ထားပါတယ်။
Read More

လားရှိုးမြို့ကို စစ်ကောင်စီက တစ်နာရီအတွင်း ၅ကြိမ် လေကြောင်းဗုံးကြဲတိုက်ခိုက်

ရှမ်းပြည်နယ်မြောက်ပိုင်းက ကိုးကန့်တပ်မတော် MNDAA ထိန်းချုပ်ထားတဲ့ လားရှိုးမြို့ကို အကြမ်းဖက်စစ်ကောင်စီက ဒီနေ့တစ်ရက်တည်းမှာ လေကြောင်းကနေ ၅ ကြိမ်အထိ ဗုံးကြဲချ တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံဆီက သိရပါတယ်။
Read More

ကော့ကရိတ်မြို့မှာ စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်ပွား၊ စစ်ကောင်စီတပ်က ၁၀ ဦးထက်မနည်း ထိခိုက်သေဆုံးပြီး တော်လှန်ရေးရဲဘော် ၁ ဦး ကျဆုံး…

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်ပွားရာစစ်ကောင်စီတပ်က ၁၀ ယောက် ထက်မနည်း ထိခိုက်သေဆုံးပြီး တော်လှန်ရေးရဲဘော် ၁ ယောက် ကျဆုံးခဲ့တယ်လို့ Special Operation Group - SOG က ထုတ်ပြန်ထားပါတယ်။
Read More

ရေဘေးသင့် ပြည်သူတွေကို ပဲခူးခရိုင် အမှတ် ၂ တပ်ရင်းက သွားရောက်ကူညီထောက်ပံ့ခဲ့

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ပဲခူးခရိုင် အမှတ် ၂ တပ်ရင်း - 3702 (PDF) တပ်ရင်းအနေနဲ့ စိုးမိုးနယ်မြေဒေသတွေအတွင်း ရေဘေးအန္တရာယ် ကျရောက်နေတဲ့ ကျေးရွာတွေ ၊ ရေဘေးရှောင်နေကြတဲ့ ကျေးရွာတွေက ဒေသခံပြည်သူတွေကို အားပေးစကားပြောကြားခြင်း ၊ အခြေခံစားသောက်ကုန်တွေ သွားရောက်ကူညီပေးခြင်းတွေကို တပ်ရင်း တာဝန်ရှိသူတွေနဲ့ တပ်ဖွဲ့ဝင်ရဲဘော်တွေက ကွင်းဆင်းကူညီဆောင်ရွက်နေတယ်လို့ သိရပါတယ်။
Read More

မန္တလေးက အိုးဝေသမားတစ်ယောက် လူရော အိုးဝေပါ ပျောက်ဆုံးနေ

မန္တလေးမြို့၊ မဟာအောင်‌မြေမြို့နယ်မှာ နေထိုင်တဲ့ အိုးဝေသမားတစ်ယောက်ဟာ ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၃ ရက် ညနေပိုင်းကနေ ဒီနေ့အချိန်ထိ ပျောက်ဆုံးနေတယ်လို့ မိသားစုဝင်နဲ့ နီးစပ်သူတွေထံက သိရပါတယ်။
Read More

သီတာယုမွန်စစ်ကြောင်းထံမှ သိန်း ၁ ထောင်ကျော် တန်ဖိုးရှိ တိုက်ခိုက်ရေး ဒရုန်း ၁ စီးကို နွားထိုးကြီး ပကဖ သိမ်းဆည်းရရှိ

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်မှာ ပျူခေါင်းဆောင် သီတာယုမွန် ရဲ့ အကြမ်းဖက်စစ်ကြောင်းထံက ၆ လက် ဒရုန်း ၁ စီးကို သိမ်းဆည်းရရှိခဲ့တယ်လို့ နွားထိုးကြီးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။