မကွေးတိုင်း မြို့သစ်မြို့မြောက်ဘက် မြို့အဝင်ရှိ အကြမ်းဖက်စစ်တပ်ဂိတ်အား အလစ်အငိုက် ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်သား ၅ ယောက်သေဆုံးခဲ့တယ်လို့ People’s Defence Force – Natmauk က ဒီကနေ့ညမှာ သတင်းထုတ်ပြန်ထားပါတယ်။

အောက်တိုဘာ ၂၉ ရက် ညပိုင်းက မြို့သစ်မြို့မြောက်ဘက်ခြမ်းရှိ အကြမ်းဖက်စစ်တပ်ဂိတ်ကို တော်လှန်ရေးပူးပေါင်းတပ်တွေက အလစ်အငိုက်ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ သိရတာပါ။

တိုက်ခိုက်မှုအတွင်း ဂိတ်အတွင်းရှိနေတဲ့ အကြမ်းဖက်စစ်ကော်မရှင်တပ်သား ၅ယောက် သေဆုံးခဲ့ပြီး၊ တော်လှန်ရေးတပ်ဖွဲ့ဝင်များ အန္တရယ်ကင်းစွာနဲ့ ဆုတ်ခွာနိုင်ခဲ့တယ်လို့လည်း သိရပါတယ်။

အဆိုပါဂိတ်ဟာ အရပ်သားပြည်သူတွေကို စစ်မှုထမ်းပေါ်တာဆွဲတာ၊ ပြည်သူတွေကို အကြောင်းအမျိုးမျိုးပြ နှိပ်စက်ငွေကောက်ခံတွေ လုပ်ဆောင်နေတဲ့အတွက် အခုလို တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ဒီအကြမ်းဖက်စစ်တပ်ဂိတ်ကို တိုက်ခိုက်ခဲ့မှုနဲ့ပတ်သက်ပြီး” စစ်ကူရောက်ဖို့ သုံးမိနစ်ခန့်သာ ကြာမြင့်တဲ့နေရာ ဖြစ်တာကြောင့် ပစ်ခတ်ရှင်းလင်းပြီး သတ်မှတ်အချိန်အတွင်း ပြန်လည်ဆုတ်ခွာခဲ့ပါတယ်။ လက်နက်ရရှိရေးကို ဦးစားပေးဆောင်ရွက်တာ မဟုတ်ဘဲ၊ ရဲဘော်တွေရဲ့ လုံခြုံရေးဦးစားပေး ဆောင်ရွက်တာကြောင့် ရဲဘော်တွေ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပါတယ်” လို့ နေပြည်တော်တိုင်း စစ်ဌာန အမှတ်-၉၀၂တပ်ရင်း ကပြောပါတယ်။

နေပြည်တော်တိုင်း စစ်ဌာန အမှတ်-၉၀၂တပ်ရင်းတဖြစ်လဲ နတ်မောက် PDF အနေနဲ့လည်း နေရာဒေသအချိန်မရွေး စစ်ရေးပစ်မှတ်တွေကို တိုက်ခိုက်နေချိန်ဖြစ်တာကြောင့် အရပ်သားတွေအနေနဲ့ အကြမ်းဖက် စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေရှိရာ အရပ်ဒေသတွေ၊ အထိုင်ချနေရာတွေနဲ့ နီးစပ်ရာနေရာမျိုးတွေမှာ နေထိုင်တာမျိုး မလုပ်ဆောင်ကြဖို့ကိုလည်း တိုက်တွန်းထားပါသေးတယ်။

ဒီတိုက်ခိုက်မှုကို နေပြည်တော်တိုင်းစစ်ဌာန အမှတ် ၉၀၂ တပ်ရင်း၊ ဗျူဟာအမှတ် ၁၇ အထူးလှုပ်ရှားစစ်ကြောင်းနဲ့ သရက်ခရိုင်တပ်ရင်း ၁ တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

Video-People’s Defence Force – Natmauk
0 Shares:
You May Also Like
Read More

ညောင်ခါးရှည်စစ်ဆေးရေးဂိတ်ကို ရှော့တိုက်ဒုံး ၃ လုံးနဲ့ ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

ပဲခူးတိုင်း ဝေါမြို့နယ် ညောင်ခါးရှည်ကျေးရွာအနီးရှိ အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ စစ်ဆေးရေး ဂိတ်ကို မတ်လ ၈ ရက် ယနေ့ နံနက်ပိုင်းက ရှော့တိုက်ဒုံး ၃ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဝေါမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ထံက သိရပါတယ်။
Read More

သာသနာရေးကား စီးနင်းလာသည့် ဒုရဲအုပ်အပါ ရဲ ၅ယောက်ကို ကြားဖြတ်တိုက်ခိုက်၊ ၃ယောက်သေပြီး ၂ယောက် ဒဏ်ရာရ (ရုပ်/သံ)

မကွေးတိုင်း၊ ဆင်ပေါင်ဝဲမြို့နယ် ကျောသာကျေးရွာနဲ့ သပြေစမ်းကျေးရွာကြားမှာ ဖေဖော်ဝါရီ ၂၄ ရက် နေ့လယ်ပိုင်းက ဒုရဲအုပ် ရန်နိုင်ဌေး ဦးဆောင်ကာ ရဲ ၅ ယောက် စီးနင်းလာတဲ့ သာသနာရေး နံပါတ်ပြားကပ်ယာဉ်ကို တော်လှန် ရေးတပ်တွေက အသင့်စောင့်ကြိုတိုက်ခိုက်ခဲ့တယ်လို့ သရက်ခရိုင်အမှတ် (၅)တပ်ရင်းထံက သိရပါတယ်။
Read More

စစ်အာဏာရှင်စနစ်ကို တွန်းလှန်ရင်း ကျဆုံးခဲ့ရသည့် ရဲဘော်များအတွက် DMO Local PDF အောက်မေ့ခြင်း အထိမ်းအမှတ်ပြုလုပ် (ရုပ်/သံ)

စစ်အာဏာရှင်စနစ်ကို တွန်းလှန်တိုက်ခိုက်ရင်း ကျဆုံးခဲ့ရတဲ့ ပြည်သူ့ကာကွယ်ရေးတပ် ဒီးမော့ဆို DMO Local PDF ရဲဘော်၊ ရဲမေတွေကို နိုဝင်ဘာ ၂ ရက်က သင်္ချိုင်းပွဲ (ကွယ်လွန်သောသူအတွက် အောက်မေ့ဖွယ်ရာနေ့) မှာ ဖယောင်းတိုင်မီးထွန်းခြင်း၊ မိစ္ဆာတောင်းဆိုခြင်းနဲ့ အလေးပြုခြင်းတွေ ပြုလုပ်ခဲ့ကြတယ်လို့ အဆိုပါတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
Read More

ရွှေဘိုမြို့နယ် တဂဏန်းကျေးရွာသို့ ဝင်ရောက်လာသည့် စစ်ကော်မရှင်တပ်သားများ ပိတ်ဆို့တိုက်ခိုက်ခံရပြီး ၇ ဦး သေ၊ ၄ ဦး အရှင်ဖမ်းမိ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့တောင်ဘက်ရှိ တဂဏန်းကျေးရွာသို့ ဝင်ရောက်လာတဲ့ စစ်ကော်မရှင်တပ် သားတွေကို ပိတ်ဆို့တိုက်ခိုက်ခဲ့ရာ ၇ ယောက် သေဆုံးပြီး ၄ ယောက်ဖမ်းဆီးရမိခဲ့တယ်လို့ ရွှေဘိုခရိုင် တပ်ရင်း-၂၆ က သတင်းထုတ်ပြန်ထားပါတယ်။
Read More

ကင်မ် ကီလို ၈၀ ပြေးသည့် Challenge တွင် ယူကေရောက်မြန်မာများ ပါဝင်အားဖြည့် (ရုပ်/သံ)

ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၀) ပြည့်မွေးနေ့ အထိမ်းအမှတ် Challenge အနေနဲ့ သားဖြစ်သူ ကင်မ်က ကီလို ၈၀ ပြည့်အောင် ပြေးနေပါတယ်။
Read More

တောင်တန်း၊ မြေပြန့်မှ တိုင်းရင်းသားတပ်ဖွဲ့များနှင့် ပူးပေါင်းကာ အကြမ်းဖက်စစ်တပ်ကို တိုက်ခိုက်နေသည့် Myingyan Black Tiger (ရုပ်/သံ)

တောင်တန်း၊ မြေပြန့်က တိုင်းရင်းသား EROs တပ်ဖွဲ့တွေနဲ့ ပူးပေါင်းကာ အကြမ်းဖက်စစ်တပ်ကို စစ်မျက်နှာပြင်များစွာ ဖြန့်ကျက်ပြီး တိုက်ခိုက်လျက်ရှိတယ်လို့ Myingyan Black Tiger က ဒီနေ့ ထုတ်ပြန်ထားပါတယ်။