မကွေးတိုင်း မြိုင်မြို့နယ် သရက်ကန်ပျူစောထီးရွာကနေ နွားစာလာရိတ်တဲ့ ပျူစောထီး ၁ ယောက် စနိုက်ဘာနဲ့ ပစ်ခတ်ခံရပြီး သေဆုံးခဲ့တယ်လို့ ပြည်သူ့လွတ်မြောက်ရေး တပ်ပေါင်းစုက သတင်းထုတ်ပြန်ထားပါတယ်။

ယနေ့ နိုဝင်ဘာ ၁ ရက် နံနက် ၈ နာရီခွဲဝန်းကျင်ခန့်မှာ မြိုင်မြို့နယ်တောင်ပိုင်း သရက်ကန်ပျူစောထီး ရွာအနောက်ဘက်ရှိ မြေပဲခင်းကို နွားစာရိတ်ထွက်လာတဲ့ ပျူစောထီး ၁ ယောက်ကို စနိုက်ဘာနဲ့ ပစ်ခတ်ခဲ့တယ်လို့ သိရတာပါ။

တိုက်ခိုက်ခံရတဲ့ ပျူစောထီး သိန်းတန်ဟာ နေရာမှာပဲ သေဆုံးခဲ့ပြီး နှစ်ဘက်အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့ကာ တော်လှန်ရေးရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွါနိုင်ခဲ့တယ်လို့ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုကို ပြည်သူ့လွတ်မြောက်ရေးတပ်ပေါင်းစု – PLC ၊ မြိုင် ပ.က.ဖ တပ်ရင်း -၁ တပ်ခွဲ -၁၊တပ်ခွဲ -၄ (စကြာ်)၊ ဒေါင်းမာန်တပ်ဖွဲ့၊ အညာမြေတပ်ပေါင်းစု၊ဝံပုလွေပြောက်ကျားတပ်ဖွဲ့၊ ဒေါင်းညီနောင်တပ်ဖွဲ့ နှင့် TYK ပြောက်ကျားတပ်ဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သိ ရပါတယ်။

Video-ပြည်သူ့လွတ်မြောက်ရေး တပ်ပေါင်းစု – P L C
0 Shares:
You May Also Like
Read More

မိုးဗြဲမြို့အတွင်း စစ်ကောင်စီတပ်သားများ စစ်ကြောင်းထိုးဝင်ရောက်ပြီး အရပ်သားနေအိမ်များကို မီးရှို့ဖျက်ဆီး (ရုပ်/သံ)

ရှမ်း-ကရင်နီနယ်စပ် မိုးဗြဲမြို့အတွင်း စစ်ကောင်စီတပ်က စစ်ကြောင်းထိုးဝင်ရောက်ပြီး အရပ်သား နေအိမ်တွေကို မီးရှို့ဖျက်ဆီးလျက်ရှိတယ်လို့  Karenni Nationalities Defence Force (KNDF) ထံက သိရပါတယ်။
Read More

YARMA BRIGADE အပတ်စဉ်-၂ သင်တန်းသားများ၏ အခြေခံစစ်ပညာ လေ့ကျင့်ရေးပုံရိပ်များ (ရုပ်/သံ)

မတရားအာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီကို တော်လှန်တိုက်ခိုက်ဖို့ စိတ်ပိုင်းဖြတ်ထားတဲ့ YARMA BRIGADE အပတ်စဉ်-၂ သင်တန်းသားတွေရဲ့ အခြေခံစစ်ပညာ လေ့ကျင့်ရေးပုံရိပ်တွေကို သထုံခရိုင် PDF တပ်မဟာ ၁၊ တပ်ရင်းအမှတ်-၇၈၀၅ တပ်ခွဲ-၅ (YARMA BRIGADE) က ထုတ်ပြန်လိုက်ပါတယ်။
Read More

နွားထိုးကြီးမြို့ တော်လှန်ရေးရဲဘော်တွေနဲ့ ပြည်သူများက ဗိုလ်ချုပ်ကြေးရုပ်မှာ ဒေါ်အောင်ဆန်းစုကြည်အသက် (၈၀)ပြည့်မွေးနေ့အထိမ်းအမှတ်ပြုလုပ် (ရုပ်/သံ)

မန္တလေးတိုင်း နွားထိုးကြီးမြို့နယ် ဗိုလ်ချုပ်ကြေးရုပ်မှာ ဒေါ်အောင်ဆန်းစုကြည် အသက် (၈၀) ပြည့် မွေးနေ့အထိမ်းအမှတ် တော်လှန်ရေးရဲဘော်တွေနဲ့ ပြည်သူများက မွေးနေ့ဆုတောင်းပွဲပြုလုပ်ခဲ့ တယ်လို့ သိရပါတယ်။
Read More

စစ်ကော်မရှင် မတရားဖမ်းဆီးထောင်ချထားသည့် ရွှေဝါရောင်ဆရာတော် ဦးဇင်းနတ်ဇော ပြန်လည်လွတ်မြောက်လာ (ရုပ်/သံ)

စစ်ကော်မရှင် မတရားဖမ်းဆီးထောင်ချထားတဲ့ ဆရာတော်အရှင်ပညာဇေတ (ဦးဇင်နတ်ဇော) ဟာ အောက်တိုဘာ ၃၁ ရက်မှာ Buffalo မြို့ မေတ္တာပါရမီကျောင်းသို့ ရောက်ရှိလာတော့မှာဖြစ်ကြောင်း ကဗျာဆရာအောင်ဝေးက လူမှုကွန်ရက်မှ အသိပေးထားပါတယ်။
Read More

စစ်ရေးအသာစီးရနေတယ်လို့ စစ်ကောင်စီဘက်က ဝါဒဖြန့်ထားတဲ့ ဗန်းမော်မြို့နယ်ရှိ အမှတ် ၅၀၁၄ တင့်ကားတပ်ရင်း ကို KIA ပူးပေါင်းတပ်တွေ သိမ်းပိုက် (ရုပ်/သံ)

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်က စစ်ကောင်စီတပ်ရဲ့ အမှတ် ၂၁ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ ၂၁) လက်အောက်ခံ အမှတ် ၅၀၁၄ တင့်ကားတပ်ရင်းကို ကချင်လွတ်လပ်ရေးတပ် မတော် KIA နဲ့ ပူးပေါင်းတပ်တွေက အပြီးသတ် တိုက်ခိုက်သိမ်းပိုက်လိုက်ပြီဖြစ်တယ်လို့ သိရပါတယ်။
Read More

ကိုရီးယားနိုင်ငံတွင် ၈ လေးလုံး ကမ္ဘာလုံးဆိုင်ရာ ထီးသပိတ်ပြုလုပ် (ရုပ်/သံ)

(၃၇) နှစ်မြောက် ၈ လေးလုံး အထိမ်းအမှတ် ကမ္ဘာလုံးဆိုင်ရာထီးသပိတ်လှုပ်ရှားမှုကို ကိုရီးယားနိုင်ငံမှာ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။