မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်တောင်ပိုင်း၊ သရက်ကန်ပျူရွာက သိန်းတန် အမည်ရှိ ပျုစောထီးတစ်ယောက်ဟာ နွားစာရိတ်ဖို့ ထွက်လာချိန်မှာ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေရဲ့ စနိုက်ဘာနဲ့ ပစ်ခတ်ခြင်းကို ခံခဲ့ရပြီး၊ ကျည်ထိမှန်သေဆုံးသွားတယ်လို့ ပြည်သူ့လွတ်မြောက်ရေးတပ်ပေါင်းစု- PLC တပ်ဖွဲ့ထံမှ သိရပါတယ်။

နိုဝင်ဘာ ၁ ရက်၊ ဒီကနေ့ မနက် ၈ နာရီကျော်လောက်မှာ အဲဒီပျုစောထီးတပ်သားဟာ သရက်ကန်ပျုရွာ အနောက်မြောက်ဖက်ခြမ်းရှိ မြေပဲခင်းဆီကို နွားစာရိတ်ဖို့ ထွက်လာချိန်မှာ စနိုက်ဘာနဲ့ ပစ်ခတ်ခံရတာဖြစ်ပြီး ရင်ဘတ်ကိုထိမှန်ကာ သေဆုံးသွားတယ်လို့ သိရတာပါ။

ပျုစောထီး သိန်းတန် စနိုက်ဘာနဲ့ အပစ်ခံရပြီးနောက် ရွာထဲမှာရှိတဲ့ အခြားပျုစောထီးများ စစ်ကူထွက်လာတဲ့အတွက် အဆိုပါနေရာမှာ အပြန်အလှန်ထိတွေ့ပစ်ခတ်မှု ဖြစ်ပွားခဲ့ပေမဲ့ ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ဝင်များ အထိခိုက်မရှိ ပြန်လည်ဆုတ်ခွာလာနိုင်ခဲ့တယ်လို့ သိရပါတယ်။

ပုံစာ- တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦး စနိုက်ဘာနဲ့ ပစ်ခတ်နေစဥ်

“ထွက်လာမယ့် ပျူစောထီးကို စောင့်ကြိုရှင်းလင်းဖို့ပဲ ရည်ရွည်ထားတာမို့ ရည်မှန်းချက်ပြည့်ပြီးတာနဲ့ မိနစ်ပိုင်းထိတွေ့မှုယူပြီး အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပါတယ်၊ ထိတွေ့မှုက သရက်ကန်ပျူရွာရဲ့ အနောက်မြောက်ဖက်ခြမ်းမှာ ဖြစ်တာပါ” လို့ ပြည်သူ့လွတ်မြောက်ရေးတပ်ပေါင်းစု – PLC တာဝန်ခံ ကိုမိုးက မောင်းသတင်းဌာနကို ပြောပါတယ်။

ဒီတိုက်ခိုက်မှုကို ပြည်သူ့လွတ်မြောက်ရေးတပ်ပေါင်းစု – PLC ၊မြိုင် ပ.က.ဖ တပ်ရင်း -၁ တပ်ခွဲ -၁၊တပ်ခွဲ -၄ (စကြာ်)၊ ဒေါင်းမာန်တပ်ဖွဲ့၊ အညာမြေတပ်ပေါင်းစု၊ဝံပုလွေပြောက်ကျားတပ်ဖွဲ့၊ ဒေါင်းညီနောင်တပ်ဖွဲ့ နဲ့ TYK ပြောက်ကျားတပ်ဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ကြတာ ဖြစ်ပါတယ်။

အဆိုပါ သရက်ကန်ပျုရွာကို ကာကွယ်ရေးတပ်ဖွဲ့တွေက ရိက္ခာဖြတ်တောက်ထားတာ ၁ နှစ်ကျော်ခန့်ရှိပြီလို့လည်း သိရပါတယ်။

“သူတို့ဆီကို စစ်ကြောင်းရိက္ခာ မရောက်တာ ၁ နှစ်ကျော်လောက်ရှိနေပြီ၊ Y 12 နဲ့ ရိက္ခာချတာမျိုးတွေတော့ ရှိတယ်၊ သူတို့ ရိက္ခာမလောက်လို့ ဆန်ပြုတ် ပြုတ်စားနေရတယ်လို့ သိထားပါတယ်” လို့ အဆိုပါတာဝန်ခံ ကိုမိုးက ဆက်ပြောပါတယ်။

ပြည်သူ့လွတ်မြောက်ရေးတပ်ပေါင်းစု – PLC တပ်ဖွဲ့ဟာ အဆိုပါပျုစောထီးရွာတွေကို မကြာခဏသွားရောက်ပစ်ခတ်တယ်လို့လည်း ဆိုပါတယ်။ စက်တင်ဘာ ၂၄ ရက်နေ့မှာ သရက်ကန်ရွာက ပျူတစ်ယောက်ကို အခုလိုပဲ သွားရောက်ပစ်ခတ်ခဲ့သလို၊ စက်တင်ဘာ ၂၈ ရက်နေ့မှာလည်း တွင်းမပျူရွာက စစ်ကော်မရှင်တပ်သား ၃‌ ယောက်ကို ပစ်ခတ်ရှင်းလင်းခဲ့ပြီး MA ၁ တစ်လက်ကို သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ဂန့်ဂေါမြို့နယ်မှာ ကာကွယ်ရေးတပ်ဖွဲ့များ ဖမ်းဆီးထိန်းသိမ်းထားသည့် အချုပ်သားတစ်ဦး ထွက်ပြေးလွတ်မြောက်သွား…

မကွေးတိုင်း ၊ ဂန့်ဂေါမြို့နယ်ရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ ဖမ်းဆီးထိန်းသိမ်းထားတဲ့ အချုပ်သားတစ်ယောက် ထွက်ပြေးလွတ်မြောက်သွားတယ်လို့ Gan Gaw New Media မှ တာဝန်ရှိသူက မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

ကျိုက်ထိုမှာ စစ်ကောင်စီတပ် လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုကြောင့် အရပ်သား ၇ ယောက် ထိခိုက်ဒဏ်ရာရ… ဘီးလင်းမှာ စစ်ကောင်စီတပ်က တိုက်လေယာဥ်၊ ဒရုန်းတွေအပြင် လက်လုပ်အသေခံဒရုန်းတွေနဲ့ပါ ပြည်သူတွေကို တိုက်ခိုက်…

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်နဲ့ ဘီးလင်းမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ လေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် အရပ်သား ၇ ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ကရင်အမျိုးသားအစည်အရုံး - KNU (ဗဟို) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ပုလောမြို့နယ်၊ တောင်ယာကမ်းကျေးရွာရှိ အကြမ်းဖက်စစ်တပ်ကို သွားရောက် တိုက်ခိုက်၊ ၂ ယောက် သေပြီး ၃ ယောက် ပြင်းထန်ဒဏ်ရာရ

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ တောင်ယာကမ်းကျေးရွာရှိ အကြမ်းဖက်စစ်တပ်ကို သွားရောက် တိုက်ခိုက်ရာ စစ်တပ်က ၂ ယောက် သေဆုံးပြီး ၃ ယောက် ပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့ KNLA တပ်မဟာ ၄ အထူးတပ်ဖွဲ့က မနေ့က ညပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

၅ ရက်အတွင်းမှာ စစ်ကောင်စီတပ်သား ၂၃ ဦးကို CDF-Asho ဖမ်းဆီးရမိ

ချင်းပြည်နယ်၊ နတ်ရေကန်လေကြောင်းရန် ကာကွယ်ရေးတပ် (ဗျူဟာကုန်း) အနီးတဝိုက်ကနေ စစ်ကောင်စီတပ်သား ၂၃ ယောက် ၅ ရက်တာအတွင်းမှာ ဖမ်းဆီးရမိခဲ့တယ်လို့ ချင်းကာကွယ်ရေးတပ်-အရှို (CDF-Asho) က ဒီနေ့ သတင်းထုတ်ပြန်ပါတယ်။ 
Read More

ကော်သူးလေအုပ်ချုပ်နယ်မြေတွင် ပြုလုပ်သည့် ကရင့်အမျိုးသားအာဇာနည်နေ့ (ဓာတ်ပုံသတင်း)

သြဂုတ်လ ၁၂ရက် ဒီနေ့မှာ ကျရောက်တဲ့ ၇၅ နှစ်မြောက် ကရင့်အမျိုးသားအာဇာနည်နေ့အတွက် ဂုဏ်ပြုပွဲအခမ်းအနားကို KNU ကော်သူးလေအုပ်ချုပ်နယ်မြေ၊ မြိတ်-ထားဝယ်ခရိုင်၊ တပ်မဟာ (၄) ဌာနချုပ် မယ်သမီခီး (ထီးခီး) မှာ ပြုလုပ်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU က ထုတ်ပြန်ပါတယ်။