စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့နယ် အနောက်ခြမ်းက သီလုံး ပျူရွာကို တော်လှန်ရေးတပ်ဖွဲ့များက ဒရုန်းနဲ့ ဗုံးသီးကျဲချ တိုက်ခိုက်ခဲ့လို့ ပျုခေါင်းဆောင် ၁ဦး သေဆုံးပြီး၊ ပျူစောထီး ၄ဦး ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ Shwebo Crocodile က သတင်းထုတ်ပြန်လိုက်ပါတယ်။

ဒီတိုက်ခိုက်မှုကို ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၈ ရက်နဲ့ ၂၉ ရက်နေ့တို့မှာ ပြလုပ်ခဲ့တာဖြစ်ပြီး ဒရုန်းနဲ့ ဗုံးသီး ၄၅ လုံး ကြဲချတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

“ကျွန်တော်တို့က ပျူရွာက ကင်းစခန်းတွေကို တိုက်ခိုက်တာပေါ့နော်။ အဲ့မှာ ပျူခေါင်းဆောင် ဝင်းဇော်အောင် ထိသွားပြီး ၄ဦးလည်း ထိခိုက်ဒဏ်ရာရသွားပါတယ်။ ဒီပျူရွာတွေက အာဏာသိမ်းပြီးကာလ အစထဲက ပျူရွာ စတည်တာပေါ့နော်။ စစ်တပ်နဲ့ ပျူစောထီး ပေါင်းထိုင်ပါတယ်။ အင်အားက ရွာထဲမှာ ၈၀ လောက်ရှိတယ်” လို့ Shwebo Crocodile အဖွဲ့ခေါင်းဆောင် ဗိုလ်မိကျောင်းက မောင်းကို ပြောပါတယ်။
တော်လှန်ရေးတပ်ဖွဲ့များရဲ့ တိုက်ခိုက်ခံရပြီးနောက် ဇီးဖြူကုန်း ပျူရွာကနေ တပ်ကူတွေ ရောက်လာပြီး RPGဖြင့် ကောင်တာပြန်ပစ်ခဲ့ပေမဲ့ တော်လှန်ရေးရဲဘော်များ အထိခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။

သေဆုံးသွားတဲ့ ပျူခေါင်းဆောင် ဝင်းဇော်အောင်ကို ဒီကနေ့ နိုဝင်ဘာလ ၁ ရက်နေ့၊ မွန်းလွဲ ၂ နာရီအချိန်မှာ နာရေးလုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

အဆိုပါတိုက်ခိုက်မှုကို ရွှေဘိုခရိုင်အမှတ်(၄) တပ်ရင်း ဦးဆောင်ပြီး ရွှေဘိုမြို့နယ်ပြည်သူ့လုံခြုံရေးတပ်ဖွဲ့၊ Shwebo Crocodile ၊ ဒေါင်းမာန်ပြည်သူ့ကာကွယ်ရေးအဖွဲ့ ၊ FIFတောင်သူ့လွတ်မြောင်ရေးအင်အားစု၊ ဒေါင်းစစ်သည်အဖွဲ့တို့ ပူးပေါင်းဖော်ဆောင်ခဲ့တာဖြစ်ပြီး ဆက်လက်ပြီးလည်း စစ်တပ်ထောက်တိုင် ပျူစောထီးတွေကို တိုက်ခိုက်သွားမယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
0 Shares:
You May Also Like
Read More

ခင်ဦးမြို့နယ်မှာ တန်ဆောင်တိုင်အထိမ်းအမှတ် NUG အုပ်ချုပ်ရေးပိုင်း တာဝန်ရှိသူတွေက ပကဖ ရဲဘော်တွေကို အခြေခံ နိုင်ငံရေးသဘောတရားတွေ၊ ဆုံးမသြဝါဒစကားတွေ ပြောကြားခဲ့

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်မှာ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ မြို့နယ်အုပ်ချုပ်ရေးပိုင်း တာဝန်ရှိသူတွေက ပြည်သူ့ကာကွယ်ရေးအဖွဲ့ရှိ ရဲဘော်တွေကို တွေ့ဆုံပြီး အခြေခံ နိုင်ငံရေးသဘောတရားတွေ၊ ဆုံးမသြဝါဒစကားတွေ ပြောကြားခဲ့တယ်လို့ ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးက ထုတ်ပြန်ပါတယ်။
Read More

စစ်ကောင်စီရဲ့ ရွှေစျေးနှုန်းထိန်းချုပ်ရေးက မှောင်ခိုစျေးကွက်ကိုသာ ကြီးထွားစေနိုင်

စစ်ကောင်စီက ရွှေစျေးကွက်ကို ဝင်ထိန်းပြီး ရွှေဆိုင်တွေ လိုင်စင်ပြန်လျှောက်ရမယ်လို့ ပြောလာခြင်းက ပြင်ပမှောင်ခိုစျေးကွက်ကိုသာ ကြီးထွားလာစေန်ိုင်ကြောင်း ရွှေလုပ်ငန်းရှင်တွေက ပြောပါတယ်။
Read More

စလင်းမြို့ပေါ်မှာ ပကဖ ရဲဘော်များက ကင်းလှည့်ကာ  ရှောင်တခင် စစ်ဆေး၊ ဆင်ဖြူကျွန်း-တညောင်လမ်းပိုင်းကို ပြန်လည်အသုံးပြုနိုင်ကြောင်း ထုတ်ပြန်

မကွေးတိုင်း၊ စလင်းမြို့ပေါ်မှာ ပြည်သူ့ကာကွယ်ရေးအဖွဲ့ - စလင်းက ခရီးသွားပြည်သူတွေကို လုံခြုံရေးအရ ရှောင်တခင် စစ်ဆေးမှုတွေ ပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က မနေ့က ထုတ်ပြန်ထားပါတယ်။
Read More

ငလျင်ဘေးသင့် ဒေသများကို ထွေအုပ်ရုံးများမှတဆင့် လှူဒါန်းဖို့ စစ်ကောင်စီ ထုတ်ပြန်

ကျန်းမာရေးရှုထောင့် အကြောင်းပြကာ ငလျင်ဘေးသင့်ဒေသတွေမှာ ကုန်ခြောက်တွေကိုသာ ထွေအုပ်ရုံးတွေကတဆင့် လှူဒါန်းဖို့ အာဏာသိမ်း စစ်ကောင်စီက ထုတ်ပြန်ပါတယ်။
Read More

ကနီပညာရေးတာ၀န်ခံ မတရား သတ်ဖြတ်ခံရမှု အမှုမှန်ပေါ်ပေါက်ရေး တောင်းဆို လှုပ်ရှားမှု (ဓာတ်ပုံသတင်း)

ယင်းမာပင်ခရိုင် ကနီမြို့နယ် ပညာရေးတာဝန်ခံ မတရားသတ်ဖြတ်ခံရမှု အမှုမှန်ပေါ်ပေါက်ရေး၊ CDM များ လုံခြုံမှုရှိရေး ရေဦးမြို့နယ် ‌ကြားကာလတက္ကသိုလ်ကျောင်းသူကျောင်းသားများက တောင်းဆိုဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။
Read More

၄ နှစ်တာအတွင်း စစ်ကောင်စီကို အင်တာနက်ပေါ်မှာ ဝေဖန်မှုကြောင့် အရပ်သားပြည်သူ ၁၈၀၀ ကျော် ဖမ်းဆီးခံခဲ့ရ

စစ်အာဏာသိမ်းမှု သက်တမ်း ၄ နှစ်တာအတွင်း အာဏာသိမ်းစစ်တပ်ကို လူမှုကွန်ယက်ပေါ်မှာ ဝေဖန်ပြောဆိုခဲ့တဲ့ အရပ်သားပြည်သူ ၁၈၀၀ ကျော် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရကြောင်း Data For Myanmar က အသိပေးထုတ်ပြန်ပါတယ်။