ကရင်ပြည်နယ် ကော့ကရိတ်မြို့ဖက်ကို စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်တပ်စစ်ကြောင်းနဲ့ တော်လှန်ရေးပူးပေါင်းတပ်တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားရာ စစ်သား ၈ ယောက်ကျော် သေဆုံးပြီး လက်နက်တချို့ သိမ်းဆည်းရမိခဲ့တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေထံက သိရပါတယ်။

ဒီကနေ့ နိုဝင်ဘာလ ၁ ရက်နေ့၊ မနက်အစောပိုင်းမှာ ကော့ကရိတ်မြို့ဖက်ကို အကြမ်းဖက်စစ်တပ်က စစ်ကြောင်းထိုးလာခဲ့ပြီး၊ ထိဖိုးစံ နေရာအရောက်မှာ တော်လှန်ရေးပူးပေါင်းတပ်တွေနဲ့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ သိရတာပါ။

နှစ်ဘက်တိုက်ပွဲ အပြင်းအထန်ဖြစ်ပွားခဲ့ပြီး အကြမ်းဖက်စစ်သား အလောင်း ၈လောင်းနဲ့ လက်နက်တချို့ကို သိမ်းဆည်းရမိခဲ့တယ်လို့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဝင်များထံမှ သိရပါတယ်။

Video – ပေးပို့
0 Shares:
You May Also Like
Read More

ဆားလင်းကြီးမြို့နယ် မီးလောင်ပြင်တစ်နေရာက အညာပစ်တိုင်းထောင်လေးများ၏ တော်လှန်သင်္ကြန်သံချပ် အပိုင်း(၂)

အညာပစ်တိုင်းထောင်လေးများအဖွဲ့က သဘာဝဘေးဖြစ်တဲ့ ငလျင်၊ အမေ့လျော့ခံ CDM များ၊ ပျူရွာပေါတဲ့ မင်းကင်းနယ် စစ်ရှောင်၊ စကစ၏ ယုတ်မာမှုများ၊ NUG အစိုးရယန္တရား၏ အလွဲများ စသည့်အကြောင်းအရာတွေနဲ့ တော်လှန်သံချပ် ဖျော်ဖြေမှုကို အခုလိုပဲ နားဆင်ရမှာဖြစ်ပါတယ်။
Read More

ထားဝယ်အထူးစီးပွားရေးဇုန်သို့ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေ ၂ ရက်တာ တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၈ ယောက် သေ (ရုပ်/သံ)

တနင်္သာရီတိုင်း ထားဝယ်ခရိုင် ရေဖြူမြို့နယ် နဘုလယ်ဒေသ လဲရှောင်ကျေးရွာ ခြေတော်ရာဘုရား အနီး ထားဝယ်အထူးစီးပွားရေးဇုန်သို့ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေ ၂ ရက်တာ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ Launglone Peninsula Force ထံက သိရပါတယ်။
Read More

တော်လှန်ရေးတပ်များ သိမ်းပိုက်ထားသည့် အကြမ်းဖက်စစ်တပ်၏ ဖလမ်းတပ်ကုန်း မြေအောက်လှိုဏ်ဂူ (ရုပ်/သံ)

ချင်းပြည်နယ် ဖလမ်းမြို့ကို တော်လှန်ရေးတပ်တွေ တိုက်ခိုက်သိမ်းပိုက်စဉ် အကြမ်းဖက်စစ်သားတွေ ပုန်းအောင်းခဲ့တဲ့ ခလရ ၂၆၈ တပ်ကုန်းမြေအောက်လှိုဏ်ဂူမြင်ကွင်းကို CNDF TTC Camp က ထုတ်ပြန်လိုက်ပါတယ်။
Read More

SOUTHERN YSO PDF တပ်ဖွဲ့ရဲ့ အခြေခံစစ်သင်တန်းနဲ့ အထူးလှုပ်ရှားတိုက်ခိုက်ရေး သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပပြီးစီး (ရုပ်/သံ)

တပ်ဖွဲ့ဝင်များရဲ့ စစ်ရေးစွမ်းရည်၊ စည်းကမ်းလိုက်နာမှုနှင့် နိုင်ငံရေးခံယူချက်များကို ပိုမိုခိုင်မာစေရန် ရည်ရွယ်ပြီး အပတ်စဉ် ၉/၂၀၂၆ အခြေခံစစ်သင်တန်းနဲ့ အထူးလှုပ်ရှားတိုက်ခိုက်ရေးသင်တန်းကို အောင်မြင်စွာ ပြုလုပ်နိုင်ခဲ့တယ်လို့ SOUTHERN YSO PDF တပ်ဖွဲ့မှ  ထုတ်ပြန်လိုက်ပါတယ်။
Read More

အင်းတော်မြို့ ဂျပန်လှိုဏ်ဂူအား ပြင်ဦးလွင်ခရိုင်ရဲဘော်များ တိုက်ခိုက်သိမ်းပိုက်ခဲ့မှု (ရုပ်/သံ)

စစ်ကိုင်းတိုင်း အင်းတော်မြို့ရှိ အကြမ်းဖက်စစ်ကောင်စီတပ် ခံစစ်ပြင်ထားတဲ့ ဂျပန်လှိုဏ်ဂူကို ပြင်ဦးလွင်ခရိုင် အမှတ် - ၅၀၉ ၊ အမှတ် - ၅၁၀ ၊ အမှတ် - ၅၁၂နဲ့ ပြင်ဦးလွင်ခရိုင်တပ်ရင်း - ၁၊ တပ်ရင်း -၂ ရဲဘော်တွေ တိုက်ခိုက်သိမ်းပိုက်ခဲ့တဲ့ မှတ်တမ်းရုပ်သံ facebook လူမှုကွန်ရက်စာမျက်နှာမှာ ပျံ့နှံ့လာပါတယ်။
Read More

Yawland Operation စစ်ဆင်ရေးအဖြစ် ပျူစခန်းနဲ့ စစ်တပ်စခန်းတွေ တိုက်ခိုက်မှု စစ်ကော်မရှင်တပ်သား ၄၂ ဦးသေဆုံးပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိ (ရုပ်/သံ)

ဂန့်ဂေါခရိုင်စစ်ဌာနမှ Yawland Operation စစ်ဆင်ရေးဖြစ် ယောဒေသအတွင်း ပျူစခန်းနဲ့ စစ်တပ်စခန်းတွေကို တိုက်ခိုက်ခဲ့ရာ စစ်ကော်မရှင်တပ်သား ၄၂ ဦးသေဆုံးပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ ယောအလင်း တန်းမှ ယနေ့ညပိုင်းက သတင်းထုတ်ပြန်ထားပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၇ ရက်က မင်းကင်းမြို့နယ် ဝင်ဝပျူစခန်း၊ လယ်ကြီးအနောက်ပျူစခန်း၊ မြောက် ခင်ရမ်းပျူစခန်း၊ ရွှေမြစ်သာပျူစခန်းနဲ့ တောကျောင်းကာကင်းစခန်းတွေကို တော်လှန်ရေးပူးပေါင်း တပ်တွေက တစ်ပြိုင်နက် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး ဝင်ဝပျူစခန်းကို သိမ်းပိုက်နိုင်ခဲ့တယ်လို့ သိရပါတယ်။